တောကြိုအုံကြား - TopicsExpress



          

တောကြိုအုံကြား နယ်စွန်နယ်ဖျားမှာ အသက်နဲ.ရင်းကာ တာဝန်ထမ်းဆောင်နေကြပါသော တပ်မတော်သား စစ်သည် အပေါင်းအား လေးစားဦးညွှတ်တဲ့ စိတ်နဲ. ဒီပို.စ်ကို ရေးဖြစ်ပါတယ်။ ကျွန်တော်ဟာ စစ်တပ်နဲ. စိမ်းလှသူ တစ်ဦး မဟုတ်ပါ။ ကျွန်တော့် ညီဝမ်းကွဲ နှစ်ဦးဟာ တပ်မတော်ဆေးတပ် အသီးသီးမှာ လက်ရှိတာဝန် ထမ်းဆောင်နေကြတဲ့ ပြန်တမ်းဝင်အရာရှိတွေပါ။ ဦးလေးအရင်းအချာ နှစ်ယောက်က (အဖေ့ ညီတစ်ယောက်၊ အမေ့ခဲအို တစ်ယောက်) အခြားအဆင့် စစ်သည်တွေပါ။ ဒီနှစ်ယောက်အနက် အဖေ့ညီက ကရင်ပြည်နယ်တွင်းက တိုက်ပွဲတစ်ခုမှာ ကျသွားပါတယ်။ အလောင်းတောင် ပြန်မရပါ။ နောက်တစ်ယောက်က ကျွန်တော် မမွေးခင်ကတည်းက မိုင်းထိလို. ခြေထောက်တစ်ဖက် ဖြတ်ထားရတဲ့ အငြိမ်းစား စစ်မှုထမ်းဟောင်း တစ်ယောက် ဖြစ်ပါတယ်။ ကျွန်တော် ၈ တန်းတက်တဲ့နှစ်မှာ အကောင်းအတိုင်း ကျန်နေခဲ့တယ်လို. ထင်ခဲ့ရတဲ့ သူ.ရဲ. နောက်ခြေထောက် တစ်ဖက်မှာ ၀င်နေတဲ့ မိုင်းဗုံးက သံတိုသံစကြောင့် ပေါင်ရင်း အတွင်းပိုင်းမှာ အနာဖြစ်ပြိး ပုပ်လာတဲ့ ဝေဒနာနဲ. (မိုင်းနင်းမိပြီး နှစ် ၂၀ နီးပါးကြာမှ) အသက်ဆုံးပါးခဲ့ရပါတယ်။ ကျွန်တော့် အဒေါ်နှစ်ယောက်ဟာ စစ်ကြောင့် ဖြစ်ခဲ့ရတဲ့ မုဆိုးမတွေပါ။ ကျွန်တော် စစ်သားတွေရဲ. ဘ၀ကို စာနာပါတယ်။ တပ်မတော် မိသားစုဝင်တွေရဲ. ဘ၀ကို နားလည်ပါတယ်။ ကျွန်တော် နားမလည်တာက အစစအရာရာ အနစ်နာခံနေရတဲ့ စစ်သားစစ်စစ်တွေရဲ. ဘ၀ကို လက်ညှိုးထိုးပြ အသုံးချပြီး ပြည်သူလူထုဆီက မျက်ရည်ကို ခြူစားနေကြတဲ့ စစ်သားစိတ်ဓာတ်မရှိတဲ့ စစ်ဗိုလ်တချို.ရဲ. လုပ်ရပ်တချို.ကိုပါ။ စစ်သားတွေရဲ. ဘ၀ဟာ ဘယ်လို နိမ့်ကျနေပါတယ်။ ဘယ်လို အငတ်ငတ် အပြတ်ပြတ်နဲ. တာဝန်ထမ်းဆောင်နေရပါတယ်။ တပ်မတော်သားတွေဟာ ပြည်သူအတွက် ဘယ်လို အနစ်နာ ခံနေကြရပါတယ် ဘာညာနဲ. ပြည်သူလူထု မျက်ရည်ကိုခြူဖို. ရည်ရွယ်တဲ့ ပို.စ်လေးတွေ ဖေ့စ်ဘွတ်ပေါ်မှာ ဟိုတစ်စ ဒိတစ်စ ဖတ်ရပါတယ်။ ပို.