ကိုသီဟအေးကျော်ရဲ့ Frozen - TopicsExpress



          

ကိုသီဟအေးကျော်ရဲ့ Frozen Keyboard Pro ကို အကြောင်းပြုပြီး ပြန်သတိရမိလို့ပါ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကာလ ဗီစီဒီပေါ်ကာစ ကာရာအိုကေ ခေတ်စားတဲ့အချိန်တုန်းကပေါ့ Samsung ဗီစီဒီ သုံချပ်ထည့်တွေ အသုံးများချိန် ကျွန်တော် အလုပ်လုပ်နေတဲ့ ကာရာအိုကေဆိုင်က Samsung စက်က Len (မျက်လုံး) လဲဖို့ဖြစ်လာပါရော မန္တလေး 83 လမ်းပေါ်က ကိုဝှမ်တက် + မကြူ ဆိုင်မှာ Len (SOH-AAU) ဝယ်ပါတယ် တခြားဆိုင်တွေ မရောင်းသေးပါ အဲဒါ မကြူကိုယ်တိုင်ထွက်လာပြီး Len က အလွတ်မရောင်းပါဘူးတဲ့ စက်ယူလာခဲ့မှ ထည့်ပေးတာပါ တဲ့ ကျွန်တော်နေတဲ့မြို့ငယ်လေးနဲ့ မန္တလေးက မိုင် 100 ဝေးပါတယ် မနက် 5 နာရီ လိုင်းကားစီးမှမနက် 10 နာရီရောက်တာပါ စက်ပါမလာတော့ ပြန်ယူဖို့က မလွယ်ကြောင်း ပြောပြတော့ အဲဒါဆို ထည့်နည်းပြောမယ်ထည့်ခ 2000 ပေးရမယ်တဲ့ အဲလိုမှမပြောပေးရင် ခွေမဖတ်ဘူးဆိုပြီး ပြန်ပြန်လာလဲတဲ့သူတွေချည်းပဲတဲ့ အဲဒီအချိန်တုန်းက လဖက်ရည်နဲ့ မုန့်တခုစားမှ 100 ထမင်း အဝစားမှ 300 ပေးရတာပါ 2000 ဆိုတော့ တန်ဖိုးမနည်းပါ ကဲ အဲလိုမှ ဖြစ်မယ်ဆိုလည်း ပေးရမှာပေါ့ဗျာ ဆိုတော့ Len လေးကိုပြပြီး အဲပေါ်က ခဲပူးထားတဲ့ (safe) လေး ဖြုတ်လိုက်ပါတဲ့ အဲဒါမှ laser beam ထွက်လာပြီး ခွေဖတ်တာတဲ့ .... အဲဒီ ခဲဖြုတ်တဲ့ပညာကို အဲဒီခေတ်တုန်းက ငွေ 2000 ပေးပြီး သင်ခဲ့ရပါသဗျာ ... ပညာဆိုတာ သူ့တန်ဖိုးနဲ့သူ ရှိပါတယ် အဲဒါကို အလကားယူလို့ အမြဲမရနိုင်ဘူးဆိုတာ ပြောချင်လို့ပါ .......... :)
Posted on: Sun, 08 Sep 2013 02:21:14 +0000

Trending Topics



Recently Viewed Topics




© 2015