စောင့်လေမျိုးနွယ် - TopicsExpress



          

စောင့်လေမျိုးနွယ် ဆိုတာ ဘာလဲ? ==================================== မိဘတို့၏ ဥစ္စာကို မပျက်အောင် စောင့်ထိန်းခြင်း၊ အစဉ်အဆက်မှ လာသော ကုသိုလ်ဝတ်ကို ပြု ခြင်းဖြင့် အမျိုးအနွယ်ကို တည်စေအံ့။ ==================================== သိင်္ဂါလသုတ်၊ ပါထိကဝဂ် ၂၆၇။ 'ပဉ္စဟိ ခေါ၊ ဂဟပတိပုတ္တ၊ ဌာနေဟိ ပုတ္တေန ပုရတ္ထိမာ ဒိသာ မာတာပိတရော ပစ္စုပဋ္ဌာတဗ္ဗာ -- ဘတော နေ [မူကွဲ-နေသံ (ဗဟူသု)] ဘရိဿာမိ၊ ကိစ္စံ နေသံ ကရိဿာမိ၊ ကုလဝံသံ ဌပေဿာမိ၊ ဒါယဇ္ဇံ ပဋိပဇ္ဇာမိ၊ အထ ဝါ ပန ပေတာနံ ကာလင်္ကတာနံ ဒက္ခိဏံ အနုပ္ပဒဿာမီတိ။ ဣမေဟိ ခေါ၊ ဂဟပတိပုတ္တ၊ ပဉ္စဟိ ဌာနေဟိ ပုတ္တေန ပုရတ္ထိမာ ဒိသာ မာတာပိတရော ပစ္စုပဋ္ဌိတာ ပဉ္စဟိ ဌာနေဟိ ပုတ္တံ အနုကမ္ပန္တိ။ ပါပါ နိဝါရေန္တိ၊ ကလျာဏေ နိဝေသေန္တိ၊ သိပ္ပံ သိက္ခာပေန္တိ၊ ပတိရူပေန ဒါရေန သံယောဇေန္တိ၊ သမယေ ဒါယဇ္ဇံ နိယျာဒေန္တိ [မူကွဲ-နိယျာတေန္တိ (က၊ သီ)] ဣမေဟိ ခေါ၊ ဂဟပတိပုတ္တ၊ ပဉ္စဟိ ဌာနေဟိ ပုတ္တေန ပုရတ္ထိမာ ဒိသာ မာတာပိတရော ပစ္စုပဋ္ဌိတာ ဣမေဟိ ပဉ္စဟိ ဌာနေဟိ ပုတ္တံ အနုကမ္ပန္တိ။ ဧဝမဿ ဧသာ ပုရတ္ထိမာ ဒိသာ ပဋိစ္ဆန္နာ ဟောတိ ခေမာ အပ္ပဋိဘယာ။ ၂၆၇။ သူကြွယ်သား ငါးပါးသော အကြောင်းတို့ဖြင့် သားသမီးသည် အရှေ့အရပ်မည်သော မိဘ တို့ကို ပြုစုအပ်ကုန်၏။(ငါ့ကို ငါ့မိဘတို့) မွေးမြူအပ်၏၊ (ငါသည်) ထိုမိဘတို့ကို ပြန်၍ မွေးမြူအံ့။ ထိုမိဘတို့၏ အမှုကိစ္စကို ပြုအံ့။ မိဘတို့၏ ဥစ္စာကို မပျက်အောင် စောင့်ထိန်းခြင်း၊ အစဉ်အဆက်မှ လာသော ကုသိုလ်ဝတ်ကို ပြု ခြင်းဖြင့် အမျိုးအနွယ်ကို တည်စေအံ့။ အမွေခံထိုက်အောင် (မိဘတို့၏ အဆုံးအမကို) ကျင့်ကြံ လိုက်နာအံ့။ ထိုမှတစ်ပါး ကွဲကွာသေလွန်သော မိဘတို့၏ အလို့ငှါ အလှူပေးအံ့ဟု (ပြုစုကုန်၏)။ သူကြွယ်သား ဤငါးပါးသော အကြောင်းတို့ဖြင့် သားသမီးသည် ပြုစုလုပ်ကျွေးအပ်ကုန်သော အရှေ့အရပ်မည်သော မိဘတို့သည် အကြောင်းငါးပါးတို့ဖြင့် သားသမီးကို စောင့်ရှောက်ကုန်၏။ မကောင်းမှုမှ တားမြစ်ကုန်၏။ ကောင်းမှု၌ သက်ဝင်စေကုန်၏။ အတတ်ကို သင်စေကုန်၏။ လျောက်ပတ်သော မယားနှင့် ထိမ်းမြားပေးကုန်၏။လျောက်ပတ်သော အချိန်၌ အမွေဥစ္စာကို အပ်နှင်းကုန်၏။ သူကြွယ်သား ငါးပါးသော အကြောင်းတို့ဖြင့် သားသမီးသည် ပြုစုလုပ်ကျွေးအပ်ကုန်သော အရှေ့ အရပ်မည်သော မိဘတို့သည် ဤငါးပါးသော အကြောင်းတို့ဖြင့် သားသမီးကို စောင့်ရှောက်ကုန်၏၊ ထို သားသမီးသည် ဤသို့ လုပ်ကျွေးသည်ရှိသော် ထိုအရှေ့အရပ်သည် လုံခြုံ၏၊ ငြိမ်းချမ်း၏၊ ဘေးကင်း၏။ "In five ways, young householder, a child should minister to his parents as the East: (i) Having supported me I shall support them, (ii) I shall do their duties, (iii) I shall keep the family tradition, (iv) I shall make myself worthy of my inheritance, (v) furthermore I shall offer alms in honor of my departed relatives. "In five ways, young householder, the parents thus ministered to as the East by their children, show their compassion: (i) they restrain them from evil, (ii) they encourage them to do good, (iii) they train them for a profession, (iv) they arrange a suitable marriage, (v) at the proper time they hand over their inheritance to them. "In these five ways do children minister to their parents as the East and the parents show their compassion to their children. Thus is the East covered by them and made safe and secure.
Posted on: Sat, 13 Jul 2013 07:52:56 +0000

Trending Topics



Recently Viewed Topics




© 2015