စ်တွေထဲမှာ ရေးထားတဲ့ တပ်မတော်သားတွေရဲ. ဘ၀တွေက အဖြစ်မှန်တွေပါ။ တပ်မတော်သားတွေဟာ ငတ်ပြတ်နေပါတယ်။ တပ်မတော်သားတွေမှာ ၀တ်စရာ လောက်လောက်ငင မရှိပါ။ တပ်မတော်သားတွေမှာ ၀၀လင်လင် စားစရာ မရှိပါ။ မြန်မာနိုင်ငံက တပ်မတော်သားတွေဟာ ဒေသတွင်း တခြားနိုင်ငံတွေက တပ်မတော်သားတွေနဲ. နှိုင်းယှဉ်ဖို. မဆိုထားနဲ. ကိုယ့်နိုင်ငံတွင်းက လမ်းဘေးဈေးသည်လောက်တောင် ပြောင်ပြောင်ယောင်ယောင် မရှိတဲ့ ဘ၀တွေနဲ. တာဝန်ထမ်းဆောင် နေရပါတယ်။ ခင်ဗျားတို. ရေးထားသမျှ အမှန်တွေပါပဲ။ ဒါပေမယ့် တစ်ခုတော့ မေးချင်ပါတယ်။ ဒီလို စုတ်ပြတ်သတ်နေတဲ့ ဘ၀တွေအတွက် ဘယ်သူတွေမှာ တာဝန်ရှိတယ်လို. ခင်ဗျားတို. ထင်ပါသလဲ??? လျှပ်စစ်မီးလာချိန်ထိ မစောင့်နိုင်တဲ့ အရေးပေါ် မွေးလူနာကို ညမှောင်မှောင် သန်းခေါင်ချိန်မှာ ဓာတ်မီးထိုးပြီး ခွဲစိတ်ပေးနေရတဲ့ ဆရာဝန်တွေမှာ တာဝန်ရှိနေပါသလား??? သင်ထောက်ကူပစ္စည်း မရှိ၊ ကိုးကားစာအုပ်က မပြည့်စုံ၊ ကျောင်းခေါင်မိုးက ကျိုးတို.ကျဲတဲ၊ စာသင်ခုံ ခနော်နီခနော်နဲ.ကြားက ကျောင်းဆရာ ဆရာမတွေမှာ တာဝန်ရှိပါသလား??? ဒါမှမဟုတ် တက္ကစီမောင်းရင်း အခွန်ဆောင်နေတဲ့ ဦးလေးကြီးတွေနဲ. ဈေးရောင်းရင်း ဈေးကောက်ပေးနေတဲ့ အဒေါ်ကြိးတွေမှာ တာဝန်ရှိပါသလား??? ကိုယ်ရတဲ့လခ ချွေးနည်းစာထဲက တစ်လကို အခွန် ၁၀% ဆောာင်နေတဲ့ ကုမ္မဏီဝန်ထမ်း ညီ/ညီမလေးတွေ (သို.မဟုတ်) နိုင်ငံခြားမှာ အလုပ်လုပ်ရင်း မြန်မာပြည်ထဲကို ငွေလွှဲပို.ပေးနေတဲ့ အစ်ကိုကြီးတို./အစ်မကြီးတို.တစ်တွေ … သူ.တို.တွေထဲက ဘယ်သူ.မှာများ တာဝန်ရှိနေပါသလဲဗျာ??? ကျွန်တော် ထပ်မေးပါရစေ … ခင်ဗျားတို. ရေးထားတဲ့ ပို.စ်တွေထဲက စုတ်ပြတ်သတ်နေတဲ့ တပ်မတော်သားများရဲ. ဘ၀တွေအတွက် ဘယ်သူ.မှာ တာဝန်ရှိတယ်လို. စွပ်စွဲချင်ပါသလဲ ခင်ဗျာ??? ဒီမေးခွန်းကို သတ္တိရှိရှိ လိပ်ပြာသန်.သန်. ရိုးရိုးသားသား စစ်သားပီပီ ဖြေစေချင်တယ်။ မြန်မာနိုင်ငံရဲ. ဘတ်ဂျတ်တော်တော်များများကို စစ်တပ်က လက်ဝါးကြီးအုပ်ထားတာ အားလုံး သိပြီးဖြစ်လို. အကျယ်ချဲ.ပြီး မပြောလိုတော့ပါ။ ဒါ့အပြင် တပ်ရင်းတိုင်းက ထည့်ဝင်ထားတဲ့ ရှယ်ယာတွေအတွက် ဦးပိုင်က တစ်နှစ်ကို ဘယ်လောက် အမြတ်ခွဲဝေပေးနေတယ်ဆိုတာ ခင်ဗျားတို. အရာရှိအဆင့်တွေ သိကြမယ်လို.လဲ ယူဆပါတယ်။ (မသိရင် ပြောပါ။ နောက်ထပ် ပို.စ်တစ်ခု ရေးပေးပါ့မယ်) ဒါ့အပြင် တပ်တွင်းမှာလဲ ကြက်ခြံ၊ အထည်ချုပ်စက်ရုံ မြေငှားခ၊ ရေသန်.စက်ရုံ၊ ဂေါက်ကွင်း စတာတွေအပြင် အဝေးပြေးကားလိုင်းတွေလိုမျိုး တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေ အသီးသီး ရှိကြတယ်ဆိုတာ ခင်ဗျားတို.