သင်ဒါတွေကို - TopicsExpress



          

သင်ဒါတွေကို သိပါသလား..သင်ဒါတွေကို သတိထားမိပါသလား Sunday, June 16, 2013 (၁)Vatican City က ကမ္ဘာပေါ်မှာ အသေးဆုံး နိုင်ငံဖြစ်ပြီး လူဦးရေ ၁၀၀၀ ကျော် နဲ့ အကျယ်အ၀န်းက ၁၀၈.၇ ဧကပဲရှိတယ်။ (၂) Suicide Statistics တွေအရ တင်္နလာနေ့က ကိုယ့်ကိုယ်ကို သတ်သေမှုအများဆုံးနေ့ဖြစ်တယ်။ (၃) ကမ္ဘာပေါ်မှာ နာမည် ပေးအများဆုံးနာမည်က မိုဟာမက် ဖြစ်ပါတယ်။ (၄)တစ်နှစ်ကုန်သွားတိုင်း သင့် ခန္ဒာကိုယ်ထဲက atoms 98% က အစားထိုးသွားတယ်။ (၅) သင်ကြိုက်ရာနံပါတ်တစ်ခုကို မှတ်ပြီး .. အဲဒီကောင်ကို ၂ ဆတိုး၊ ၁၀ ပေါင်း၊ ၂ နဲ့စား ပြီးတော့ မူလမှတ်ထားတဲ့ နံပါတ်ပြန်နှုတ်လိုက်ရင် ရလာမယ့် အဖြေက ၅ ဖြစ်ပါတယ်။ (၆)Dominica, Mexico, Zambia, Kiribati, Fiji နဲ့ Egypt အလံတွေမှာ ငှက်ပုံတွေပါကြတယ်။ (၇)ဇီးကွက် က ငှက်တွေထဲမှာ အပြာရောင်ကို မြင်နိုင်တဲ့ တစ်မျိုးထဲသော ငှက်ဖြစ်ပါတယ်။ (၈)လူတွေသေတဲ့ အခါမှာ နောက်ဆုံး အလုပ်လုပ်သွားတဲ့ အာရုံက အကြား အာရုံ ဖြစ်ပါတယ်။ (၉)ကမ္ဘာပေါ်က ရေ ရဲ့ ၂ ရာခိုင်နှုန်းသာ သန့်ရှင်းတဲ့ ရေဖြစ်တယ်။ (၁၀)Sunday နဲ့ စတဲ့ လတိုင်းမှာ “Friday 13th” ဆိုတာ ရှိပါတယ် အားလုံး ဗဟုသုတ အပေါင်းနဲ့ ပြည့်စုံကြပါစေ. . .
Posted on: Sun, 16 Jun 2013 15:14:50 +0000

Trending Topics



Recently Viewed Topics




© 2015