ကိုးကွယ်ခြင်း နှင့် - TopicsExpress



          

ကိုးကွယ်ခြင်း နှင့် ကာကွယ်ခြင်း လွန်ခဲ့သည်အပါတ်ကမှော်ဘီမြို့ရှိဆေကိန္ဒာရာမကျောင်းတိုက်တွင်တပြည်လုံးမှအကျော်အမော်အားလုံးနီးပါးအပါအ၀င် သံဃာတော်အပါး ၂၀၀ တို့ စည်းဝေးကြ၍နိုင်ငံတော်က အမျိုးဘာသာသာသနာကာကွယ်ရေး မျိုးစောင့် ဥပဒေဆိုသောမိသားစုဆိုင်ရာဥပဒေတစ်ခုပြုလုပ်ပြဌန်းပေးရန်တိုက်တွန်းမည့်ဆုံးဖြတ်ချက်တစ်ခုချလိုက်ကြသည်ဟုသိရသည်။ အပေါ်ယံအမြင်တွင်ဤလှုပ်ရှားမှုသည်ဘာသာရေးကလောကီလူမှုရေးဘက်ကိုဝင်စွက်သည်ဟုထင်ရသည်။မျက်ချေမပြတ်အကဲခတ်နေသူများအမြင်၌ ဘုန်းကြီးတွေကဤနှစ်ခုကိုရောပစ်တာမဟုတ်ဘဲပြဿနာကိုယ်တိုင်က ဘာသာရေးနှင့် လူမှုရေးရောထွေးနေပြီုးသားဖြစ်ကာ ဘုန်းကြီးတွေထံ ဆိုက်ရောက်လာတာဖြစ်သည်။ ယခင်လပိုင်းအတွင်းသူတို့ အားကိုယ်ထိလက်ရောက်တိုက်ခိုက်တာ သတ်ဖြတ်တာတွေလုပ်လာမှသာယခုကဲ့သို့ သံဃာတွေ ထုထည်နှင့်ဝင်ပါလာ တာဖြစ်သည်။ ပါလာတော့လည်းအကြမ်းနည်းဖြင့်လက်တုန့် ပြန်ရန်အားပေး တာ-ဦးဆောင်တာမဟုတ်။ သေကျေပျက်စီးမှုအနည်းဆုံးဖြစ်အောင် ထိမ်းပေး တာသာဖြစ်သည်။ မိတ္ထိလာနှင့်လားရှိုးကိစ္စများတွင် ဘုန်းကြီးတွေဝင်ထိမ်း ခဲ့၍သာ အများကြီးသက်သာခဲ့သည်။ (ဤပြဿနာသည်အသစ်အဆန်းတော့မဟုတ်။ ရှေးဦးမူလအစကို သိလို လျှင်တော့မော်လ၀ီရွှေဖီ၏ “မော်လ၀ီ နဲ့ ယောဂီ” စာအုပ်ထုတ်ဝေသည့် ခုနှစ်ကိုပြန်ကြည့်ပါ။ထိုစဉ်ကတည်းကပင်ပြဿနာစခဲ့ပြီးဖြစ်၍ကနေ့ အထိအချိန်အခါအလိုက်ငုတ်ချည်ပေါ်ချည်ဖြစ်နေတာသာဖြစ်သည်။) ယခင်စစ်အစိုးရလက်အောက်မှာတုံးကအာဏာရှင်စံနစ်နှင့်ပြည်သူများအကြားအခြေခံပဋိပက္ခကြီးက အခြားပဋိပက္ခအားလုံးကိုဖျာအောက်သို့ ယက် သွင်းပြီး သိမ်းထားတာဖြစ်ခဲ့သည်။ (kept under the carpet) ယခုဖွင့်ပေး လိုက်တော့ မှ ပွင့်ထွက်လာကြတာဖြစ်သည်။ သမိုင်းသင်တာမ ‘အ’ အောင်ဟုဆိုနေသူများဘယ်သမိုင်းကို သင်နေကြ သည်မသိ။ ရခိုင်ပြည်နှင့်မြန်မာပြည်မမှာဘုန်းကြီးတွေတိုက်တာခိုက်တာခံခဲ့ရလင့်ကစားဘုန်းကြီးကျောင်းတွေက မူဆလင်ဒုက္ခသည်ခိုလှုံသူတွေကို ကာကွယ်စောင့်ရှောက်ပေးခဲ့သည်၊ အစာရေစာပေးခဲ့သည်။ မနေ့ တနေ့ ကလားရှိုးကမန်ဆူဆရာတော်ကျောင်းကိုမူဆလင်တွေဘာကြောင့်ငွေသွား