ဂျပန်နိုင်ငံ၏ - TopicsExpress



          

ဂျပန်နိုင်ငံ၏ အကူအညီဖြင့် တည် ဆောက်ပေးနေသော မြန်မာနိုင်ငံ၏ မြို့ကြီး သုံးမြို့ကို ဆက်သွယ်ပေးမည့် မြန်နှုန်းမြင့် ဖိုက်ဘာဆက်ကြောင်းကို မြန်မာနိုင်ငံတွင် လက်ခံကျင်းပမည့် အရှေ့တောင် အာရှအား ကစား ပြိုင်ပွဲကြီးအမီ အပြီး တည်ဆောက် သွားမည်ဟု ဆူမီတိုမို ကော်ပိုရေးရှင်း၏ Telecommunication Business Deptမှ General Managen Mr. Y Beninoက ပြောကြားခဲ့ကြောင်း သိရပါသည်။ မြန်မာ နိုင်ငံ၏ အဓိက မြို့ကြီးသုံးမြို့ဖြစ်သည့် နေပြည်တော် ရန်ကုန်နှင့် မန္တလေးတို့သို့ ဆက်သွယ်မည့် ဆက်သွယ်ရေး ဖိုက်ဘာ ဆက်ကြောင်းကို ဂျပန်နိုင်ငံ၏ ကူညီ ထောက်ပံ့ငွေဖြင့် ဆူမီတိုမို၊ NECနှင့် NTT ကုမ္ပဏီတို့မှ Optical Fiber-Based ဆက် သွယ်ရေး ဆက်ကြောင်း တည်ဆောက်ရန် မြန်မာအစိုးရနှင့် အပြီးသတ် စာချုပ် ချုပ်ဆို ပြီးကြောင်း၊ သက်ဆိုင်ရာ အင်ဂျင်နီယာများ အားလုံး ရောက်နေပြီး နိုဝင်ဘာလကုန်မှာ အပြီး တည်ဆောက်ရမှာ ဖြစ်ကြောင်း၊ မြို့ကြီး သုံးမြို့အပြင် အားကစားရုံကြီးများ အတွင်းပိုင်းကိုလည်း ဆက်သွယ်ပေးသွား မှာ ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ ဆက် ကြောင်းများ တည်ဆောက်မည့် ဂျပန် ကုမ္ပဏီကြီးသုံးခုက တစ်စက္ကန့်လျှင် ၃၀ဂစ် ဂါဘိုက် ထုတ်လွှတ်နိုင်စွမ်းရှိမည့် မြန်နှုန်း မြင့် ကွန်ရက်ကို တည်ဆောက်သွား မည်ဖြစ် ပြီး တစ်စက္ကန့် လျှင် ၁၀ဂစ်ဂါဘိုက်နှုန်းဖြင့် အသံနှင့် ဒေတာများ ထုတ်လွှင့်နိုင်မည့် Fiber-Oplic ကွန်ရက်များ တပ်ဆင်သွား မည်ဟု ဆိုပါသည်။ မူရင်းလင့် - myanmarict/whats-on/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%82%8F%E1%82%88%E1%80%94%E1%80%B9%E1%80%B8%E1%80%BB%E1%80%99%E1%80%84%E1%80%B7%E1%80%B9-%E1%80%96%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%98%E1%80%AC%E1%80%86/
Posted on: Sun, 09 Jun 2013 16:34:43 +0000

Trending Topics



Recently Viewed Topics




© 2015