အတွေ့အကြုံရ - TopicsExpress



          

အတွေ့အကြုံရ ဝါရင့်လူကြီးတချို့က တက်သစ်စလူငယ်တွေကို အတွေ့အကြုံရအောင် ပညာရအောင် လက်ဆွဲခေါ်တော့ တချို့က အဲဒီလူငယ်တွေကို "ဘာအဆင့်ရှိလို့ သူက ဝင်ပါရတာလဲ"၊ "သူက ဘာမို့လဲ"ဆိုပြီး ဝိုင်းဝေဖန်ပြောဆိုနေကြလိုက်တာ။ အဲဒီ ဝိုင်းဝေဖန်နေသူတွေထဲမှာ နာမည်ကြီးလှပါတဲ့ စာရေးဆရာ၊ ဖေ့စဘုတ်ဆရာ၊ အဖက်ဖက်က ထူးချွန်ထက်မြက်သူတွေပါနေတော့ စိတ်မကောင်းဘူး။ ဟိုး အတွေ့အကြုံရ ဝါရင့် သမာရင့်သူတွေလည်း သေတတ်ပါတယ်။ သူတို့မရှိတဲ့အခါ အတွေ့အကြုံမရတဲ့လူတွေ ဘာမှမလုပ်တတ် မကိုင်တတ် တဝဲဝဲလည်ဖြစ်နေမယ့်အစား လူငယ်တွေကို အခုလို နေရာပေးတာ၊ တွဲခေါ်တာကိုတော့ ကြိုဆိုပါတယ်။ လူငယ်တွေကို နေရာပေးပါ... ဝေဖန်ဆဲဆိုနေတာထက် ဖြစ်နိုင်ရင် လမ်းညွန်ပြသသူလုပ်ပေးပါ။ သူ့နေရာမှာ ကိုယ်သာဆို ကိုယ်ရော သူ့လို ဒီလိုလုပ်နိုင်မလားလို့ တွေးကြည့်ပေးပါ။ အတင်းအဖျင်းတွေ၊ သူတစ်ပါးမကောင်းကြောင်း ကိုယ်ကောင်းကြောင်းကလွဲရင် တခြားရေးစရာတွေ မရှိကြတော့ဘူးလားဟင်! Credit: Nine Nine Sanay @ နိုင်းနိုင်းစနေ
Posted on: Fri, 13 Sep 2013 15:13:00 +0000

Trending Topics



ile they may
The primary responsibility of any government is to protect the
Almost there! Just 2 days to go until #TheWolves EP is released! I

Recently Viewed Topics




© 2015