လှုကြသလဲ ။ သူတို့ ဘာသာဝင်တွေ၏အသက်တွေကို ဆရာတော်က ကယ်ဆယ် ခဲ့လို့ ဖြစ်သည်။ ရခိုင်ပြည်ဘက်မှလူမျိုးရေးအဖြစ်အစဖေါ်ပေးလိုက်သောပဋိပက္ခသည်မြန်မာပြည်မတွင်ဘာသာရေးအသွင်ဆောင်လာကာ အနှစ်နှစ်အလလ စုပြုံခဲ့သော တဘက်နှင့်တဘက်မယုံကြည်မှုသည်ဘွားဘွားကြီးပေါ်လာသည်။ အာဏာရှင်ခေတ်တလျှောက်လုံးအတိုက်အခံနိုင်ငံရေးဘက်ကရပ်တည်လာခဲ့သောသံဃာထုသည်ပထမဆုံး အကြိမ်အဖြစ် ယခုကိစ္စတွင်နိုင်ငံရေး အတိုက် အခံများနှင့်လမ်းခွဲလာသလိုလိုထင်ရသည်။ အောင်ဆန်းစုကြည် နှင့်သူမ၏ NLD ပါတီကို နှစ်ရှည်လများထောင်ကျခံကာထောက်ခံ အားပေး ခဲ့သူ မန္တလေးမစိုးရိမ်ကျောင်းတိုက် ဆရာတော်ဦးဝီရသူသည် ဤအလှည့် အပြောင်းကိုဖန်တီးသူ (catalyst) ဖြစ်သည်။ NLD အားဦးဝီရသူမှလွဲ၍မည်သူမျှအမည်တပ်၍ မဝေဘန်ကြသော်လည်း သံဃာ ထုသည်၂၅ နှစ်လုံးလုံးအောင် ဆန်း၏သမီးကလေးဟူ၍သူတို့ ဂရု ဏာသက်ခဲ့သောသူမနှင့်မကြေငြာဘဲလမ်းခွဲကြပြီဟုယူဆနိုင်စရာဖြစ်သည်။ ဤဆောင်းပါးရှင်သည်မူအားဖြင့်ဘုန်းကြီးတွေနိုင်ငံရေးလုပ်တာကို မကြိုက် သူဖြစ်သည်။ ၂၀၀၇ခုနှစ်တုံးက ဈေးကွက်စီးပွားရေးသဘောအရအစိုးရက subsidized လုပ်ထားသည်ကိုဖြုတ်လိုက်သဖြင့် ဓါတ်ဆီဈေးထိုးတက်သွား သည်ကိုမဆီမဆိုင်ဘုန်းကြီးတွေက၀င်ဆန္ဒပြသဖြင့်ေ ရွှဝါရောင်အမည်ခံ ဘုန်းကြီးတော်လှန်ရေးတစ်ခုဖြစ်သွားတာကိုသူမထောက်ခံခဲ့ပေ။ သို့ သော်ယခုနှစ်ထည်းမှာသံဃာတွေလှုပ်ရှားလာပုံသည် ၂၀၀၇ ခုကနှင့် အနှစ်သာရကောပါဝင်သူအမျိုးအစားကောကွဲပြားခြားနားသည်။ ၂၀၀၇ တုံး ကပါဝင်ခဲ့သူများမှာတစ်လျှောက်လုံးနိုင်ငံရေးနှင့်မကင်းသော “နိုင်ငံရေး ကိုယ်တော်တွေ” ကအများစုဖြစ်သည်။ သူတို့ ကပါတီကြီးတစ်ခုနှ င့်ခေါင်းဆောင်ကြီးတစ်ဦးအတွက်အနာခံ၍ “၀န်းရံ” ပေးခဲ့တာဖြစ်သည်။ ယခုအခါဤကိုယ်တော်များထံမှပင်ထိုပါတီကြီးနှင့်ထိုဒကာမကြီးကိုစိတ်နာ သည့်လေသံများထွက်လာနေကြတာဖြစ်သည်။ ယခု ၂၀၁၃ ခုနှစ်တွင်သံဃာထုသည်အဓိကအားဖြင့်သူတို့ အရေး (ဗုဒ္ဓဘာသာ အရေး)ကိုသူတို့ လုပ်တာဖြစ်သည်။ ထို့ ကြောင့်ပင် ၂၀၀၇ ခုနှစ်တုံး က၀င် မပါခဲ့ကြသော - တစ်ပါးစီ၏နောက်ပါးတွင်လူဒါယကာနှင့်ပရိဿတ်သိန်းသန်း