အလေးချိန် - TopicsExpress



          

အလေးချိန် လေးပိဿာကျော်ရှိ ကြေးဖိနပ်တစ်ဘက် ကွမ်းထောင်ကျွန်းပင်လယ်ပြင်မှဆယ်ယူ ရရှိ ကွမ်းထောင်ကျွန်းအနီးတွင် စက်လှေဖြင့် ငါးမျှားရာ၊ ငါးမျှားချိတ်တွင် ချိတ်ပါလာခြင်း ဖြစ်သည်။ အလေးချိန် ၄ ပိဿာ ၂၀ ကျပ်သားရှိသည့် ဖိနပ်သည် အရှည် ၁၃ လက်မနှင့် အကျယ် ငါးလက်မ ရှိသည်။ ဖိနပ် ပတ်လည်တွင် ဘဲဥပုံ အပေါက် ၁၆ ပေါက်နှင့် ဘေးတစ်ဘက်တစ်ချက်စီတွင် အပေါက် လေးပေါက် ပါရှိသည်။ ဖိနပ်၏ ဘေးတစ်ဖက်တွင် C,F,HEINKE,S စာတမ်းနှင့် အခြားတစ်ဖက်တွင် PATENT ဟူသည့် စာတန်းများ ပါရှိသည်။ “PATENT ဆိုတဲ့ စကားလုံးက ဗိုက်ကင်း ပင်လယ်ဓားပြအုပ်စုတွေနဲ့ နွယ်တဲ့ နာမည်တစ်မျိုး ဖြစ်တယ်။ ဒီ အုပ်စုတွေ ဒီလာတယ်လို့ မှတ်တမ်းမရှိဘူး။ ဒါပေမဲ့ သူတို့အုပ်စုအနွယ်တွေ ဖြစ်နိုင်တယ်” ဟု ထားဝယ် သုတေသနအဖွဲ့မှ ဦးဇော်သူရက မှတ်ချက်ပြုသည်။ wp.me/p1uw9S-bF1
Posted on: Tue, 16 Jul 2013 13:57:30 +0000

Trending Topics



Recently Viewed Topics




© 2015