ဆင်တူရိုးမှား သတိထား - TopicsExpress



          

ဆင်တူရိုးမှား သတိထား အင်္ဂလိပ်စကားလုံးများ all ready နှင့် already already က “အရင်၊ ပြီးနှင့်သောအချိန်” ကိုညွှန်းသည့် adverb ဖြစ်သည်။ all ready က “လူတိုင်း” ကိုဆိုလိုသည်။ - We are ALL (= everyone) READY. ကျွန်တော်တို့အားလုံးအဆင်သင့်ဖြစ်ပြီ။ - It is ALL (= everything) READY. အရာအားလုံးအဆင်သင့်ပဲ။ - She was ALREADY dead (= by then) သူသေနှင့်ပြီ။ (သူ့ကိုစတွေ့သူမတိုင်ခင် အသက်မရှိတော့) all right နှင့် alright ကြေနပ်လောက်ပါတယ်။ အဆင်ပြေပါတယ်။ လက်ခံနိုင်စရာပါ။ အစဉ်အလာရေးထုံးအရ all right ကမှန်သည်၊ alright ကမမှန်ဟုယူဆနိုင်သော်လည်း ယခုအခါလူအများမှ alright အားလက်ခံသုံးစွဲလာကြပါသည်။ ပညာတတ်အများစုကတော့ သုံးစွဲဖို့ ဂရုပြုရှောင်ကျဉ်ကြပါသည်။ - What did you think of the film? It was all right. Nothing special. ရုပ်ရှင်ကိုဘယ်လိုသဘောရလဲ။ လက်ခံနိုင်စရာပဲ။ အထွေအထူးပြောစရာမရှိပါဘူး။ Read more - myanmar-network.net/forum/topics/3423487:Topic:982377
Posted on: Sat, 25 Jan 2014 03:30:00 +0000

Trending Topics



Recently Viewed Topics




© 2015