မြန်မာနိုင်ငံ - TopicsExpress



          

မြန်မာနိုင်ငံ အာဆီယံအဖွဲ့ ဥက္ကဋ္ဌ ဖြစ်လာပြီး နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ပုဂံမြို့မှာ ကျင်းပနေပါတယ်။ အာဆီယံ ရည်မှန်းချက်ဖြစ်တဲ့ Moving Forward in Unity to Peaceful and Prosperous Community ဆိုတဲ့အတိုင်း အဖွဲ့ကြီးကို ငြိမ်ချမ်းသာယာပြီး ကြွယ်ဝတဲ့ အဝန်းအဝိုင်းကြီး ထူထောင်ဖို့ ကြိုးပမ်းနေချိန်မှာ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘာသာရေး ပဋိပက္ခ အများဆုံးဖြစ်တဲ့ နိုင်ငံစာရင်းထဲမှာလည်း ပါဝင်နေပါတယ်။ ဒါ့အပြင် ပြည်တွင်းငြိမ်းချမ်းရေးအတွက်လည်း ကြိုးပမ်းနေရတဲ့အတွက် အာဆီယံ ရည်မှန်းချက်ကို ဘယ်လောက် ခေါင်းဆောင်နိုင်မလဲ၊ ဘာတွေ ရင်ဆိုင် ဖြေရှင်းရမလဲ ဆိုတာ ရခိုင်အမျိုးသား ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ Equality Myanmar အဖွဲ့မှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်း၊ MDRI မှ သုတေသနမှူး ဦးအောင်သူငြိမ်းတို့ ပါဝင် ဆွေးနွေးထားပါတယ်။
Posted on: Fri, 17 Jan 2014 12:19:42 +0000

Trending Topics



Recently Viewed Topics




© 2015