ချီရှိကြသောအကျော်အမော်ပုဂ္ဂိုလ်တွေဒါဇင်နှင့်ချီ၍ပါဝင်လာတာဖြစ်သည်။ အရေအတွက်သဘောနှိုင်းရလျှင် ၂၀၀၇ သည်ရေပွက်ထမှုမျှ သာဖြစ်ကာ ယခုအဖြစ်သည်ဆူနာမီဖြစ်သည်။ ဘုန်းကြီးတွေလှုပ်ရှားလာတာကိုမကြိုက်သူများကဗုဒ္ဓဘာသာသည်ကမ္ဘာပေါ်တွင်ငြိမ်းချမ်းရေးဘာသာဖြစ်သည်၊သွေးထွက်သံယိုကိစ္စများတွင် ဗုဒ္ဓဘာသာ ၏ ပယောဂမကင်းဖြစ်အောင်လုပ်လျှင်ဗုဒ္ဓဘာသာမပီသဟုဝေဘန်ကြသည်။ လူတစ်ချို့ သည်“ကိုးကွယ်တာ” နှင့် “ကာကွယ်တာ” ကိုခွဲခွဲခြားခြား သိကြပုံမရ။ ကိုးကွယ်မှုတွင်လူ့ စိတ်ကိုနူးညံ့သိမ်မွေ့ လာအောင်သင်ကြားသော ဘာသာ တရားနှင့်လူကိုရုံ့ ရင်းကြမ်းတမ်းလာအောင်သင်ကြားသော ဘာသာတရား ဟူ၍ခွဲခြား၍ကိုယ်သန်ရာကိုယ်ရွေးနိုင်သည်။ ဘာသာတရားတစ်ခုတည်တန့် ရေးအတွက်ကာကွယ်ရာ၌မူရင်ဆိုင်နေရသော အန္တရယ်နှင့်လျှော်ညီသောနည်းကိုဖန်တီးမည်သာ။ ကိုးကွယ်တာကိုသင့်စိတ်ကြိုက်ရွေးချယ်လို့ ရသည်။ ကာကွယ်နည်း ကို စိတ်ကြိုက်နည်းရွေးလို့ မရ။ အန္တရယ်တိုင်းအတွက်မေတ္တာသုတ်ရွတ်နေ၍မဖြစ်။ ဆရာတော်ရှင်ဥက္ကဌတို့ ခေတ်ကစကားစစ်ထိုးယုံဖြင့်ပြီးသည်(ref: သျှင်ဥက္ကဌနှင့်ကျောက်ကွင်း အရေးတော်ပုံ)။ ဆရာတော်ရှင်ဆေကိန္ဒတို့ ခေတ်တွင်နိုင်ငံတော်က ဥပဒေပြု၍ကာကွယ်ပေးမှလုံလောက်မည်ဟုသဘောရလာကြသည်။ အကယ်၍သည့်ထက်ပိုဆိုးလာဦးမည်ဆိုလျှင် “ဗမာတာလီဘန်” များပေါ်လာ ဦးမလား-ဘယ်သူမှကြိုတင်၍မပြောနိုင်။Monster နှင့်နပမ်းလုံးရင်း ကိုယ်တိုင် monster ဖြစ်သွားတာမျိုးလည်းရှိချင်ရှိနိုင်သည်။ မည်သို့ ဖြစ်စေကိုးကွယ်မည့်သူတွေကိုးကွယ်စရာ ကျန်ရစ်အောင် ကာကွယ်သည့်အလုပ်ကိုတစ်ယောက်ယောက်ကတော့ “လူမိုက်” အဖြစ်ခံ၍ လုပ်ရသည်သာ။ မြန်မာနိုင်ငံယခုရင်ဆိုင်နေရသောအန္တရယ်မျိုးနှင့်ရင်ဆိုင်ခဲ့ရသောနိုင်ငံများ၌ဗုဒ္ဓဘာသာပျောက်ကွယ်ခဲ့ရသည့်သက်သေများအာရှသမိုင်းတွင်အထင်အရှားရှိသည်။ ဗုဒ္ဓဘာသာဝင်အမျိုးသမီးများနှင့်အိမ်ထောင်ပြု၊ ဘာသာပြောင်း၊သားသမီး အတားအဆီးမရှိမွေးကာတိုင်းပြည် လူဦးရေ၏သဘောသဘာဝ (demographics) ကိုပြောင်းလဲမည့်အန္တရယ်ကျနေရောက်နေသည်ဟုဗမာ -ရခိုင်-ရှမ်း-ကရင်ဗုဒ္ဓဘာသာဝင်များ၏စိုးရိမ်မှုသည်မနှစ်ကစ၍ သိသိ သာသာတိုးလာနေသည်။ဤအသံတိပ်လှုပ်ရှားမှုသည် လူမှုရေးနှင့်အစပြုကာ - ဘာသာရေးကိုအသုံးချပြီး- နိုင်ငံရေးတွင်အဆုံးသပ်ရည်ရွယ်ချက်ဟုသံသယ ရှိနေကြသည်။ ရှိပြီးဖြစ်သော၁၉၅၄ ခုနှစ်ဗုဒ္ဓဘာသာမိမ္မများအထူးထိမ်းမြားခြင်းဥပဒေ(1954 Buddhist Women Special Marriage Act) သည်ဘာသာခြားနှင့်လက်ထပ်ပြီး ဘာသာမပြောင်းဘဲနေသောဗုဒ္ဓဘာသာဝင်အမျိုးသမီးများ- နှင့်သူတို့ ၏ဘာသာခြားခင်ပွန်းနှင့်ရသောခလေးများအမွေဆက်ခံနိုင်ရေးလောက်ကို သာအထောက်အကူပေးနိုင်သည်။ ပြဿနာဖြစ်လာလျှင်တရားမကြောင်းအရ သာဆောင်ရွက်နိုင် သည်။ ထို့ ကြောင့် ၁၉၅၄ ခုနှစ် ဥပဒေသည်အခြေအနေသစ်တွင်ပေါ်လာသော အန္တရယ်သစ်ကိုတားဆီးဘို့ မလုံလောက်ဟုစိုးရိမ်မှုတွေဖြစ်ပေါ် လာနေကြသည်။ ထို့ ကြောင့် “မျိုးစောင့်ဥပဒေ”ဟုပဏာမအားဖြင့်မှည့်ခေါ်ထားသောအမည် တစ်ခုထွက်ပေါ်လာသည်။ မရည်ရွယ်သော်လည်းထို “မျိုးစောင့်ဥပဒေ” ဆိုသောနာမည် (title) ကအမျိုး မစောင့်သူတစ်စုံတစ်ယောက်ကိုမတော်တဆ သွား၍ခလုပ်တိုက်မိကောင်း တိုက်မိနိုင်သည်။ထို့ ကြောင့်ဤဥပဒေပထမမူကြမ်းမထွက်မီ ယခုကတည်း ကပင် လူအများနားဝင်ချိုမည့်အခြားအမည်တစ်ခုခုသို့ ပြောင်းလဲပေး ပါရန်ယခုဆောင်းပါးရှင်ကပင်“ပြင်ဆင်ချက်” တင်လိုသည်။ [အနောက်ကမ္ဘာတွင် “ထောင်”ကို လူတွေနားခံသာအောင်အမှားပြင်ရေး သိပ္ပံကျောင်း (Correctional Institute) ဟု euphemism သုံး၍ အမည်ပြောင်းလဲခေါ်ကြသည်။] ဤတိုင်းပြည်၌လွပ်လပ်စွာထိမ်းမြားလက်ထပ်ခွင့်ကိုဘယ်တုံးကမှမတားမြစ်ခဲ့ပေ။တားမြစ်၍လည်းမရစကောင်းပေ။ ဇီဝဗေဒသဘောအရလည်း မျိုးကွဲနှင့်သွေးစပ်သူများပိုထူးချွန်သည်။ သို့ သော်ရှိနေသောအလွန်လစ်ဘရယ်ကျသော လူမှုဆက်ဆံရေး ပါတ်ဝန်းကျင်ကိုတရားလွန်အမြတ်ထုတ်ခြင်း ကိုတော့တားမြစ် ရပေမည်။ (Over exploitation of the existing liberal social environment has to be stopped.) ထို့ ကြောင့်ဘာသာခြားချင်းအိမ်ထောင်ပြုရာတွင်စင်္ကာပူမှာလို special marriages act တစ်ခုပြဌန်းစေချင်ကြသည်။ သို့ မှသာအိမ်ထောင်ရေး (လူမှုရေး) ကိုအသုံးချ၍နိုင်ငံရေးစီမံကိန်းတစ်ခုခုအကောင်အထည်ဖေါ်လာ လျှင်တားဆီးနိုင်မည်ဟုဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကယုံကြည်နေသည်။ ဗုဒ္ဓဘာသာဝင်အမျိုးသမီးများဘာသာခြားနှင့်အိမ်ထောင်ပြုလျှင်- မိမိ ယုံကြည်ရာဘာသာကိုဆက်လက်၍ ကိုးကွယ်ခွင့်၊ဘာသာခြားမိသားစု အတွင်းမြန်မာအမျိုးသမီးများခံစားနေကျအခွင့်အရေးများဆက်လက်ခံစား ခွင့်ရှိစေဘို့ တို့ ကိုဥပဒေပြု၍အကာအကွယ်ပေးရန်သူတို့ စီစဉ်တာဟု သိရသည်။ ဘုန်းကြီးတွေအားထုတ်ကြမည်ဆိုသောဤမျိုးစောင့်ဥပဒေတွင်ဘယ်အချက်အလက်များ(Letters of the law) အတိအကျပါမည်ကိုမမြင်ရမဖတ်ရသေး။ သို့ သော်ဥပဒေ၏ရည်ရည်ရွယ်ချက်(Spirit of the law) ကိုကားကြို တင်၍ သိရပြီဖြစ်ဖြစ်သည်။ ပုဂ္ဂလိကအမြင်ကိုပြောရလျှင်ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကိုအာရုံပြုကာနှစ်ဘက်ဘာသာရေးခေါင်းဆောင် များကကိုယ့်နောက်လိုက်များကို ကိုယ်ထိမ်းသိမ်းကြစေချင်သည်။ ဤသို့ ထိမ်းကြရမည့်အစားတဘက်ဘက်က လမ်းမှားလိုက်နေလျှင်အခြားတစ်ဘက်ကလည်းသင့်တော်သောတုန့် ပြန်မှု များ(Corresponding measures) ပြုလုပ်ရန်စဉ်းစားလာလိမ့်မည်သာ။ ဧည့်သည်/အိမ်ရှင်မခွဲခြား - လူနည်းစု/လူများစုသတ်မှတ်ချက်မထား- အားလုံးနိုင်ငံသားတွေချည်းဖြစ်သည်။ သို့ သော်အားလုံး၏သည် မိမိတို့ မွေးဖွားကြီးပြင်ရှင်သန်နေထိုင်ကြရာတိုင်းပြည်၏သစ္စာကိုတော့စောင့်သိကြ ဘို့ တော့လိုသည်။ သစ္စာပျက်ယွင်းကြောင်း - သစ္စာဖေါက်ကြောင်းပေါ်ပေါက် လာလျှင်အချိန်မှီပြုပြင်ရမည်။ ဤသို့ ပြုပြင်ရာတွင်နည်းအကန့် အသတ်မရှိ။ နိုင်ငံတော်၏အချုပ်အချာ အာဏာဟူသည်အကန့်အသတ်မရှိသောအာဏာမျိုးဖြစ်သည်။ ဒီမိုကရေစီခေတ်၌ထိုအာဏာသည်ပြည်သူကဆင်းသက်သည်ဖြစ်ရာပြည်သူတွေကလည်းကျင့်သုံးခွင့်ရှိသည်။ (Popular sovereignty) တည်ငြိမ်နေသောလူမှုရေးချိန်မျှညီအနေအထား (Social equilibrium) ကိုပျက်သွားအောင်၊ပြောင်းလဲသွားအောင်ကြံစည်ခြင်းသည်နိုင်ငံကို လုပ်ကြံခြင်းဖြစ်သည်။ လူတိုင်းလူတိုင်းမိမိနှင့်လူမျိုးတူဘာသာတူသူတွေတခြားတိုင်းပြည်များမှာရှိကြတာချည်းဖြစ်သည်။ ရွှေမြင့်မောင် Myint Shwe Facebook မှ ကူးယူဖော်ပြသည်
Posted on: Fri, 21 Jun 2013 03:51:12 +0000

Trending Topics



Recently Viewed Topics




© 2015