မြန်မာနိုင်ငံတွင် - TopicsExpress



          

မြန်မာနိုင်ငံတွင် ပုံမှန်ဂေဟစနစ် ရရှိရန် နှစ်ပေါင်း ၆၀ ကြာ ပြန်လည်ထိန်းသိမ်းရန် လိုအပ်မည် မြန်မာနိုင်ငံတွင် ပုံမှန်ဂေဟစနစ် ရရှိရန် နှစ်ပေါင်း ၆၀ ကြာ ပြန်လည်ထိန်းသိမ်းရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ သစ်တောဖုံးလွှမ်းမှုမှာ ၂၄ ရာခိုင်နှုန်းသာရှိပြီး သစ်တောပြုန်းတီးမှုကို ယခင်အတိုင်း ပြန်လည်ရရှိရန် နှစ်ပေါင်း ၃၀ ကြာ ထိန်းသိမ်းရမည်ဖြစ်ကြောင်း သစ်တောရေးရာနှင့် သဘာဝပတ်ဝန်းကျင် ပညာရှင်များ၏ ပြောကြားချက်အရ သိရသည်။ မြန်မာနိုင်ငံ၏ လက်ရှိသစ်တောဖုံးလွှမ်းမှု အခြေအနေမှာ ၂၀၁၀ ခုနှစ်၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် ပူးပေါင်းဆန်းစစ် တွက်ချက်မှုအရ နိုင်ငံတော်ဧရိယာ၏ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်းရှိကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။ သစ်ထုတ်လုပ်မှုအတွက် အသုံးပြုသော Myanmar selection system အား ပြင်ဆင်သတ်မှတ်နိုင်ရေး၊ သစ်တောဧရိယာ လျော့ကျလာခြင်း၊ သစ်ထုတ်လုပ်မှု ကျဆင်းလာခြင်း စသည့်ဖြစ်စဉ်တိုင်းကို ပြုပြင်နိုင်ရန်အတွက် ပိုမိုလုပ်ဆောင်သင့်ကြောင်း၊ မြေကွက်လပ်များ၌ သစ်မျိုးစိတ်တစ်မျိုးတည်း စိုက်ပျိုးခြင်း (Mono-culture)မဟုတ်ဘဲ သစ်မျိုးစိတ် မျိုးစုံရောနှော၍ အုပ်စုလိုက်စိုက်ပျိုးခြင်း စနစ်အား ပိုမိုကျယ်ပြန့်စွာ ဖော်ဆောင်လာနိုင်ရေး ဆောင်ရွက်သင့်ကြောင်း၊ သစ်ထုတ်လုပ်မှု လျော့ကျလာသော သစ်တောကြိုးဝိုင်းများ၊ ပင်စည်လုံးပတ် ပမာဏ သတ်မှတ်ချက်များနှင့် နှစ်စဉ်ခွင့်ပြုထားသော သစ်ခုတ်ထွင် ထုတ်လုပ်မှုများကို အပြည့်အ၀ လိုက်နာရန် လိုအပ်ကြောင်း၊ အပင်များကို အမြစ်မှနုတ်ယူ ထုတ်လုပ်ခြင်းများ မပြုလုပ်သင့်ကြောင်း သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ပညာရှင်များက အကြံပြုတိုက်တွန်း ပြောကြားထားသည်။ Reposted by pyae phyo Credit to eleven media facebook/MMcities
Posted on: Sun, 01 Sep 2013 03:15:43 +0000

Trending Topics



Recently Viewed Topics




© 2015