ကဲ - TopicsExpress



          

ကဲ ဦးယောင်တို.အဖွဲ.တွေဖတ်ဘို. မော်ကွန်းဝင်တပ်သားရဲ့ မုဆိုးမဇနီးသည် အမိုးအကာနှင့် စားစရာအတွက် စစ်မှုထမ်းရုံးရှေ့ ငုပ်တုတ်ထိုင် မြန်မာ့လွတ်လပ်ရေးတိုက်ပွဲဝင်ကာလ ဘီအိုင်အေ၊ ဘီဒီအေနဲ့ မျိုးချစ်ဗမာ့တပ်မတော် ခေတ်သုံးခေတ်မှာ တိုင်းပြည်တာဝန် ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ခဲ့တဲ့ ကွယ်လွန်သူ အရာခံတပ်ကြပ် ဦးမောင်တင်ရဲ့ ဇနီးဖြစ်တဲ့ အသက် ၇၁နှစ်အရွယ် ဒေါ်တင်ရီတစ်ယောက် အားကိုးရာမဲ့နေပါပြီ။ တောင်ဥက္ကလာပက စစ်မှုထမ်းဟောင်းများအဖွဲ့ရုံးရှေ့မှာ တစ်ယောက်တည်း ငုပ်တုတ်ထိုင်ပြီး ခေတ်အဆက်ဆက် တပ်မတော်ရဲ့ လျစ်လျူရှုမှုကြောင့် ဘဝနေဝင်ချိန်မှာ ကြီးမားတဲ့အကြပ်အတည်းတွေကို ရင်ဆိုင်နေရပြီလို့ အဘွားအို ဒေါ်တင်ရီက ဆိုပါတယ်။ လွတ်လပ်ရေး မော်ကွန်းဝင်ပထမအဆင့်အဖြစ် ချီးမြှင့်ခဲ့ရပြီး လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အသိအမှတ်ပြုခံခဲ့ရတဲ့ အရာခံတပ်ကြပ်လေး ဦးမောင်တင်ဟာ ၁၉၉၁ခုနှစ်မှာ လေဖြတ်ဝေဒနာနဲ့ ဆုံးပါးခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ ဖွဲ့စည်းထူထောင်ခဲ့တဲ့ စစ်မှုထမ်းဟောင်းအဖွဲ့က ကျန်ရစ်သူ ဒေါ်တင်ရီရဲ့ အကူအညီတောင်းခံမှုကို မျက်ကွယ်ပြုခဲ့တယ်လို့ ဆိုပါတယ်။ မြို့တော်ဝန် ဦးကိုလေးရဲ့ မော်ကွန်းဝင်တွေဆိုတာ အလကားလို့ပြောဆိုပြီး မောင်းထုတ်ခံခဲ့ရဖူးတဲ့ ဒေါ်တင်ရီဟာ သားသမီး ၄ယောက်ထဲက သားတစ်ယောက်နဲ့အတူ သူများအိမ်မှာ ကပ်နေရပြီး အခုတော့ အဲဒီအိမ်ဟာ ကန်ထရိုက်တိုက်ဆောက်လိုက်တာကြောင့် ဒီဇင်ဘာ ၃ရက်နေ့ကစပြီး နေစရာအိမ်မရှိတော့ပါဘူး။ အဘွားအို ဒေါ်တင်ရီဟာ သူ့ခင်ပွန်းလုပ်ကိုင်ခဲ့ရာ တောင်ဥက္ကလာပ စစ်မှုထမ်းဟောင်းအဖွဲ့ရဲ့ ရုံးအောက်မှာ သူ့ရဲ့အားကိုးရာမဲ့ဘဝအတွက် ရင်ဖွင့်ခဲ့ပါပြီ။ kamayutmedia/2013/12/03/helpless-widow-of-veteran-soldier-waits-for-shelter-and-food-in-rangoon/
Posted on: Wed, 04 Dec 2013 01:25:48 +0000

Trending Topics



Recently Viewed Topics




© 2015