နံပါတ်ရွေးဂဏန်း - TopicsExpress



          

နံပါတ်ရွေးဂဏန်း ကောက်ခံရရှိငွေ ကျပ် ၂၂၂၆ သိန်းရရှိပြီ ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန တိုင်းဦးစီးမှူးရုံး၏ ယာဉ် အိုယာဉ်ဟောင်း အပ်နှံပြီး အစားထိုးယာဉ်များ တင်သွင်းရေး စီမံချက်အရ ၂ဝ၁၁ ခုနှစ် စက်တ င်ဘာ ၁၉ ရက်မှ ၂ဝ၁၃ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ အပ်နှံပြီးသည့် ယာဉ်အိုယာဉ်ဟောင်း စီးရေမှာ ၅၅၃ဝ၈ စီးရှိကြောင်း သိရသည်။ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ရန်ကုန်(ရုံးချုပ်) ဘဏ္ဍာရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဇူလိုင် ၁ ရက်မှ ၃၁ ရက်အထိ ကနဦး မှတ်ပုံတင်ေ မာ်ေ တ်ာယာဉ် နံပါတ်ရွေးဂဏန်း ကောက်ခံရရှိငွေ စုစုပေါင်း ငွေကျပ် ၂၂၂၆ သိန်း ရရှိပြီးဖြစ်ကြောင်း၊ ဂဏန်းလေးလုံး အပူးဂဏန်း နံပါတ်များဖြစ်သော 5F-8888 ကို ငွေကျပ် ၂၆ သိန်း၊ 5F-7777 ကို ငွေကျပ် ၂၂ သိန်း၊ 5F -6666 ကို ငွေကျပ်သိန်း ၂ဝ၊ 5F-5555 ကို ငွေကျပ် ၁၄ သိန်း၊ 5F-3333 ကို ငွေကျပ် ၁၂ သိန်း၊ 5F-2222ကို ငွေကျပ် ၁၂ သိန်း၊ 5F-1111 ကို ငွေကျပ် ၁ဝ သိန်းတို့ဖြင့် ယာဉ်ပိုင်ရှင်များက ဝယ်ယူခဲ့ကြောင်း ပြောကြားသည်။ အလားတူ ဗဟိုမော်တော်ယာဉ် မှတ်ပုံတင် ဌာန၏ သြဂုတ် ၁ ရက်က မူသေအမှတ် နောက်ဆုံးနံပါတ်များ 5F-9939, CC-3624 နှင့် စက်မှုဇုန် ထုတ်နံပါတ် (၈ဏ/၉၁၅၃) ထိရောက်ရှိနေကြောင်း ၂၀၁၃ ခုနှစ် သြဂုတ်လ ၃ ရက်နေ့ထုတ် မြ န် မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။ Golden Land Myanmar
Posted on: Sat, 03 Aug 2013 07:57:42 +0000

Trending Topics



Recently Viewed Topics




© 2015