ကဲ စောဖိုးခွားရေ အနုပညာ - TopicsExpress



          

ကဲ စောဖိုးခွားရေ အနုပညာ ဆိုတာ မစော်ကား ကောင်းဘူး သတင်းထောက် အချင်းချင်း ပြောရတာ မနိပ်ဘူးဟ --- ။ ဖတ်ကြည့်လိုက်ပါအုံး --- ကာယကံရှင်တွေ က ပြောကုန်ကြပြီ ။ ----------------------------------------------------------------------ညီလေး . . . စောဖိုးခွား ၉၃ မွေးဆိုတော့ အစ်ကိုတို့ ထက် အများ ကြီးငယ်မှာပေါ့။ အဲဒီတော့ကာ ညီ လို့ ပဲ ခေါ်မယ်။ ညီရေ ညီအနေနဲ့ Opinion ကို ညီစိတ်ကြိုက်ရေးနိုင်တယ်။ ဒါ ညီရဲ့ ကိုယ်ပိုင်အမြင်၊ ကိုယ်ပိုင် အတွေး၊ ကိုယ်ပိုင် လွတ်လပ်ခွင့်၊ ပြောပိုင်ခွင့်ပါ။ ဒီထက်ဆိုးအောင်ရေးလို့ လဲ ရပါတယ်။ မင်းသတင်းဓါတ်ပုံတွေတော်တော်များများတင်ထားတယ်ဆိုတော့ စာနယ်ဇင်းအသိုင်းအဝိုင်းကထင်တယ်။ ဒါဆိုရင်မင်း ဓါတ်ပုံတွေကို ရိုက်ချင်သလို ရိုက် တင်ချင်သလိုတင်ပြီး ပြောချင်သလို ပြောရင် ဆိုတဲ့ အတိုင်းအတာတွေကို သိမှာပေါ့။ သတင်းဖော်ပြမှုက ဘယ်လို Opinion ဆိုရင် ဘယ်လို၊ ဝေဖန်ရေးဆိုတာ ဘယ်လို နားလည်မယ်ထင်တယ်။ မင်းအနေနဲ့ စာသားတွေနဲ့ ပြောပါ နောက်ဆိုရင်၊ စာသားတွေနဲ့ တိုက်ခိုက်မယ်၊ ပြီး ဒီလူတွေဆိုပြီး ဓါတ်ပုံပါ တွဲလိုက်တယ်။ ပြီး ပုတ်ခတ်တဲ့ လူတစ်ယောက်နဲ့ ပါ Tag တွဲလိုက်သေးတာကတော့ တစ်စုံတစ်ခုသော အစွန်းရောက်မှု ပုတ်ခတ်မှုကို ရောက်သွားတယ်ကွ။ လူငယ်စကားနဲ့ ပြောရင် ဖောင်းတယ်ပေါ့ကွာ။ မင်းကိုယ်တိုင် တွေးကြည့်ပါ။ မင်းဓါတ်ပုံကို ယူပြီး အစ်ကို ဖေ့ဘုတ်မှာ ဒီလူဟာ စာနယ်ဇင်းကျင့်ဝတ် နကန်းတစ်လုံးမှ မသိတဲ့ လူပါဆိုပြီး ဖော်ပြရင် မင်းဘယ်လိုနေမလဲ။ မင်းအနေနဲ့ တစ်ခုခုကို ပြောတော့မယ် လုပ်တော့မယ်ဆိုရင် သေချာလေ့လာပါ။ သူများနိုင်ငံတွေမှာလဲ ဝေဖန်မယ် ပြောမယ်ဆိုရင် သက်ဆိုင်ရာ ကဏ္ဍ ကိုသေချာလေ့လာပြီးမှ ပြောတာကွ။ မဟုတ်ရင်လဲ မဟုတ်ဘူးလို့ ပြောတယ်ကွ။ အဲ့အတွက်လဲ တာဝန်ယူရဲတယ်။ ဒါတောင် ပုတ်ခတ်မှု မဆန်ဘူးနော်။ ဆိုတော့ကာ ဒီနေ့ ကမ္ဘာကြီးကို သေချာလေ့လာပါ။ ဒီ Graffiti ဆိုတဲ့ အနုပညာ က ဘယ်လို ခန့် မှန်းရခက်၊ နားလည်ရခက်ပြီး၊ ဘာလို့ အရေးပါနေလဲဆိုတာကို ရှာဖွေပါ။ "ဘာလို့ လဲ ဆိုတော့ ညီ ဒီနေ့ သုံးသပ်သွားတာက ပညာရပ်ပိုင်းကော ပုတ်ခတ်သလို" ပါနေတယ်ကွ။ အစ်ကိုတို့ အဲ့ဒီ ကိစ္စကို လုံးဝ လက်သင့်မခံဘူး။ Status တင်ရုံလေးဆိုရင် မင်းကို ငါတို့ ပြောမှာ မဟုတ်ပါဘူး။ မင်းက ဓါတ်ပုံတွေထိ ဘောင်ကျွံ လာတော့ ငါတို့ လဲ ပြောစရာ ရသွားတာပေါ့ကွာ။ မင်း Status ကြောင့် ညီက ဒါနဲ့ ပတ်သက်ရင် ဘာမှ မသိပါလားဆိုတာလဲ တော်တော် ပေါ်လွင်သွားတယ်။ အစ်ကိုတို့ မှာ အစ်ကိုတို့ သမိုင်းသီးသန့် ရှိတယ်။ အချိန်တန်ရင် သမိုင်းက ပြောလိမ့်မယ်။ ငါတို့ Graffiti ဘာလဲ ဆိုတာ၊ လူတွေ ရဲ့ ပြောင်းလဲမှု ခေတ်မီလာမှုတွေနဲ့ တွဲ ပြီး သိလာလိမ့်မယ်ကွ။ အစ်ကို တို့ ရဲ့  အစ်ကိုကြီးတစ်ယောက်က မင်းစာကို တွေ့ ပြီး ပြောသလိုပဲ ရှေးက နံရံပန်းချီတွေကို ညစ်ပတ်တယ် မင်းသတ်မှတ်မလား။ အဲ့ လက်ရာတွေက စုတ်ပြတ်နေတာပဲ လို့ ပြောမလား။ မရဘူးနော်။ နိုင်ငံ တစ်နိုင်ငံမှာ စာပေ ယဉ်ကျေးမှုက အဲ့ဒီနိုင်ငံ ဆိုတာရဲ့ဖြစ်တည်မှု အတွက် ဘယ်လောက် အရေးပါလဲဆိုတာ မင်းသိအောင် လေ့လာသင့်တယ်။ မင်းတွေးကြည့်ပါ။ ငါတို့  အနုပညာနဲ့ အဲ့ဒါတွေနဲ့  နံရံ ပန်းချီတွေနဲ့ သေချာစဉ်းစားကြည့်စမ်း။ ခမ်းနားမှု အရေးပါမှု ကွဲပြားမှု။ မင်းငယ်သေးတော့ အဲ့လောက်ထိ တွေးမိချင်မှ တွေးမိမှာပေါ့။ သာမာန် ကြည့်လိုက်တာနဲ့ မိုက်တယ် ဆိုတာနဲ့ အနုပညာ အစစ်နဲ့ လဲမတူဘူးကွ။ လူကြိုက်အောင်လုပ်တာက ပေါ့ပ်။ ကမ္ဘာမှာ Art History ကြီးအခိုင်အမာ ရှိတယ်ကွ။ မင်းဖတ်ကြည့်ဦး။ ပြီးရင် အစ်ကို တို့ အကြောင်းကို သိဖို့  "NY GRAFFITI ART MOVEMENT" ဆိုတာကြီးကနေ စလေ့လာ။ ရှာမရရင် အစ်ကို့ ဆီလာယူ။ အဲ့ဒါမှ မင်း သေချာသိလာမှာ။ ပြီးရင် ညီ အနေနဲ့ အစ်ကို တို့ အကြောင်းကို သေချာထပ်လေ့လာ။ အစ်ကိုတို့ ဒီလမ်းကို ဘယ်လို လျှောက်ခဲ့တယ်ဆိုတာ။ မနေ့ တစ်နေ့ ကမှ လူကြိုက်လောက်တဲ့ ဟာကို ထလုပ်ပြီး ခေတ်ကောင်းမှာ သူဌေးဖြစ် ဆိုသလို လုပ်လာတာ မဟုတ်ဘူး။ စဉ်းစားကြည့် ငါ့ညီ ဘယ်ခေတ်မှာမဆို အရေးပါတဲ့ အနုပညာရှင်တွက လူတွေကြိုက်တာကို လုပ်ခဲ့တာ မဟုတ်ဘူးကွ။ သူတို့ လုပ်ခဲ့တာက တစ်ခုခု ဖြစ်နေလို့ အရေးပါလာတာ။ ကြိုက် တာကို လိုက်လုပ်နေရင် မင်းရဲ့ အနုပညာ အစစ် ဘယ်ထွက်တော့မလဲ။ အဲ့ဒါကြီးက အတုကြီး။ ပြီးတော့ နောက်အသစ်ဆိုတဲ့ ရှေ့ နောက်လည်ပယ် တစ်ခု ဆိုတာကို ရောက်လာပါ့မလား။ ကက်ကိုဘိန်းကို ကြည့်စမ်းပါ။ ဘာလို့ သတ်သေသွားလဲ ငါ့ညီ။ တကမ္ဘာလုံးက မကြိုက်ဘူး ဆိုလဲ ယုံကြည်ရာကို လုပ်ရဲရတယ်ကွ။ အစ်ကိုတို့ က လူကြိုက်အောင် ဟိုပုံကိုလဲ ဆွဲပြမယ် ဒီလို ဒီဇိုင်းလေးကို လုပ်ပြမယ်၊ ထွေထွေရာရာ စာလုံးလေးလဲ လိုအပ်ရင် ဆွဲပြမယ်၊ ဟိုဟာလေးက ခေတ်စားနေပြီ လုပ်ပြမယ် ဆိုတာမျိုး ရေရာတဲ့ ရပ်တည်ချက် မရှိတဲ့ လူပြိန်းကြိုက် ကြားဘူးသမျှ ဟိုစတိုင်ရော ဒီစတိုင်ရော လိုက်လုပ်နေကြတာမျိုး မဟုတ်ဘူး။ ကိုယ်ကြိုက်တဲ့ စတိုင် ကိုယ်ကြိုက်တဲ့ နည်းလမ်းတွေကို ရွေးချယ်ပြီး ရပ်တည်နေတာ။ ကိုယ်တို့ ထင်ရာမြင်ရာတွေ ဆွဲနေကြတာမဟုတ်ဘူး။ အားလုံးမှာ ကိုယ်ပိုင် ရပ်တည်ချက်ရှိတယ်။ Photorealistic ကိုမှရေးတဲ့သူ၊ Wild style တို့  Throw Up တို့ လို စာလုံးကိုမှ သီးသန့် ရေးတဲ့သူ၊ Stencil စနစ်သုံးတဲ့သူ၊ Sticker ကပ်တဲ့သူ၊ 3D Style ဖောင့်ကိုမှ ရေးတဲ့သူ ရှည်နေမှာ စိုးလို့  အသေးစိတ် ကျန်တာတွေဆက်မပြောတော့ဘူး။ တကယ့်ကို ကိုယ် နှစ်သက်တဲ့ လိုင်းမှာ ကိုယ်ရပ်တည်နေတဲ့လူတွေကြီးပဲကွ။ ကိုယ့်စတိုင် ကိုယ်ဒီဇိုင်းကမှ ကိုယ် ဖြစ်လာမှာပေါ့။ ကိုယ်ဆိုတာ အတ္တဝါဒီကို ဆိုလိုချင်တာ မဟုတ်ဘူးနော်။ ကိုယ်ပိုင်ဆိုမှ နောက် အသစ်တစ်ခု လို့ ပြောချင်တာ။ မဟုတ်ရင် Graffiti မဟုတ်ပဲ Poppiti လို့ သာ ပြောင်းသုံးလိုက်တော့။ ငါ့ညီရေ ၂ဝ ရာစု အစောပိုင်းကထဲက ရန်ကုန်မှာ ဂရပ်ဖီတီတွေရှိနေပြီကွ။ ငါ့ညီစဉ်းစား ၂၀၀၀ ခုနှစ် ဆို မင်း ရှိလှ ၇ နှစ် ကျော်ရုံလေးပဲ ရှိဦးမယ်။ ငါတို့ ဘယ်လို လျှောက်ထားတယ်ဆိုတာကို မင်းသိလောက်တဲ့ အသက် အပိုင်းအခြား မဟုတ်သေးဘူး။ ညီက ဒီနေ့ လူတစ်ယောက် အာဏာပိုင် ရဲ့ အနိုင်ကျင့်မှု ကို ခံလိုက်ရတယ်ဆိုတာကို ပဲ မျက်ဝါးထင်ထင် တွေ့ လိုက်ရတာ။ ဒါကလဲ တစ်ခုခု ဖြစ်မှာစိုးတဲ့ စေတနာ နဲ့ ဝိုင်းပေး ဝန်းပေးကြတာ။ လုပ်သမျှ အမှန် ဘွဲ့ ပေးလိုက်တာ မဟုတ်ဘူး။ အဲ့လို ဖြစ်အောင်က လဲ တိုက်ဆိုင်လို့ တစ်မျိုး ဒါမှမဟုတ် ကြံစည်ပြီး တစ်ခုခု ၊ အဲ့လိုတော့ ရှိတာပေါ့။ ငါတို့ Writer တွေ အားလုံး အဖမ်း မခံရဘူးတဲ့ သူ မရှိဘူး ဆိုတာကိုကော မင်းသိလား။ ငါတို့ ခေတ်က ခုလို အော်လို့ မရဘူးကွ။ ငါတို့ တွေကိုယ်တိုင်လဲအနုပညာ ဖန်တီးရဖို့ က အဓိကပဲ လုပ်ခဲ့တာ။ ငါတို့ ထဲက တစ်ယောက် အဖမ်းခံရတုန်းက ပိုက်ဆံက နှစ်သိန်း၊ နိုင်ငံခြား ကလာခဲ့ ခပ်မိုက်မိုက် ပုလင်းလေး တစ်လုံး နဲ့ တောင်မှ သူ့ အဖေတွေ ဘယ်လောက် တောင်းတောင်းပန်ပန် ထုတ်ခဲ့ရတယ်ဆိုတာ ကြားဘူးလား။ W တွေ လက်မှတ် ဘယ်နှစ်ရုံးထိုးခဲ့ရလဲ သိလား။ လက်ချိုးရေလို့ မရဘူး။ အများကြီး အများကြီး။ တို့ တွေအားလုံးမှာ စောင့်ဖမ်းပြီး အရိုက်ခံရတာတွေ။ ပိတ်ဖမ်းခံရတာတွေ၊ အဝိုင်းခံရတာတွေ၊ ရဲစခန်းက လိုက်ထုတ်ထားရတာတွေ အဲ့ကိစ္စတွေကို ညီ မကြားမိဘူးထင်တယ်။ ခု ဒီ Graffiti ဆိုပြီး လူပြော သူပြော များမလာခင်မှာ ဒါကို လုပ်သူမရှိ၊ ရပ်မသွားအောင် Writer အများကြီးက ဘာကိုမှ မတွက်ပဲ ဘယ်လောက် ကြားကန်ထားရလဲဆိုတာ မင်းသိလား။ တို့ ထဲကတစ်ယောက် Tag လေးတစ်ခုကြောင့် ၁လ လောက် အဖမ်းခံရပြီး ငွေဘယ်လောက်နဲ့ ထုတ်လိုက်ရတယ်ဆိုတာ မင်းကြားဘူးလား။ ငါတို့ လို ကောင်တွေကြောင့် မင်းကြိုက်တဲ့ လူတစ်ယောက် ဒဏ်ငွေဆောင်ရတယ်ဆိုတဲ့ စကားက တော်တော်လွန်တယ်။ အစ်ကိုတို့ ပိုင်ပစ္စည်း လို့  မပြောလိုပါဘူး။ ဒါပေမဲ့ ခင်များတို့ နဲ့ ဘာဆိုင်လို့ လဲလို့ တော့ လာမပြောပါနဲ့ ။ လျှောက်သွားရင်း လမ်းလေးတစ်ခု တစ်ယောက်ကတွေ့ ရော အဲ့လမ်းကို ၊ တက်လျှောက်ချလာပြီး ဒီမှာ ကြည့်ကြဟေ့ ဒါ လမ်းရှိတယ်ဆိုပြီး ပြောလိုက်ရော ၊ ဟာ အဲ့မှာ လမ်းဖောက်သူ လမ်းဖောက်သူ ဆို အော်ကြသလို ဖြစ်နေပြီလား မသိပါဘူးကွာ။ ခက်တော့ ခက်သား၊ ဒီလမ်းက ဟိုလူ့ လမ်းလေ ခင်များတို့ ဘာ လို့ တက်လျှောက်နေတာလဲ ဆင်းဆင်း ဆင်းစမ်း လို့  