စလုံးမှာတော့ Pollutant Standard Index - TopicsExpress



          

စလုံးမှာတော့ Pollutant Standard Index ၁ဝဝ ကျော်ပြီး မြှင့်တက်လာတာနဲ့ အစိုးရကရော၊ လူတွေကရော ဆူဆူညံညံဖြစ်လာကြပါတယ်။ အင်ဒိုနီးရှားဘက်က တောမီးလောင်မှုကြောင့် ဖြစ်လို့ အင်ဒိုနီးရှားကိုလည်း ဖိအားပေးပြောဆိုပါတယ်။ တရုတ်ပြည်မှာတော့ ဒီ PSI ပမာဏက ရှန်ဟိုင်း၊ နန်းကျင်းပြည်နယ်နဲ့ အခြားသော ပြည်နယ်တစ်ချို့်မှာပုံမှန်လို အနေအထားမျိုး ဖြစ်နေခဲ့ပါပြီ။ တစ်ချို့ပြည်နယ်တွေမှာဆို ၁၈၀၊ ၂ဝဝ လောက်ရှိပါတယ်။ ခု လတ်တလောကို ရှန်ဟိုင်းမှာ ၁၇ဝ လောက်ရှိပါတယ်။ ဟိုတစ်လောက Nanjing နဲ့ Shenzhen ပြည်နယ် ၂ ခုကိုရောက်တုန်းက ကြည့်လေရာတိုင်း မှုန်ဝါးဝါးနဲ့ မြူတွေ ပိတ်နေပြီး ဘာကိုမှ ကောင်းကောင်း မမြင်ရချင်သလို အသက်ရှူလို့တောင် မဝသလို ခံစားခဲ့ရပါတယ်။
Posted on: Wed, 19 Jun 2013 07:26:59 +0000

Trending Topics



Recently Viewed Topics




© 2015