က ကျုပ်ထက်ပိုပြီး အတွင်းကျကျ အသေးစိတ် သိကြမှာပါ။ တချို.တချို. တပ်များဆိုရင် ကျောက်ကွက် သစ်ကွက်လို စီးပွားရေးတွေတောင် ရှိကြပါတယ်ဗျာ။ လူမသိအောင် လုပ်ထားတာက တစ်ပိုင်းဆိုတော့ ထားပါတော့ဗျာ။ ဒီလို နေရာအသီးသီးက ရလာတဲ့ ၀င်ငွေတွေကို ဘယ်လိုများ ခွဲဝေသုံးစွဲနေတယ်ဆိုတာ လူအများရှေ.မှာ လိပ်ပြာသန်.သန်. ချပြရဲတဲ့ စစ်တပ်အုပ်ချုပ်ရေးပိုင်းကပုဂ္ဂိုလ် ဘယ်နှစ်ဦး ရှိမယ်လို. ခင်ဗျားတို. ထင်ပါသလဲခင်ဗျာ??? ကာကွယ်ရေး ၀န်ကြီးဌာနဟာ မြန်မာနိုင်ငံမှာ ၀င်ငွေအကေင်းဆုံး ၀န်ကြီးဌာနပါ။ ဒါပေမယ့် ဒီဌာနက တပ်မတော်သား မိသားစုဝင်တွေကတော့ အဖေရှေ.တန်းသွားတုန်းမှာ သားဖြစ်သူက စားသောက်ဆိုင်မှာ စားပွဲထိုး ၀င်လုပ်ရရှာပါတယ်။ သမီးတွေက အထည်ချုပ်မှာပါ။ မိခင်ဖြစ်သူက အိမ်တာဝန်ကိုယူရင်း မကြာခဏဆိုသလို ပေါ်လာတတ်တဲ့ ကြက်ဆူပင်စိုက်ဖို.၊ တပ်တွင်းသန်.ရှင်းရေးလုပ်ဖို.၊ တပ်မိသားစုများ သက်သာချောင်ချိရေးကြက်ခြံမှာ လုပ်အားပေးဖို.၊ အခြေခံစစ်သင်တန်းတက်ဖို.၊ တပ်ရေးဗိုလ်ကြီးအိမ်မှာ ကူဖော်လောင်ဖက်လုပ်ဖို. စတဲ့ စတဲ့ အလုပ်တွေအတွက် အသင့်ရှိနေရပါတယ်။ ဒါတပ်တိုင်းလိုလိုမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေပါ။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ လက်ထက်ကတည်းက လေးလပတ် အစည်းအဝေးတွေရဲ. မပါမဖြစ် ခေါင်းစဉ်က ဘာလဲဆိုတာ ခင်ဗျားတို. မှတ်မိနေဦးမှာပါ။ တပ်ပြေးများတဲ့ပြသနာ။ မြန်မာနိုင်ငံမှာ တပ်ပြေးအရေအတွက် များလွန်းလို. ပြေးတဲ့စာရင်းနဲ. ကာမိအောင် တပ်နယ်တိုင်းမှာ စီမံချက်နဲ. စစ်သားစုဆောင်းရေးတွေ အူယားဖားယား လုပ်ရတာ ခင်ဗျားတို.အားလုံး မှတ်မိကြမှာပါ။ နယ်စပ်မှာ အားလုံးလိုလို အပစ်ရပ် ငြိမ်းချမ်းရေးယူထားတဲ့ ကာလတွေမှာ စစ်သားတွေ ဘာ့ကြောင့် တပ်ကပြေးလဲ??? ဗိုလ်ချုပ်မှုးကြီးကိုယ်တိုင် ပြောတာကတော့ တပ်မှာ မပျော်လို.ပါ။ ဘာ့ကြောင့် မပျော်လဲဆိုတော့ ခေါင်းဆောင်တွေက ဂုတ်သွေးစုတ် ကိုယ်ကျိုးရှာလို.ပါပဲ။ မတရားမှုတွေက တပ်တွင်းမှာ နေ.စဉ်လိုလို ဖြစ်နေလို.ပါပဲ။ တပ်မိသားစုဝင်တွေရဲ. ရာရှင်ဆန်တွေကို အကျိုးအကြေနဲ.ရော၊ အကောင်းနဲ.