ကျွန်တော် ရေးတဲ့ e book က - TopicsExpress



          

ကျွန်တော် ရေးတဲ့ e book က ကွန်ပျူတာနဲ့မှ ဖတ်လို့ရမှာပါ.. ဖုန်းသမားတွေက များနေတော့ ဒေါင်းလို့ရလည်း ဖတ်လို့ရမယ် မထင်ပါ.. ဒီအတွက် online မှာတင် ဖတ်နိုင်အောင် တင်ပေးပါ့မယ်.. ပုံတွေနဲ့ဆိုတော့ ခု ကွန်နက်ရှင်နဲ့ တင်မရသေးပါ.. မလုပ်တတ်သေးသူများ ခဏ သည်းခံ စောင့်ပေးပါဦး... အဆင်ပြေတာနဲ့ တင်ပါ့မယ်.. ဒီ ငွေရှာတဲ့ site တွေအပြင် android ဖုန်းသမားများအတွက် အကျိုးရှိမယ့် apk လေးတွေ.. ပညာလေးတွေလည်း ရှာဖွေ တင်ပေးဖို့ စိတ်ကူးထားပါတယ်.. မသိသေးသူများကလည်း မေးမြန်းနိုင်ပါတယ်.. သိသူများကလည်း ပြန်လည် ဝေမျှဖို့ ဖိတ်ခေါ်ပါတယ်.. ကျွန်တော် အဓိကလုပ်နေတဲ့ site တစ်ခု လုံးဝ suspend အလုပ်ခံလိုက်ရပြီးပါပြီ.. မယုံကြည်ရတဲ့ site ဖြစ်နေလို့ မဟုတ်ပါ.. တကယ်ယုံကြည်ရပြီး အစဉ်အလာရှိတဲ့ သက်တမ်းရင့် site ပါပဲ.. သူ့စည်းကမ်းကို ဖောက်ဖျက်သလိုဖြစ်သွားလို့ပါ.. ဘယ်လိုဖြစ်သွားလဲဆိုတော့.. ဒီ page ကို တင်တော့မယ် ဆိုတဲ့အခါ.. မသိသေးသူများအတွက် လုပ်နည်း အသေးစိတ် e-book ရေးဖို့ လိုလာပါတယ်.. ဒါနဲ့ Register လုပ်ပုံ အစ အဆုံး screen shoot ရအောင် account တစ်ခုထပ်မံဖွင့်ပြပါတယ်.. ကြော်ငြာ click တာကအစ.. ပြီးဆုံးတဲ့ ပုံအထိ အဆင့်ဆင့် screen shoot ရိုက်ရင်း လုပ်သွားတဲ့အချိန်ထိ ဘာမှမဖြစ်သေးပါ.. စာအုပ်ရေးပြီးလို့ link ထုတ်ပြီး ပို့စ်တင်ပြီးပြီဆိုတော့မှ.. account သစ်ကို log out လုပ်ပြီး မူရင်း account ကို ဖွင့်လိုက်ပါတယ်.. တေပြီ ဆရာ.. “Sorry! Your ip is suspended.” ရှယ်ယာတွေလည်း တချို့ ၀ယ်ပြီးနေပြီ.. ၀င်ငွေလည်း အထိုက်အလျောက် ရနေပြီ.. ဘာမှ လုပ်မရတော့ပါ.. account သစ်ကို ဖွင့်ကြည့်တော့လည်း သူ့လည်း ပိတ်လိုက် ပါပြီ.. အချိန်တော်တော်ကြာ လုပ်ထားရလို့.. နှမြောတော့ နှမြောမိပေမယ့် သိပ်တော့ မခံစားရပါ.. ဘာမှ ဆုံးရှုံးသွားတာလည်း မဟုတ်ဘူးလေ.. လုပ်ရင်းနဲ့ ရလိုက်တဲ့ အသိပညာတွေက အမြတ်ပေါ့… ကြော်ငြာတွေ click ရင်း ရလိုက်တဲ့ ပညာတွေလည်း မနည်းပါဘူး.. ပိတ်ခံလိုက်ရပြီဆိုတော့.. link လည်း သေပြီလေ.. ဒါနဲ့ တင်ထားတဲ့ပို့စ်ကို ပြန်ဖျက်.. share လိုက်တဲ့သူတွေဆီလည်း msg ပို့ပြီး ဖျက်ခိုင်းလိုက်ရတယ်.. နောက် site တစ်ခုနဲ့ လုပ်ပုံ ကိုင်ပုံ ပြန်ရေးရပါတယ်.. သဘောတရားအတူတူပဲ ဆိုပေမယ့်.. အစိမ်းသက်သက်သမားတွေအတွက် မျက်စိလည်မှာ စိုးလို့ ပြန်လုပ်ပြရပါတယ်.. ဒီတစ်ခါတော့ account သစ်မှာ ကြော်ငြာ မကလစ်တော့ပါဘူး.. ကြော်ငြာ ကလစ်မိတာနဲ့ ပိတ်တော့မှာလေ..ဒါပေမယ့် သတိပေးခံလိုက်ရပါတယ်.. you have multipal account. ဆိုပြီး မူရင်း account ကို အ၀င်မခံပါဘူး..သွားပြီ. ပိတ်ခံရပြီထင်တာ..တော်သေးတယ်..နောက်ရက်ကျတော့ ပြန်ဝင်လို့ရသွားတယ်..တစ်ရက် အပိတ်ခံလိုက်ရပါတယ်.. နောက်တစ်ခုက ကျတော့ အပိတ်ခံရတာ မဟုတ်ပါ.. အရိုက်ခံရတာ.. ကြော်ငြာမှာ 2$ minimum payout ဆိုလို့ ၀င်လုပ်နေတာ ကြာပြီ.. ထုတ်တော့မယ်ဆိုမှ 10$ minimum တဲ့ဗျာ.. မသင်္ကာတာနဲ့ site ပေါင်းစုံ၊ forum ပေါင်းစုံ မွှေနှောက်ကြည့်တယ်.. တကယ့် ဆရာကြီးရဲ့ site တစ်ခုမှာ သတိပေးထားတာက scammer တဲ့.. နောက် site တစ်ခုမှာကျတော့ Top Ten စာရင်းဝင်တဲ့.. ဘာယုံရမှန်းမသိ..ကြော်ငြာက ရိုက်တာလား.. Site ကိုက ရိုက်တာလား..မသိသေးပါဘူး.. စ မိ မှတော့ အရန်သဘောထားပြီး ရေဆုံးရေဖျား စမ်းကြည့်ဖို့ စိတ်ကူးထားတယ်.. ဘာမှ မရလည်း ပညာရတာ အမြတ်ပဲလေ.. 10$ ရအောင်လုပ်ပြီး ထုတ်ကြည့်သေးတာပေါ့.. တကယ် ယုံကြည် ရ မရ သိရမှာပဲလေ.. သေချာမှ ပဲ တင်ပေးတော့မယ်..အခု တင်ပေးတဲ့ site တွေကတော့ payout ကို သေချာစစ်ပြီးပါပြီ.. ယုံကြည်ရပါတယ်.. ဝေဖန်အကြံပြုချက်များ comment ပေးခဲ့နိုင်ပါတယ်.. ကျေးဇူးတင်ပါတယ်.. အဆင်ပြေကြပါစေ.. facebook/kyaw.thiha.54966
Posted on: Thu, 26 Sep 2013 17:38:57 +0000

Trending Topics



Recently Viewed Topics




© 2015