စင်ကာပူ အကြောင်း - TopicsExpress



          

စင်ကာပူ အကြောင်း တော်တော်ပြေ့ပြေ့စုံစုံ ရေးထားတာကို ထပ်ဆင့် ရှယ်ပေးလိုက်ပါတယ်။ အများစုကြုံရတာက ဘာမှမသိ၊ မပြင်လာဘဲ၊ အသိရှိတယ်၊ လက်မှတ် နဲ့ အတွေ့အကြုံ အတုတွေ လုပ်လာတယ်ဆိုတာမျိုးပါ။ နောက်ဆုံး ဒုက္ခတွေရောက်ပြီးပြန်ရတော့မှ နောင်တရကြပါတယ်။ မလာခင်ကပြောတာတွေကို အပိုတွေလို့ ယူဆမှားခဲ့ကြသူတွေကို ဘာဘဲပြောလိုက်နှိုင်လဲဆိုတော့၊ နောက်လာမဲ့သူတွေကို ကိုယ့်ဖြစ်ရပ် အမှန်အတိုင်း ပြောပေးပါလို့ဘဲ မေတ္တာရပ်ခံရတော့တာပါဘဲ။ တချို့ ပြည်တွင်းက လာချင်တဲ့သူတွေ မေးလာရင် အမှန်အတိုင်း မပြောဘဲ၊ ထင်ယောင်ထင်မှားတွေလိမ်ပြောကြတော့ နောက်လူတွေ အဟုတ်ထင်ပြီး အမှားတွေ ထပ်လုပ်ကြတာပေါ့။ ဥပမာ - ရင်းနှီးတဲ့ အသိတယောက် သူ့အိမ်ကို ဓါတ်ပုံတွေပို့တယ် (လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကပါ)။ ပုံထဲမှာ အထပ် ၂၀ ကျော်မြင့်တဲ့ မှန်တွေနဲ့ ခန့်ညားနေတဲ့ အဆောက်အဦး ရဲ့ ရှေ့က ရုပ်တု အကြီးကြီး ရှေ့မှာ ကျကျနန ဝတ်စားပြီး ရိုက်ပြထားတယ်။ အပေါ်ဆုံးနားက မှန်ကွက် တကွက်ကို ဝိုင်းပြပြီး အဲဒါ သူနေတဲ့ အခန်းလို့ပြောတယ်။ အားကျစရာ ကြီးပေါ့ဗျာ။ မရောက်ဖူးသေးတဲ့ ကျွှန်တော့အတွက်တော့ အထူးအဆန်းပေါ့။ နောက် ကိုယ်ကိုတိုင် ရောက်လာပြီးမှ၊ သူရိုက်ပြလိုက်တဲ့ အဆောက် အဦး က မြို့လယ် က ဘဏ်အဆောက်အဦးကြီး ဖြစ်နေတယ်။ သူနေဖို့နေနေသာသာ မီလျံနာတွေတောင် နေချင်တိုင်းနေလို့ မရတဲ့ စီဘီဒီ လို့ခေါ်တဲ့ ရုံးတွေဘဲ ရှိတဲ့ နေရာက ဘဏ်တခုပိုင်တဲ့ ရုံးအဆောက်အဦးကြီးဖြစ်နေတယ်။ အဲဒီလို မဟုတ်မဟတ်တွေ ပြောပြီး နောက်လာမဲ့သူတွေကို လိမ်တာ ကြောင့်၊ နောက်လာမဲ့သူတွေမှာ ဒုက္ခတွေတွေ့ရတာကို ပြောချင်တာပါ။ စေတနာ နဲ့ အမှန်အတိုင်း ပြောတဲ့သူတွေလဲ ရှိပါတယ်၊ အတိုချုပ်ကတော့ ၁) နိုင်ငံခြားကို လာမယ်ဆိုရင် English လိုတော်တော်ပြောနှိုင်အောင် လုပ်လာခဲ့ပါ။ အသိကို အားကိုးပြီး မလာပါနဲ့။ ဘယ်သူမှ ကူညီမယ့်သူ မရှိဘူး၊ ကိုယ့်ဘာသာကိုယ် ဘဲ အားကိုးရမယ်ဆိုတဲ့ စိတ်မွေးပြီး လိုအပ်မယ်ထင်တာ အားလုံး ပြင်လာခဲ့ပါ။ ၂) ကိုယ် ကျွှမ်းကျင်တဲ့ အသက်မွေးဝမ်းကျောင်း ပညာနဲ့လာပါ။ (သို့) ယူထားတဲ့ ဘွဲ့နဲ့ သက်ဆိုင်တဲ့ အလုပ်လုပ်ထားတဲ့ အတွေ့အကြုံ ရှိမှလာပါ။ မဟုတ်ရင် သက်ဆိုင်ရာ အတွေ့အကြုံ ကို အရင် ပြည်တွင်းမှာ ရှာပါအုံး။ တချို့ ကံကောင်းတဲ့သူ (ကံကောင်းတဲ့သူ) တွေကတော့၊ ဘာအတွေ့အကြုံ မှ မရှိဘဲ ထွက်လာပြီး အဆင်ပြေသွာ:တာတွေ တော့ရှိပါတယ်။ ဒါပေမဲ့ သူတို့လဲ အတော်တော့ ရုန်းကန်လိုက်ရတာပါဘဲ။ ၃) စင်ကာပူနဲ့ ပတ်သက်တဲ့ ဗဟုသုတ တွေ ရနှိုင်သမျှလေ့လာခဲ့ပါ။ မလာခင် fb ကနေ ကြူနေမဲ့အစား၊ တခြား ဗဟုသုတ ဖြစ်စရာတွေ လေ့လာတာက ပိုအကျိုးများနှိုင်ပါတယ်။ ဆရာလုပ်တာ မဟုတ်ရပါဘူး။ အတွေ့အကြုံအရ နောက်လာမယ့်သူတွေ ဒုက္ခမရောက်စေချင်တာရယ်၊ အနှိမ်မခံရစေချင်တာရယ်ကြောင့်ပါ။ **** ပွဲစားတော်တော်များများကတော့ လိမ်ပြီးစားနေကြသူတွေများပါတယ်။ သူတို့ မိသားစု စားဝတ်နေရေး အတွက်ဆိုတော့လဲ သိပ်မပြောလိုပါဘူး။ ချင့်ယုံကြပါ။ Too good to be true! ဆိုတဲ့ စကားလဲရှိတာဘဲလေ။ ကြီးပွါးတိုးတက်ကြပါစေ။ မူရင်း ရေးတဲ့သူ HplusM ရဲ့ စင်ကာပူမှာ အလုပ်လာရှာတော့မယ်ဆိုရင် ကို ထပ်ဆင့် Share ပါသည်။ သူ၏ fb တွင် အခြား စိတ်ဝင်စားဖွယ်ရာများ ရှိနေပါသေးသည်။ သွားရောက်လေ့လာကြပါရန် တိုက်တွန်းလိုက်ပါသည်။
Posted on: Wed, 05 Mar 2014 07:05:54 +0000

Trending Topics



Recently Viewed Topics




© 2015