Taw Okkgar Acca Congratulation! all FM (Advance) participants. I - TopicsExpress



          

Taw Okkgar Acca Congratulation! all FM (Advance) participants. I appreciate that you all are actively participated and enthusiastic in discussions. The group presentations are also really excellent that I am still waiting for your detailed reports which is the detailed extension of your presentation. Sorry for fail to announce in ceremony that the First Prize is won by KO AUNG THET for his excellent marks in all subjects. Congratulation KO AUNG THET, be success in your accounting professional! ကျေးဇူးတင်ပါတယ် ဆရာ ကျွန်တော့် စိတ်ထဲ တကယ့်ကို မျှော်လင့်မထားခဲ့ပါဘူး.။ ရိုးရိုး အတန်းမှာတုန်းကတော့ အများကြီး မျှော်လင့်ခဲ့ဖူးပါတယ်.။ ဒါပေမယ့် အခြေနေအကြောင်းကြောင်းတွေကြောင့် လွဲခဲ့ရဖူးတော့... မိမိကိုယ်တိုင် ယုံကြည်မူ ပျောက်ဆုံးခဲ့ပါတယ်.။ ဘယ်လိုမှကို ထင်မထားဘဲ ရရှိခဲ့တယ့်ဆုကို အတွက် အတိုင်းမသိ ၀မ်းမြောက်မိပါတယ်.။ တစ်ခုတည်းသော ပြင်းပြနေတယ့် စိတ်ဆန္ဒကတော့ ကျွန်တော် ဘာတွေကို ဘယ်လိုကြိုးစားခဲ့တယ်ဆိုတာကို အသေးစိတ်ပြန်သိချင်နေတာပါပဲ.။ လွတ်လပ်စွာဖြေဆိုခဲ့တယ့် ကျွန်တော့ရဲ့ အဖြေလွှာတွေကို စစ်ဆေးအမှတ်တွေ ပေးခဲ့ကြတယ့် ဆရာဆရာမ အပေါင်းကိုလည်း ဒီနေရာကနေ ဦးညွှတ် ကန်တော့ပါတယ် ခင်ဗျား.။ ဆုပေးပွဲရှိတယ်ဆိုတာကို သိပေမယ့် မတက်ဖြစ်ခဲ့တာတော့ ကျွန်တော့ဖေဖေ နေမကောင်းဖြစ်နေလို့ပါ.။ စိုးရိမ်ရတယ့်အခြေနေပါ.။ အဲ့ဒီအတွက်ကြောင့် ကျွန်တော်လည်း မန္တလေးဆေးရုံမှာ ရောက်နေခဲ့ပါတယ်.။ သူငယ်ချင်းများအားလုံးကို သတိတရ ရှိကြောင်းနဲ့ ဆုပေးပွဲကို မိဘရဲ့ ကျန်းမာရေး စိုးရိမ်နေရတယ့်အတွက် မတတ်ဖြစ်ခြင်းကို သင်တန်းမှ တာဝန်ရှိသူများနဲ့ ဆရာဆရာမများကို တောင်းပန်ပါရစေခင်ဗျာ..။ ခန်းမကြီးထဲမှာ ကျွန်တော့်ရဲ့ နာမည်ခေါ်သံကို ကျွန်တော် ကြားချင်လိုက်တာဗျာ.....။ ဘာဆုကိုမှ မမှန်းဘဲနဲ့ စိတ်ထဲ အရှိတိုင်း လွတ်လပ်စွာ ဖြေဆိုခဲ့လို့.... ဆုရခဲ့တယ်လို့ ထင်တာပါပဲလေ... ။ အားလုံးကို သတိရလျက်ပါ သူငယ်ချင်းတို့ရေ.....
Posted on: Tue, 24 Sep 2013 19:58:03 +0000

Trending Topics



Recently Viewed Topics




© 2015