အပြောခံရသလို ဖြစ်သွားတယ် မင်းလုပ်ပုံက။ တစ်ချို့ ကလဲ ပြောသေးတယ် အရင်က လက်ရာစုတ်တွေတဲ့  အဲ့ ချိန်က မြန်မာပြည်မှာ ခု သုံးလို့ ရနေတဲ့ စပရေး ခေါင်းတွေ မရှိသေးပဲ အော်ပါလာတဲ့ ATM စပရေးခေါင်းတွေနဲ့  ဘယ်လောက် ခက်ခဲ ခဲ့လဲ ဆိုတာ ကိုယ်တိုင်တွေမှ သိမယ် သူငယ်ချင်း။ ခုက ရှေ့ လူတွေကောင်းမှုနဲ့ ရေကန် အသင့် ကြာ အသင့် ရနေပြီလေ။ သူများနိုင်ငံတွေလို လက်ရာတွေတောင် စိတ်ကြိုက် လုပ်လို့ ရလာပြီမလား။ ဟိုတလောက တောင် စင်ကာပူမှာ တို့ ဆီက ရိုက်တာ တစ်ယောက် သွားဆွဲသေးတယ်။ အဲ့ဒါကိုကော မင်းသိလား။ ငါတော့ မင်းသိလိုက်မယ် မထင်ဘူး။ အဲ့က ပုံ တော်တော်မိုက်တယ်ကွ။ တကယ့် တို့ ဆီမှာပဲ ရှိတော့တဲ့ စစ်ကျန်ဘတ်စကားကြီးတွေ ပစ်တိုင်းထောင်တွေကို ရောဆွဲသွားတာ။ ကိုယ်စားပြု တန်ဖိုးကို မင်းတွေးကြည့်စမ်း။ ပြီး အဲ့ လက်ရာကို စုတ်တယ် ပြောတဲ့သူ ကို ဘယ်သူပဲ ဖြစ်ဖြစ် ငါ ပါးပိတ်ရိုက်ရဲတယ်။ မင်း Acid ထွက်ပြီးနောက်ပိုင်း ဘယ်သူတွေက Graffiti ကို ဘာသာရပ် တစ်ခုအနေနဲ့ ရှိသင့်တယ်ကွ ငါတို့ လုပ်ရမယ် ဆိုပြီး ပြောခဲ့တယ်လို့ ကြားဘူးလဲ။ YSA Crew က စိတ်ဝင်စားတဲ့ လူငယ်တွေ ကို တစ်နေရာထဲ စုမိအောင် ဘယ်လို စည်းရုံးခဲ့လဲ ကော မင်းသိလား။ ၂၀၀၈ မှာ မြန်မာပြည်မှာ Graffiti လုပ်နိုင်ဖို့ ဦးဆုံးချပေးခဲ့ Workshop ကိုကော မင်းသိလား။ ၂၀၀၉ New Zero Art Movement ၊ ဝံသာနု၊ အဲ့ဒီ ပွဲတွေ မှာ ဘယ်လို အနုပညာ ပုံစံတွေကို Graffiti လို့ Street Art ပါရယ်လို့ ချပြခဲ့လဲသိလား။ မင်း အရှေ့ တောင်အာရှ Graffiti ပွဲတွေ ရန်ကုန်မှာ နှစ်ကြိမ်တောင်လုပ်ပြီးပြီ မင်းကြားမိလိုက်လား။ အဲ့ဒီမှာ နိုင်ငံတကာက လူတွေ ဘယ်လို လက်ရာမျိုးတွေပြသွားလဲ ကြည့်မိလိုက်လား။ သူတို့ လာတုန်းက အစ်ကို ပြသနာ တစ်ခု တက်ဖူးတယ်။ စင်ကာပူက Writer တစ်ယောက်မေးတာကွ။ မင်းတို့ နိုင်ငံက Myanmar Graffiti ဆိုတာ ဘာလဲတဲ့။ ဒါကတော့ဖြင့် ဒီကောင်တွေနိုင်ငံက Graffiti ပုံစံကွ ဆိုပြီး သတ်မှတ်ရခက်နေတာတဲ့။ သူ google မှာ ရှာတာ အိုဘားမား ပုံပဲတွေ့ တယ်တဲ့၊ သေရော။ ငါရန်ကုန်ရောက်မှ အော် ဒီကောင်တွေ ငါတို့ လို လိုင်းစုံသေသေချာချာ ရှိပါလားဆိုပြီး ငါသိရတာတဲ့။ မင်းစဉ်းစားကြည့်ပါ။ ငါ မင်းကြိုက်တဲ့ အနုပညာရှင်ကို ဒါကြီးလုပ်တာ မှားတယ်ဆိုပြီး အပြစ် ပြောနေတာ မဟုတ်ပါဘူး။ ငါတို့ မှာ တစ်ခါတစ်ရံ အဲ့လို ကြုံရတယ်လို့ မင်းသိအောင်ပြောတာ။ လူတိုင်းမှာ သူများကို မထိခိုက်သေးသ၍ မိမိကြိုက်ရာ လုပ်နိုင်တယ် ဆိုတဲ့ လွတ်လပ်ခွင့်ရှိတယ်။ နှစ်သက်ရာကို လုပ်နိုင်တယ်။ ခုနကပြောတာကို ပြန်ဆက်ရင် သူတို့ က Graffiti ဆိုတော့ Graffiti စံနဲ့ တိုင်းတာကွ။ Obey ကို မင်းမထောက်ပြနဲ့ ၊ သူရဲ့ Propaganda Theme ကို မင်းနားလည်အောင်လုပ်။ တလက်စထဲ Banksy ရဲ့  Brandalism ကိုလေ့လာ။ သူဘာလို့  Brandalism ကို တင်ဆက်ခဲ့လဲဆိုတာ မင်းလေ့လာ။ သူ့ ရဲ့  Exit Through The Gift Shop ကို ကြည့်။ အဲ့ဒီမှာ လက်ရာတွေနဲ့ လူမှုဘဝနဲ့ ဘယ်လို ဆက်စပ်နေလဲ ရှာ၊ ဒါမှ မင်း လက်ရာအကြောင်း ခွဲခြား သိမှာ၊ ငါပြောသလို 1970 NY GRAFFITI ART MOVEMENT ကို လဲ သေချာကြည့်၊ အဲ့ဒီမှာ Tag၊ Wild Style၊ Throw Up၊ Bombing တွေဆိုပြီး ဘာလို့ အဆင့်ဆင့်ပေါ်လာလဲ တွေ့ လိမ့်မယ်။ အဲ့မှာမှ မင်းပြောတဲ့ လမ်းသရဲတွေက အရေးပါလား မပါလား ညီကိုယ်တိုင် ဆုံးဖြတ်။ ပြည်ပ မီဒီယာတွေ ဖော်ပြတဲ့ Graffiti ကဘယ်လို ဟာတွေလဲဆိုတာ သေချာဖတ်ကြည့်ဦး။ နယူးယောက်တိုင်းမ် တောင် Piece လို့ သုံးတယ်ကွ လမ်းသရဲဆန်ဆန်ပဲ။ မင်းခု ဓါတ်ပုံတင်ပြီး ပြောလိုက်တဲ့ လူတွေက ဘယ်လို လူတွေဆိုတာကိုလဲ သေချာ လေ့လာ ငါ့ညီ။ တကယ့် Graffiti ရဲ့ အနှစ်သာရက ဘာလဲ၊ Street Art ဆိုတာ တွေကို လိုက်ဖတ်ပြီး ကွဲပြားအောင် ခွဲခြား။ တလက်စထဲ ဒီနေ့ ပြပွဲတွေမှာနမည် တပ်ထားတဲ့ Urban Art ဆိုတဲ့ အသုံးအနှုန်းကိုပါ သိအောင်လုပ်ဦးငါ့ညီ။ မသိတာရှိရင် အစ်ကို့ ကို လာမေးလို့ ရတယ်။ ဟုတ်ပြီလား စောဖိုးခွားရဲ့ လင့်ပါ https://facebook/Minn.Tar.39
Posted on: Tue, 24 Sep 2013 05:13:14 +0000

Trending Topics



Recently Viewed Topics




© 2015