အညံ့လဲပြီး ဂုတ်သွေးစုပ် ကိုယ်ကျိုးရှာတာ အရပ်သား တစ်ယောက်မှ မပါပါ။ တပ်ပိုင် သီဟိုခြံမှာ တပ်မိသားစုဝင်တွေကို အခမဲ့ လုပ်အားပေးခိုင်းပြီး ရတဲ့ဝင်ငွေကို မောင်ပိုင်စီးတာ အရပ်သားတွေ မဟုတ်ကြပါ။ ခင်ဗျားတို. ရိုးလွန်းလို. ဘယ်သူ.လက်ချက်ဆိုတာ မသိကြပါဘူး ဆိုရင်လဲ သက်ဆိုင်ရာတပ် အသီးသီးက တပ်ကြပ်ကြီးစာရေးနဲ. တပ်ရေးဗိုလ်ကြီးတို.ကိုသာ မေးကြပါတော့ဗျာ။ နောက်ဆုံးအနေနဲ. ခင်ဗျားတို.ကို အဖြေခက်စေမယ့် ကျွန်တော့်မေးခွန်းအတွက် ကျွန်တော့်ကိုပဲ ပြန်ဖြေခွင့်ပြုပါ။ မြန်မာ့တပ်မတော်က အခြားအဆင့် စစ်သည်တွေရဲ. ဘ၀တွေ နိမ့်ကျနေရတာ အချင်းချင်း ဇာတ်တူသားစား ဂုတ်သွေးစုပ်ပြီး ကိုယ်ကျိုးရှာတဲ့ စစ်ခေါင်းဆောင်တွေကြောင့်ပါ။ ဒီလို အဖြစ်အပျက်အမှန်တွေကိုရော ခင်ဗျားတို. ဘယ်တော့လောက်များ ပို.စ်လေးတွေရေးပြီး တင်ပေးနိုင်မလဲခင်ဗျာ??? စစ်ခွေးလို. အချောင်ခေါ်ခံနေရတဲ့ သနားစရာ တပ်မတော်သား “စစ်စစ်” တွေရဲ. ဇာတ်တူသား စားခံနေရတဲ့ ဘ၀တွေကို စာနာစိတ်နဲ. ဖတ်ချင်လွန်းလို.ပါ။ Written by ကျော်စွာ ၁၈/၈/၂၀၁၃ PS: တစ်ခုတော့ ပြောလိုက်ချင်ရဲ.ဗျာ။ အာဏာရှင်များကြီးစိုးရာ မြန်မာနိုင်ငံမှာ စစ်သား အရပ်သား မခွဲခြားပါ။ မည်သူမဆိုဟာ ငရဲသားတွေ၊ ဒုက္ခသားတွေချည်းပါ။ ဒါ့ကြောင့် ပြည်သူနဲ. တပ်မတော်ကြားမှာ ကျုပ်တို.ကို အချင်းချင်း အမုန်းမီးမွှေးပေးပြီး ခင်ဗျားတို. အကျိုးစီးပွားအတွက်တော့ အသုံးမချချင်ပါနဲ.ဗျာ။ ဟစ်တလာဆိုတဲ့ အရူးတစ်ယောက်ကြောင့် ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ German Professional Army ကြိးတစ်ခုလုံး ပျက်စီးခြင်း ဆိုက်ခဲ့ရတာကို ခင်ဗျားတို. DSA မှာ သင်ရိုးညွှန်းတမ်းအနေနဲ. ပြဌန်းဖို.ကိုလဲ မျှော်လင့်နေမိပါတယ်ဗျာ။ ခင်ဗျားတို. အနာဂတ်မျိုးဆက်သစ်တွေအတွက် ဒါတွေဟာ အကောင်းဆုံး သင်ခန်းစာတွေမို.ပါ။ တစ်ကယ်ပါ။ မြန်မာ့တပ်မတော်ကို ပြည်သူနဲ. ကမ္ဘာက လေးစားတဲ့ Professional Army တစ်ခု ဖြစ်စေချင်ပါတယ်။ ဖြစ်လဲဖြစ်သင့်တဲ့ ကာလကို ရောက်နေပြီလို.လဲ ယူဆပါတယ်။ ဖြစ်လာမယ်/မဖြစ်လာဘူး ကတော့ အနာဂတ်ရဲ. အောင်စစ်သည်တွေ ဖြစ်ကြတဲ့ ခင်ဗျားတို.တစ်တွေရဲ. လုပ်ရပ်နဲ.စိတ်ဓာတ်ကပဲ ဆုံးဖြတ်ပေးသွားမှာ ဖြစ်ကြောင်းပါခင်ဗျာ။
Posted on: Sun, 18 Aug 2013 23:45:05 +0000

Trending Topics



Recently Viewed Topics




© 2015