သွေးလွန်တုပ်ကွေး ရောဂါ - TopicsExpress



          

သွေးလွန်တုပ်ကွေး ရောဂါ ကုသရေး ဥာဏ်သစ်လောင်း သင်တန်း ဖွင့်လှစ် Wednesday, 28 August 2013 မိုးရာသီတွင် အဖြစ်များသည့် သွေးလွန်တုပ်ကွေး ရောဂါအတွက် သွေးလွန်တုပ်ကွေး ရောဂါကုသရေး ဥာဏ်သစ်လောင်း သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက မကွေးတိုင်း ဒေသကြီး ကျန်းမာရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။ အခမ်းအနားတွင် တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဇော်ဌေးက မကွေးတိုင်း ဒေသကြီး အတွင်း သွေးလွန် တုပ်ကွေး ရောဂါဖြစ်ပွားမှု အခြေအနေ၊ ကူးစက်ပုံ နည်းလမ်းများ၊ ကာကွယ်ရန်နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး မကွေးဆေး တက္ကသိုလ် ဆေးပညာဌာနမှ ဘွဲ့လွန် ကထိက ဒေါက်တာ လှဝင်းမြင့်က သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားပုံ အဆင့်ဆင့်နှင့် မကွေး ဆေးတက္ကသိုလ် ဆေးပညာဌာန ပါမောက္ခ ဒေါ်ခင်ညိုသိန်းက သွေးလွန်တုပ်ကွေး ရောဂါ ကုသရန် နည်းလမ်းများ ကို ဆွေးနွေးခဲ့သည်။ အဆိုပါ သင်တန်းသို့ မကွေးတိုင်း ဒေသကြီး အတွင်းမှ ခရိုင်/မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူးများနှင့် ကလေး အထူးကု ဆရာဝန်များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။ myawady.mm/allnews/local/item/23754-2013-08-28-11-31-27
Posted on: Wed, 28 Aug 2013 05:55:22 +0000

Trending Topics



Recently Viewed Topics




© 2015