Youtube ကနေ cover songs တွေဆိုရင်း - TopicsExpress



          

Youtube ကနေ cover songs တွေဆိုရင်း နာမည်ကြီး လာတဲ့ ညီအစ်မ ခြောက်ယောက်နဲ့ ဖွဲ့ထားတဲ့ Cimorelli အဖွဲ့ရဲ့ Made in America သီချင်းကို ဒီနေ့ Song of the Day အဖြစ် ရွေးထားပါတယ်။ Christina, Katherine, Lisa, Amy, Lauren, နဲ့ Dani တို့နဲ့ ဖွဲ့ထားတဲ့ Cimorelli က၂၀၁၂ရဲ့ "Choice Web Star" အဖြစ် နာမည်သွင်း ခံခဲ့ရပြီး Ryan Seacrest ရဲ့ "The Bieber-Off" ပြိုင်ပွဲမှာ အနိုင်ရ ခဲ့ပါတယ်။ ဒီနေ့သီချင်း Made in America ကအပျော်တမ်း ကနေ professional အဆင့်ကို တက်လာတဲ့ သီချင်းဖြစ်ပြီး သူတို့ကိုယ်တိုင် ပါဝင်ရေးသား ထားတယ်လို့ ဆိုပါတယ်။ Made in America စစ်စစ် Cimorelli ညီအစ်မ ခြောက်ယောက်ရဲ့ သီချင်းကို ခံစား ကြည့်ပါဦး။ youtube/watch?annotation_id=annotation_772706&feature=iv&src_vid=FbwYgef9j6A&v=8UDknCNL8aI
Posted on: Thu, 27 Jun 2013 04:05:07 +0000

Trending Topics



Recently Viewed Topics




© 2015