ဘိလိယက်နှင့် စနူကာ - TopicsExpress



          

ဘိလိယက်နှင့် စနူကာ အားကစားနည်းအတွက် ပွဲစဉ်ရေးဆွဲခြင်းနှင့် အုပ်စုမဲနှိုက်ခြင်း စည်းဝေး (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီး ကျင်းပရန် ရက်ပေါင်း ၂၁ ရက်သာ လိုတော့ပြီး အားကစားနည်းအလိုက် ပွဲစဉ် ရေးဆွဲခြင်း၊ အုပ်စုမဲနှိုက်ခွဲဝေခြင်းများ ပြုလုပ်လျက်ရှိရာ ပြိုင်ပွဲကြီးတွင် ထည့်သွင်း ကျင်းပမည့် ဘိလိယက်နှင့် စနူကာ အားကစားနည်း၏ အုပ်စု မဲနှိုက်ပွဲစဉ် ရေးဆွဲခြင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားပြိုင်ကွင်းရှိ (BILLIARD & SNOOKER INDOOR STADIUM)၌ ကျင်းပရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဝင်များ၊ အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ Technical Delegates များနှင့် ပြိုင်ပွဲဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ အဆိုပါ ဘိလိယက်နှင့်စနူကာ ပြိုင်ပွဲတွင် BILLIARD SIGLE, BILLIARD DOUBLE, BILLIARD SCOTCH DOUBLE, BILLIARD TEAM, SNOOKER SINGLE (15 RED), SNOOKER SINGLE (6 RED), SNOOKER DOUBLE, NINE BALL POOL (အမျိုးသား), TEN BALL POOL (အမျိုးသမီး) ပြိုင်ပွဲများ ကျင်းပမည် ဖြစ်ပြီး အိမ်ရှင်မြန်မာနိုင်ငံ၊ လာအိုနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဘရူနိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့မှ ပြိုင်ပွဲဝင် အားကစားသမား အမျိုးသား ၆၆ ဦး၊ အမျိုးသမီး ၁၅ ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဒီဇင်ဘာ ၁၃ ရက်မှ ၂၀ ရက်အထိ နေပြည်တော်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရှိရသည်။ Credit : myanmargoal
Posted on: Tue, 19 Nov 2013 06:47:44 +0000

Trending Topics



Recently Viewed Topics




© 2015