တချို့သူတွေ အထူးသဖြင့် - TopicsExpress



          

တချို့သူတွေ အထူးသဖြင့် ခေတ်ဆန်တဲ့ အရာရာကို ဦးနှောက်နဲ့ပဲ ဆုံးဖြတ်တဲ့သူတွေ က ဘာသာတရားကို စိတ်ရဲ့ အာဟာရ ကိုယ်ကျင့်တရားတွေကို ပဲ့ပြင်တဲ့ tool တစ်ခု လောက်ပဲသဘောထားကျတယ်။ တစ်ခြားသူတွေ တော့ မပြောတတ် မွတ်စလင်များအတွက်တော့ ဘာသာရေးဆိုတာ စိတ်အေးချမ်းချင်လို့ သေပြီးနောက် ကြုံတွေ့မဲ့အရာတွေကိုမကြောက်ရအောင် ရဲဆေးတင်သလောက် သဘောထားနေလို့မရပါဘူး။ ပထမဆုံး ယုံကြည်ထားတာကိုက အကွယ်ကိုပါ ။ နောက်ပြီး ဒုတိယအနေနဲ့က တမန်တော်ရဲ့ အနွံတာခံ နောက်လိုက်ဖြစ်တာကြောင့် မွေးစကနေ သေဆုံးချိန်ထိ တမန်တော် ပြသခဲ့တဲ့နည်းစနစ် အတိုင်းပဲ သွားရမှာပါ။ ဒီနည်းစနစ်ကို လိုက်မလုပ်နိုင်တာထက် ဒီနည်းစနစ်တွေကို လက်မခံတာ မှားနေတယ်ထင်တာက စတင်ချပေးခဲ့သူကို အမှားလုပ်တယ်လို့ စွပ်စွဲနေတဲ့သဘော ဖြစ်နေပါတယ်။ ဖန်ဆင်းတော်မူသောအရှင်ကို လက်ခံတာကတော့ ယဟူးဒ် နဆွရာ လည်း လက်ခံပါတယ် ။ မွတ်စလင် ဆိုရင်တော့ ဖန်ဆင်းတော်မူသော အလ္လာဟ် နဲ့ လမ်းပြခဲ့တဲ့ တမန်တော်ရဲ့ နည်းစနစ်ကိုလည်း လိုက်နာ လက်ခံရမှာပါပဲ။ ဒါ့ကြောင့် သင့်အနေနဲ့ အစွန်းရောက်သူတွေ ဘာသာရေးမှိုင်းမိနေသူတွေလို့ စွန္နသ်ကိုအကောင်အထည်ဖော်ဆောင်နေသူတွေကို မစော်ကားမိပါစေနဲ့လို့.....
Posted on: Thu, 05 Sep 2013 16:20:34 +0000

Trending Topics



Recently Viewed Topics




© 2015