ကျွန်တော်က - TopicsExpress



          

ကျွန်တော်က အသံကောင်းတာထက် ရုပ်ကပိုချောနေလို့ လားမသိဘူး .. သီချင်းတွေတင်ရင် " like " သိပ်မရပေမယ့် ဓါတ်ပုံတွေတင်ရင် " like " တွေ အများကြီးရပါတယ် .. ဟဲဟဲ ( နောက်တာပါ .. အတည်ဆိုလည်း ဟုတ်မလားပဲ ) .. သို့ ပေမယ့် ရင်ထဲက ဆန္ဒကို ရိုးစင်းစွာ ထုတ်ဖော်ပြောပြရမယ်ဆိုရင်ဖြင့် လူနဲ့ ရုပ်ကို အားပေးတာထက် ကျွန်တော့်ရဲ့ သီချင်းနဲ့ အသံကို အားပေးတာကို ပိုပြီးအလိုရှိပါတယ် .. အဲ့လိုပြောရင် သက်သက်လူမုန်းအောင်ပြောတာမျိုးမဟုတ်သလို ပရိတ်သတ်ရဲ့ စေတနာနဲ့ မေတ္တာကို စော်ကားတာမဟုတ်ပါဘူးလို့ တော့ ဖြေဆေးကျွေးပါရစေနော်ခင်ဗျ .. အင်းပေါ့လေ .. ခက်တော့လည်းခက်ပါတယ် .. ဘာလို့ လည်းဆိုတော့ သီချင်းနားထောင်တာက ငါးမိနစ်လောက်ကြာပေမယ့် ဓါတ်ပုံတင်တာက ၅စက္ကန့် တောင်မှမကြာဘူးလေ .. အခုပရိတ်သတ်ကို ဖွင့်ပြမယ့်သီချင်းကတော့ ကျွန်တော်တို့  အိပ်မက်ဆုံရာ season 1 ရဲ့ သူငယ်ချင်းဆယ်ယောက်စလုံး တစ်ယောက်တစ်ပုဒ်စီ နဲ့  အဖွဲ့ လိုက်တစ်ပုဒ် ပါဝင်သီဆိုထားကြတဲ့ " ရှင်သန်ခြင်း အိပ်မက်များ " ဆိုတဲ့ စီးရီးလေးထဲက ကျွန်တော် ဆိုထားတဲ့ " သွားမချော့နဲ့  " ဆိုတဲ့သီချင်းလေးပါ .. လူသိအရမ်းများတဲ့ ကော်ပီသီချင်းကိုမှ ရွေးချယ်သီဆိုမိခဲ့တာကိုတော့ ကျွန်တော့်ရဲ့ အဓိက သီချင်းရွေးချယ်မှုအားနည်းချက်အဖြစ် ၀န်ခံပါရစေ .. တီးလုံးတီးတဲ့အပိုင်း အရမ်းအားနည်းတာကတော့ အဲ့ဒီစီးရီးခွေဟာ ပါဝင်သီဆိုသူတွေရဲ့ စိတ်ကြိုက် ဖန်တီးမှုများမဟုတ်ပဲ ပရိုဂျူဆာနဲ့  အဆင်ပြေအောင် တီးကြဆိုကြတာမို့  တခြားလိုအပ်ချက်တွေလည်းအများကြီးရှိနေနိုင်ပါသေးတယ် .. ကျွန်တော်ဒီသီချင်းကို ဆိုဖြစ်တဲ့အကြောင်းရင်းကတော့ အဓိကက သံစဉ်ထက် သီချင်းစာသားကို ကြိုက်လို့ ပါ .. သီချင်းဆိုလိုရင်းက စုံတွဲတစ်တွဲမှာ ကောင်လေးနဲ့ ကောင်မလေးနဲ့ က အမြဲတမ်းရန်ဖြစ်ကြတဲ့အတွဲတစ်တွဲ .. အဲ့အတွဲမှာ ကောင်လေးကပဲ အမြဲတမ်းအရှုံးပေး အလျှော့ပေးပြီး ပြန်ချော့ရတယ် .. အဲ့ဒီအတွဲကို ကျွန်တော်က ဘေးလူတစ်ယောက်အနေနဲ့ အဲ့ဒီအတွဲထဲက ကောင်လေးကို " ဟေ့ကောင် .. ဒီတစ်ခေါက် မင်းကောင်မလေး စိတ်ဆိုးနေတာကို မင်းသွားချော့မနေနဲ့  .. ပစ်ထားလိုက် .. လွှတ်ထားလိုက်စမ်းပါ .. သူတကယ်ချစ်ရင် သူ့ ဟာသူ ပြန်လာပလေ့စေ .. ကိုယ်ကချည်း ချစ်လွန်းလို့ အမြဲတမ်း အရှုံးပေး အလျှော့ပေးနေရရင် လူတွေက ချစ်တာကို အနိုင်ယူပြီး အကန်းတက်ချင်ကြတယ် .. သွားမချော့နဲ့  " ဆိုပြီး သူများစုံတွဲကြား ၀င်ပြီးလျှာရှည်ထားတဲ့ သာမာန်သမရိုးကျ သီချင်းစာသားပုံစံလေးနဲ့ မတူပဲ ကွဲထွက်နေလို့ ဆိုဖြစ်တာပါ .. နားဆင်အားပေးကြပါဦးနော် .. သီချင်းတီးလုံးနဲ့  အဆိုပိုင်းဆိုင်ရာမှာ လိုအပ်ချက်တွေများ ရှိနေတဲ့အတွက်ကြောင့် ခွင့်လွှတ်သောနား .. ခွင့်လွှတ်သောစိတ်နှလုံးတို့ ကို အရင်းခံပြီး ဖြည့်စွက်နားလည် နားဆင်ပေးကြပါခင်ဗျာ ... :) https://soundcloud/r-ker/rfs3lsdpzdyg
Posted on: Mon, 08 Jul 2013 13:40:02 +0000

Trending Topics



Recently Viewed Topics




© 2015