ထိုင်းဘုရင် အုတ်ဂူ - TopicsExpress



          

ထိုင်းဘုရင် အုတ်ဂူ တည်ဆောက်ရေး မြန်မာနှင့် ထိုင်း ပညာရှင်များ ပူးပေါင်း လုပ်ဆောင်သွားမည် ====================================== မန္တလေးရှိ ထိုင်းဘုရင် အုတ်ဂူတည် ဆောက်ရေးတွင် မြန်မာ ပညာရှင်နှင့် ထိုင်းပညာရှင်များ ပူးပေါင်း လုပ်ဆောင် သွားမည်ဟု ထိုင်းဘုရင် အုတ်ဂူ တူးဖော် ရေး အဖွဲ့မှ မစ္စတာမစ်ကီဟတ်က ပြော သည်။ ”အရင်တုန်းက အစိုးရ အချင်းချင်း ပဲ လုပ်ခဲ့တာ အခု ပြည်သူ အချင်းချင်း လုပ်ဆောင် သွားမှာပါ’ ဟု မစ္စတာမစ်ကီ ဟတ်က ပြောသည်။ မြန်မာနိုင်ငံမှ ပညာရှင် များဖြစ် သော တမ္ပဝတီ ဦးဝင်းမောင်၊ ဒေါက်တာ တင်မောင်ကြည်၊ ဦးဝင်းမြင့်၊ ဦးခင်မောင်သန်း၊ စာရေးဆရာ နတ်မောက် ထွန်းရှိန် နှင့် ထိုင်းနိုင်ငံမှ ပညာရှင်များမှ နောက် လုပ်ဆောင်ရမည့် လုပ်ငန်းများတွင် ပူး ပေါင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ Historical park (သမိုင်းဝင် နေရာ) လုပ်ဆောင်ရန် ရှေ့လတွင် မန္တလေး မြို့တော်ဝန်က တစ်ဆင့်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ထံ တင်ပြသွားမည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောသည်။ အဆိုပါ ထိုင်းဘုရင် အုတ်ဂူအား သမိုင်းဝင်မြေနေရာ ပြုလုပ်နိုင်ပါက ထိုင်း လူမျိုး အများအပြား လာရောက်လည် ပတ်နိုင်ကြောင်း ၄င်းက ပြောသည်။ ”အခုထိုင်းနိုင်ငံနှင့် မန္တလေးကို ပျံသန်းတာက လေယာဉ် နှစ်ကြောင်းပဲ ရှိတယ်၊ ထိုင်းဘုရင့်အုတ်ဂူကို Historical park လုပ်လိုက်ရင် ငါးစီးကနေ ခုနစ်စီး လောက် အထိလာမှာ” ဟု ၄င်းက ထပ်မံ ပြောသည်။ စိုင်းလမင်း Popular Myanmar News Journal
Posted on: Fri, 28 Jun 2013 17:28:48 +0000

Trending Topics



Recently Viewed Topics




© 2015