ယောဂသင်ခန်းစာများ။ - TopicsExpress



          

ယောဂသင်ခန်းစာများ။ သင်ခန်းစာ(၂)၊ အပိုင်း(၂၀) (B.A. Course, Intermediate Level) ဒီကနေပြီးတော့ ဆရာတို့ Celestial Sphere လည်းနားလည်လာပြီ။ Celestial Equator လည်းနားလည်လာပြီ။ Celestial Longitude လည်း နားလည်လာပြီ။ Celestial Latitude လည်းနားလည်ပြီ။ ပြီးရင် Declination လည်းနားလည်ပြီ။ Zodiac လည်းနားလည်လာပြီ။ ဟုတ်ပြီလား။ အဲဒီမှာ Zodiac မှာ နှစ်ခုရှိတာ ဆရာတို့ သတိထား။ ဒီ V.E. က စတိုင်းတဲ့ Zodiac ရှိတယ်။ ဒါလဲ ဆရာ တစ်ခုပြောပြဦးမယ်။ ဒီ V.E. ကဘယ်လောက်ရောက်နေပြီလဲ?။ ကိုအောင်မြင်ဗိုလ် ။ ။ မိန်ရာသီ။ မိန်ရာသီမှာ ရောက်နေပြီ။ သူတို့က V.E. က ရှေ့ ၃၀ က မိဿပဲ။ Western က။ မိဿပဲ။ ဟုတ်ပြီလား။ သူတို့မှာ ဘာမှမရှိဘူး။ Nakshatra လည်းမရှိဘူး။ အံသာ၊ ဒီဂရီလည်း ခွဲထားတာမရှိဘူး။ ၃၀ ပဲ ယူလိုက်တယ်။ အဲဒီ့ ၃၀ ဟာ အမြဲတမ်း မိဿပဲ။ အဲဒီတော့ Sun Sign နဲ့ဟောရင် တို့က တကယ်တမ်းဆိုရင် မိန် ထဲမှာပဲရှိဦးမယ်။ V.E. မှာရောက်နေရင်။ နိရာယနစနစ် နဲ့ဆိုရင်။ သာယနစနစ် နဲ့ဆိုရင် သူ က အဲဒါ မိဿပဲ။ အဲဒီတော့ တို့ မိဿနဲ့ သူ့ မိဿနဲ့ က ဖြတ်တာကွာတယ်။ Fixed Zodiac ခေါ်တယ်။ ဟုတ်ပြီလား။ သူတို့က Moveable Zodiac ခေါ်တယ်။ ဘာကြောင့်လဲဆို V.E. က တစ်နှစ်ကို ဘယ်လောက် နောက်ပြန်ဆုတ်နေသလဲ?။ အဲဒါလဲ Source of Thoughts အများကြီး။ မြန်မာက ဘယ်လောက် ဆုတ်သလဲ?။ ၅၄၊ ၅၃ မဟုတ်လား။ ၅၄။ တစ်နှစ်ကို ၅၄ ။ Newcomb က ၅၀.၂၇၈၈၄၅ လား။ Raman က ၅၃.. လား။ အဲဒီတော့ ဘာဖြစ်လာလဲဆိုရင် ဟိုတစ်နေ့က စနေ ကရကဋ် ရာသီကနေ သိဟ်ကိုပြောင်းတာ အောက်တိုဘာလ ၁၃ ရက်နေ့လား။ ဗေဒင်ဟောတာ ၁၃-ရက် ပြောင်းတယ်ချည်း ဟောချတယ်။ ဒီအမေရိကန် ပြက္ခဒိန်ကြည့်တဲ့အခါကျ အောက်တိုဘာ ၃၀ နား ကျတယ်။ အဲဒီတော့ ဘယ်သူက မှန်တယ်။ ဘယ်သူက မှားတယ် ပြဿနာရှိတယ်။ အယနအံသာရဲ့ ပြဿနာ။ (ဆက်ရန် . . . )
Posted on: Sun, 07 Jul 2013 14:18:31 +0000

Trending Topics



Recently Viewed Topics




© 2015