ကျွဲဆည်ကန် - TopicsExpress



          

ကျွဲဆည်ကန် ကားကြီးဝင်းရှိ ဟိုတယ်တွင် အမျိုးသားတစ်ဦး လက်ကောက်ဝတ် သွေးကြောပြတ် ဒဏ်ရာဖြင့် သေဆုံး မန္တလေး၊ ဇူလိုင် ၇ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက် ကျွဲဆည်ကန် ကားကြီးဝင်း အတွင်းရှိ ဟိုတယ် တစ်ခုတွင် ဇူလိုင်လ ၆ ရက်နေ့ ည ၇ နာရီ အချိန်၌ အမျိုးသား တစ်ဦး အိပ်ခန်း ခုတင်ပေါ်တွင် လက်ကောက်ဝတ် သွေးကြောပြတ် ဒဏ်ရာဖြင့် သေဆုံးလျက်ရှိကြောင်း အဆိုပါ ဟိုတယ်ထံမှ စုံစမ်း သိရှိရသည်။ သေဆုံးသူ ဦးဘုန်းမြင့်သန်း(ခ)ဦးမိုးမြင့်သန်း (အသက် ၄၄နှစ်) သည် အောင်မြေသာစံမြို့နယ်၊ တပ်ဦးရွာ၊ ဘုန်းတော်ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ၎င်းကို ဟိုတယ် အိပ်ခန်း ခုတင်ပေါ်တွင် ယာ လက်ကောက်ဝတ် သွေးကြော ပြတ်ရှ ဒဏ်ရာများ ရရှိကာ ပက်လက်အနေအထားဖြင့် သွေးထွက်လွန် ၍ သေဆုံးနေသည်ကို တွေ့ရှိရကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲမှူးရုံးထံမှ သိရသည်။ “အမျိုးသား တစ်ယောက် လက်ကောက်ဝတ် သွေးကြော ပြတ်ရှ ဒဏ်ရာနဲ့ သေဆုံးနေတာ ဟုတ်ပါတယ်” ဟု အဆိုပါ ဟိုတယ်မှ တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားသည်။ ၎င်းသေဆုံးနေသည့် ခုတင်ဘေးရှိ စားပွဲပေါ်တွင် အချိုရည်နှင့် အရက် ရောစပ်ထားသည်ဟု ယူဆရသော အဝါရောင်အရည် တစ်ဝက်ခန့်ပါ ရေသန့်ဘူး၊ Neurodopa စာတန်းပါ စိတ်သန်စွမ်း ဆေးဘူး အခွံ တစ်ဘူး၊ Neurogin စာတန်းပါ အာရုံကြောဆေး တစ်လုံးပါ ဆေးဘူး တစ်ဘူး၊ HbGlow စာတန်းပါ ဆေး ၁၃ လုံး ပါရှိသော ဆေးဘူး တစ်ဘူး၊ DOMPAN ဆေး ရှစ်လုံးပါရှိသော ဆေးကတ် တစ်ကတ်၊ သေဆုံးသူ၏ ယာဘက် လက်အောက်ဘက်ရှိ ခုတင်ဘေး အမှိုက်ပုံးအတွင်းရှိ သွေးများပေ နေသည့် LASER စာတန်းပါ အသုံးပြုပြီးသော ဘရိတ်ဓား တစ်ချောင်းတို့အား စစ်ဆေးတွေ့ရှိကြောင်း၊ ခန္ဓာကိုယ်၏ အခြား အစိတ်အပိုင်း နေရာများတွင် ပြင်ပဒဏ်ရာ မတွေ့ရှိသဖြင့် သေဆုံးသူအား မန္တလေး ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ပြည်ကြီးတံခွန်မြို့နယ်၊ မြို့မ ရဲစခန်းက သေမှုသေခင်းအမှတ် စဉ် ၂၁/၂၀၁၃ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။ အဆိုပါ ဟိုတယ်တွင် သေဆုံးမှုနှင့် ပတ်သက်၍ ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းတွင် တာဝန်ကျ ရဲအရာရှိ တစ်ဦးက “သေဆုံးသွားသူက ဇွန်လ ၂၈ ရက်နေ့ကတည်းက တစ်ယောက်တည်း အဲဒီ ဟိုတယ်မှာ တည်းနေတာပါ။ အမှုကို ဆက်လက် စစ်ဆေးနေဆဲပါ” ဟု ပြောကြားသည်။ Credit By - The Voice Weekly
Posted on: Mon, 08 Jul 2013 08:32:37 +0000

Trending Topics



Recently Viewed Topics




© 2015