လူတွေကလေ - TopicsExpress



          

လူတွေကလေ တော်တော်လေးကို တရားကျဖို့ကောင်းတယ် သူတို့မြန်မာနိုင်ငံလာရင်တော့ ဘာမှမထည့်ပေးပါနဲ့ စာလေးတစ်စောင်လောက်ပဲထည့်ပေးလိုက်ပါ တစ်ခုခုဆိုရင်တောင် နဲနဲလေးပဲပေးလိုက်ပါ အရမ်းလေးလို့ မသယ်နိုင်လို့ပါလေး ဘာလေးနဲ့ ပြီးတော့ပြောသေးတယ် အပြန်လဲဘာမှမထည့်ပေးပါနဲ့ Singapore ၀ငိမယ် ဘယ်ဝင်မယ် အဲ့ကဘာမှသယ်လို့မရဘူးနဲ့ ငါတို့အလှည့်လဲကျရော... ပေးလိုက်တာမှသောက်သောက်လဲ ဘာ တစ်ယောက်ကလဲ ၅ဆင့်ချိုင့်ကလေးတစ်လုံးထဲမှာမယ်ဆိုပြီးတော့ ပေးလိုက်တာက ပေါင်၂၀လောက်ရှိတယ် များလှချည်လားဆိုပြီးဖွင့်ကြည့်လိုက်တော့မှ ဘာတဲ့... အဲ့ ငါးဆင့်ချိုင့်ထဲမှာ တရုတ်မုန့်တွေကို အပြည့်ထည့်ထားတာ ဒါတင်မကဘူး သူတို့တစ်ဆွေလုံးတစ်မျိုးလုံးအတွက် ၃ဘာသာ Calender ကလဲ ၁၀ခုလောက်ပါသေးတယ် ပြီးတော့ အိတ်အကြီးကြီးကလဲ နှစ်လုံး အထဲမှာတော့ ဘာတွေလဲမသိပါဘူး နောက်တစ်ယောက်ကလဲ... မှာထားတဲ့သူတွေကို ၁၅ ရက်နေ့လောက်လာပေးပါဆိုတဲ့ဟာကို ၁၈ရက်နေ့ ညနေမှလာပေးတယ် သူတို့ကပြောလိုက်သေးတယ် ၂၀ရက်နေ့ညနေမှလာပေးမယ်တဲ့... လဲသေလိုက် ပြန်မှာက မနက် ၈နာရီ အဲ့ဒါကိုညနေတဲ့ အဲ့လိုဆိုကိုယ့်ဟာကိုယ် လေယာဉ်လက်မှတ်ဝယ်ပြီးတော့ပဲလာပေးလိုက်တော့နော် သူတို့လဲပြောပါတယ် မများပါဘူး အိတ်ကလေးတစ်အိတ်ထဲပါတဲ့ ဆိုတော့လဲ အေးပေါ့ အိတ်တစ်အိတ်ထဲဘယ်လောက်မှမများပါဘူးပေါ့ ယူလဲယူလာရော အိတ်တစ်အိတ်တော့ဟုတ်ပါတယ် ဂုန်နီအိတ်အကြီးလောက်ရှိတဲ့အိတ်နဲ့ ပေါင်က ၄၀လောက်ရှိတယ် သူတို့တောင် Taxi မ ကချလာတုန်းက အနိုင်နိုင် အော် တော်ရှာပါတယ် အိတ်ကတော့တစ်အိတ်ပါပဲလေ...့ ပီးတော့ သူ့သူငယ်ချင်းတစ်ယောက်ထဲကိုတောင်မှာတာမဟုတ်ဘူး ငါတို့ကိုပါ လှည့်ပတ်ပြီးမှာတာကလဲ အဲ့ ဂုန်နီအိတ်တစ်လုံးစာမကရှိမယ် ပဲမှုန့် ဆန်မှုန့် ပုဇွန်ခြောက်မှုန့် တဲ့ အဲ့ဒါကတော့မပြောပါဘူး ဇီးထုတ်ကအစပါလိုက်သေးတယ် (သူတို့တုန်းကကျတော့ ဘယ်တော့မှအဲ့ဒါတွေမသယ်လာဘူး) အလိုက်ကမ်းဆိုးကိုမသိ လူမှုရေးကိုနားမလည်တဲ့လူတွေ ဒီမနက်လေးတင်ပဲ သူတို့ပေးတဲ့ ဟာတွေနဲ့ပတ်သတ်ပြီး မိသားစုတွေရန်ကို အကြီးအကျယ်ဖြစ်ကြသေးတယ် နေရာကလဲမရှိ ပေးတာကလဲများ ကိုယ့်ဟာတွေတောင် ပြန်ချန်ခဲ့ရသေးတယ် အလာတုန်းကလဲ ပေါင် ၅၀ အိတ်က ၅အိတ် ။ ပေါင် ၇၀ အိတ်က ၃အိတ် ပေါင် ၇၀ ဖြစ်သွားလို့ကို ပိုက်ဆံက $100 ဆောင်လာခဲ့ရသေးတယ် အဲ့ဒါတောင်မှ အိတ်တွေကပြည့်ပြီးတော့ မဆန့်တော့လို့ စေသနာနဲ့ သူတို့ဟာပါအောင်လေးသယ်လာပေးပါ့မယ်ဆိုပြီး သူတို့ဟာရအောင်ထည့် ကိုယ့်ဟာတွေကို ပိုက်ဆံပေးပြီး သူများနဲု့ပို့လိုက်ရသေးတယ် အဲ့ဒါကလဲ ပေါင် ၂၀လောက်ရှိတယ် သူတို့အလှည့်ကျတော့ပြောပါတယ် ငါတို့ကမသယ်နိုင်ဘူးတဲ့ အော် အေးအေး မသယ်နိုင်တာပဲကောင်းတယ်နော် သူတို့အိမ်က လှေကားလေးတောင်ဆင်းစရာမလိုဘူး အိတ်ကဘီးရှိတော့ အဲ့ဘီးကိုတွန်းပြီး ကားလေးပေါ်ကို မတင်လိုက်ရုံပဲ ငါတို့မှာက နှစ်ထပ်တိုက်ပေါ်ကတောင် ဆွဲချလာရသေးတယ် ပြီးတော့ အိမ်မှာယောက်ျားလေးဆိုလို့ အဖေတစ်ယောက်ပဲရှိတယ် သူ့မှာကလဲ ခါးကနာနေတာကို ဆွဲချရတာပဲ အဲ့ဒါကျတော့ ဘယ်သူမှလာမကူပေးကြဘူး အပြန်လဲအဲ့လိုပဲ အလေးချိန်ပိုနေတာက ၃အိတ်ဆိုတော့ $100 ဆောင်ပြီးပြန်ရဦးမယ် ပြီးရင် နှစ်ထပ်တိုက်ပေါ်ကို ရအောင်မပြီးတင်ရဦးမယ် အဲ့ဒါသူတို့ဟာတွေပါလို့ မဟုတ်ရင် ငါတို့ဟာတွေပဲဆိုရင် အေးဆေးပဲ ပြန်ခါနီး ရန်လဲဖြစ်မှာမဟုတ်ဘူး ပေါင်လဲပိုမှာမဟုတ်ဘူး ပထမဆုံးတစ်ခါပြန်လာတာ သင်ခန်းစာကို ကောင်းကောင်းရသွားတာ နောက်တစ်ခါဆို sorry ပဲ သဘောအရမ်းကောင်းလွန်းတော့ လူတွေက အားကိုမနာကြဘုး စေတနာက တန်ကိုမတန်ဘူး ဒီ status ကိုမြင်ချင်တဲ့သူမြင် ထင်ချင်သလိုသာထင်တော့ ဂရုကိုမစိုက်ဘူး ကိုယ်တွေနေရာကလဲပြီး စာနာပေးနိုင်တဲ့သူတွေကတော့ ဘယ်လိုနေလဲဆိုတာ သိကြမှာပေါ့
Posted on: Sun, 19 Jan 2014 11:02:51 +0000

Trending Topics



Recently Viewed Topics




© 2015