ဗဟုသုတအနေနဲ့ ပြောရင် - TopicsExpress



          

ဗဟုသုတအနေနဲ့ ပြောရင် တူရကီ(Turkey) က မွတ်စလင်နိုင်ငံ။ ၉၉.၈% က မွတ်စလင်တွေ။ ဒါပေမယ် တူရကီတွေက ဘာသာရေးလွမ်းမိုးတဲ့ အစိုးရကို လုံးဝမကြိုက်ဘူး။ Secular လို့ခေါ်တဲ့ ဘာသာရေးကင်းတဲ့ အစိုးရပဲကြိုက်တယ်။ ဘာသာရေး ဥပဒေမရှိဘူး။ ဘာသာရေးကို နိုင်ငံရေးနဲ့ လုံးဝခွဲထားတယ်။ တူရကီမှာ မွတ်စလင်အချင်းချင်းပဲ ယူရမယ်ဆိုတဲ့ ဥပဒေမရှိဘူး။ မွတ်စလင်က တခြားဘာသာနဲ့ ယူလို့ရတယ်။ ဥပဒေအရပေါ့။ သူ့ဟာသူ ယူတာမယူတာက တစ်ဦးချင်းစီရဲ့ လုပ်ပိုင်ခွင့်ပေါ့။ အရက်ဆိုင်တွေ ရှိတယ်။ အရက်သောက်တဲ့လူတွေ သောက်ကြတယ်။ အခု တူရကီမှာ ဆန္ဒတွေပြနေတာ အစိုးရက ဘာသာရေးဘက်ကို ယိုင်လာလို့ပဲ။ မွတ်စလင်နိုင်ငံတွေထဲမှာ ဒီလိုနိုင်ငံရှိတာ ထူခြားတယ်။
Posted on: Thu, 27 Jun 2013 08:49:22 +0000

Trending Topics



Recently Viewed Topics




© 2015