မအောင်မြင်သော - TopicsExpress



          

မအောင်မြင်သော စွန့်ဦးစီးပွားတီထွင်သူတို့ရဲ့  အမူအကျင့် ၅ ရပ် ============================== အောင်မြင်သော စွန့်ဦး စီးပွားတီထွင်သူတို့ရဲ့  အမူအကျင့် ၅ ရပ်လိုပဲ မအောင်မြင်တဲ့ စွန့်ဦးစီးပွား တီထွင်သူတို့မှာလည်း သူတို့ရဲ့  အမူအကျင့် ၅ ရပ်ရှိနေပါတယ်။ ဒါကို စီးပွားရေးဆိုင်ရာ စာရေးဆရာ Stephen key က သူ့အတွေ့အကြုံအတိုင်း ရေးသားခဲ့ပါတယ်။ မှတ်သား၊ သိမြင်စရာလေးတွေ ပါတာမို့ ဆီလျော် သလို ဘာသာပြန်မျှဝေ ပေးလိုက် ရပါတယ်။ - အလုပ်တစ်ခုစပြီ။ အခုအလုပ်မပြီးသေး Task တစ်ခု ပြီးဖို့အရေး အချိန်အရမ်းယူတယ်။ သတ်သတ်မှတ်မှတ်လေးတော့ ရှိရမှာပေါ့။ - အသေးစိတ် လိုက်လုပ်နေမယ် ငါပါမှရမယ်။ ငါလုပ်မှ ပြီးမယ်လို့ ထင်နေတဲ့ သူတွေလည်း မအောင်မြင်ပါဘူး။ ကိုယ့်ကိုယ်ကိုသာ ယုံကြည်လို့ အသေးစိတ် လိုက်ပြီး Manage လုပ်နေမယ်ဆိုရင် အလုပ်လည်းမပြီးသလို အကောင်းဆုံး လည်း ဖြစ်မလာ ပါဘူး။ - မေးခွန်းမေးပေမယ့် အဖြေဂရုမစိုက်- မေးခွန်းမေးပြီး အဖြေကို နားထောင်တယ်ဆိုတာ ယင်းအဖြေကနေ ကိုယ့်ကိုယ်ကို သို့မဟုတ် ကိုယ့်ကုန်ပစ္စည်းကို ပြန်သုံးသပ်မယ်။ သူတို့ဆီက လေ့လာသင်ယူမယ် ဆိုတဲ့ အချက် ၂ ချက်အတွက် ပိုအဓိက ထားရမှာဖြစ်ပါတယ်။ - ရှေ့ မတက်နိုင်သော အကြောင်းပြချက် ရှိနေ- အကြောင်းပြချက်များ တစ်ခုပြီး တစ်ခုပေး လို့ ရှေ့ မတိုးနိုင်သေးတဲ့ သူဟာလည်း ကျရှုံးနေတဲ့ Entrepreneur တစ်ဦး ပါ။ နောက်ထပ် စိန်ခေါ်မှု အသစ်တွေကို ဆက်ရင်မဆိုင်နိုင်သေးသရွေ့ ကတော့ မအောင်မြင်သေးတဲ့ Entrepreneur တစ်ယောက်သာ ဖြစ်နေအုံးမှာ ဖြစ် ပါတယ်။ .အောင်ခမ်း ( TSJ Team )
Posted on: Sun, 15 Sep 2013 11:59:25 +0000

Trending Topics



Recently Viewed Topics




© 2015