အသေခံဗုံးခွဲခြင်း (Suicide - TopicsExpress



          

အသေခံဗုံးခွဲခြင်း (Suicide Bombing) (သို့) အသေခံတိုက်ခိုက်ခြင်း (Suicide Attack) ယနေ့ခေတ် ယနေ့ကမ္ဘာတွင် အသေခံဗုံးခွဲခြင်း (Suicide Bombing) (သို့) အသေခံတိုက်ခိုက်ခြင်း (Suicide Attack) ဟု ကြားလိုက်သည်နှင့် များစွာသော လူသားတို့ ၏ အတွေးအမြင်အာရုံ တို့တွင် အစ္စလာမ်ဘာသာဝင်မွတ်စ်လင်မ် များအား မဆိုင်းမတွ မြင်ယောင်မိတတ်ကြပေသည်။ ဤသို့မြင်တတ်ကြသည် ကိုလည်း တစ်ထစ်ချအပြစ်မဆိုသာ၊ အဘယ်ကြောင့်ဆိုသော် ယနေ့ခေတ် ယနေ့ကမ္ဘာ တွင် အသေခံဗုံးခွဲခြင်း၊ အသေခံတိုက်ခိုက်ခြင်းတို့ကို ပြုလုပ်နေသူ အများစုကြီးကား အစ္စလာမ် ဘာသာဝင် မွတ်စ်လင်မ်တို့ဖြစ်နေခြင်းကြောင့်ပင်။ ဤသို့ အသေခံဗုံးခွဲခြင်း၊ တိုက်ခိုက်ခြင်းတို့အားအစ္စလာမ် ဘာသာက ခွင့်ပြု သလော? အခြားဘာသာများကရော ခွင့်ပြုသလော? Secular လူ့အဖွဲ့အစည်း ကရော ခွင့်ပြုသလော အသို့ပါနည်း? အစ္စလာမ် သာသနာ သည် အပြစ်မဲ့လူသားတို့ အား မည်သည့်နည်းနှင့်မဆို ထိခိုက်စေခြင်း၊ သေကြေပျက်စီးစေခြင်းတို့ကို ပြင်းပြင်းထန်ထန်တားမြစ်ထား သော ဘာသာတရားဖြစ်သည်ကို အစ္စလာမ်ဘာသာ ၏အုတ်မြစ်ဖြစ်သည့် ကုရ်အာန်ကျမ်းအား လေ့လာလျှင် အလွယ်တကူသိရှိနိုင်ပါသည်။ နမူနာပြရသော်.... ကုရ်အာန်ကျမ်း (၅း၃၂) ၏ အပိုဒ်တစ်ပိုဒ်ဖြစ်သည်။ ဧကန်စင်စစ် မည်သူမဆို အကြင်သူတစ်ဦးတစ်ယောက်အား အသက် တစ်ချောင်း၏ အစားလည်းမဟုတ်ဘဲ၊တိုင်းပြည်၌ ဆူပူသောင်းကျန်း (မှုကို ပြုလုပ်)ခြင်းကြောင့်လည်းမဟုတ်ဘဲ (မတရားသက်သက်) သတ်ဖြတ်ခဲ့ပါလျှင်၊ ထိုသူသည်လူခပ်သိမ်းတို့ကို သတ်ဖြတ်ဘိသကဲ့ သို့ပင်ဖြစ်၏။ ထိုနည်းတူစွာ မည်သူမဆို လူတဦးတယောက် ကို (အသက်ဘေးအန္တရာယ်မှ ကယ်ဆယ်ခြင်းအား ဖြင့်) အသက်ရှင်စေခဲ့ပါမူ၊ ထိုသူသည်လူအပေါင်းတို့အား အသက်ရှင်စေဘိသကဲ့သို့ပင်ဖြစ်၏။ ကုရ်အာန်ကျမ်း (၆း၁၅၁) တွင်....... ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်က (သတ်ဖြတ်ခြင်းမပြုရန်) ဟရာမ်ဟူ ၍တားမြစ်ထားတော်မူသော အသက်ဇီဝိန်ကို မသတ်ဖြတ်ကြ ကုန်လင့်။ သို့ရာတွင် (အစ္စလာမ်) တရားတော်နှင့်အညီ(သတ်ဖြတ်ပိုင် ခွင့် ချွင်းချက်ရှိပေသည်)။ ကုရ်အာန်ကျမ်း (၁၇း၃၃) ၌လည်း...... ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်က တားမြစ်ပညတ်ထား တော်မူသော အသက်ဇီဝိန်ကို မှန်ကန်သော အကြောင်းမရှိဘဲလျက် သတ်ဖြတ်ခြင်း မပြုကြရချေ။ အထက်ပါ ကျမ်းပိုဒ်များကို လေ့လာကြည့်ပါက.... အစ္စလာမ် သာသနာသည် အသက်သတ်ဖြတ်ခြင်း အမှုကို ယေဘုယျအား ဖြင့် (သို့) ခြွင်းချက် ဖြင့် တားမြစ်ထားကြောင်း သိရှိနိုင်ပါသည်။ အသက် ဟုဆိုရာ၌လူသားတို့၏ ဇီဝိန် သာမက တိရစ္ဆာန်တို့၏ အသက်လည်း ပါဝင်ပေသည်။ ခိုင်လုံသော အကြောင်းတစ်စုံတစ်ရာမရှိပါဘဲလျှက် လူ နှင့် တိရစ္ဆာန်တို့အားသတ်ဖြတ်ခြင်းသည် ကြီးလေးသောအပြစ်ဒုစရိုက်ကို ကျူး လွန်ခြင်းမည်၏ ဟု အစ္စလာမ် သာသနာ က အတိအလင်း ပညတ် ထား သည်မှာ မုချပင်။ ခိုင်လုံသော အကြောင်းတစ်စုံတစ်ရာဟူသည် အဘယ်နည်း? ဓားပြမှု၊ မုဒိန်းမှု၊ လူသတ်မှု၊ နိုင်ငံတော်ပုန်ကန်မှု စသည့်ပြစ်မှုကျူးလွန်သူ anti social elements တရားခံများအား သေဒဏ်ပေးခြင်း၊ လူသားတို့ ၏ အာဟာရအလို့ငှါလည်းကောင်း၊ အသုံးအဆောင် အလို့ငှါလည်းကောင်း တိရိစ္ဆာန်တို့အား သတ်ဖြတ်ခြင်း စသည်တို့ကို ဆိုလိုပါသည်။ အစ္စလာမ် သာသနာဝင် မွတ်စ်လင်မ်တို့ အနေဖြင့် လူသား တို့အားမဆိုထား နှင့် ၊ တိရိစ္ဆာန်များအားပင်လျှင် မတရားအကြောင်းမဲ့နာကျင်စေခြင်း၊ သတ်ဖြတ် ခြင်းမပြုရရုံမျှမက ထိုအသက်ဇီဝိန်များကို တတ်အားသရွေ့ ကယ်တင်စောင်မ ရမည်ဖြစ်သည်။ ထင်ရှားပြတ်သားသော သာဓက တစ်ရပ်ဖြင့်လင်းပြရသော်..... အစ္စလာမ်သာသနာဝင်တို့သည် ဝက်သတ္တဝါ၏ အသားအား စားသုံးခြင်းမပြု ရကြောင်း လူတိုင်းနီးနီးသိရှိ ကြပေသည်။ သို့ရာတွင်....အကယ်၍.... ဝက်သတ္တဝါတစ်ကောင်သည် လမ်းတစ်နေရာ၌ ကားတိုက်မိ၍ဒဏ်ရာရ လျှက် ရှိသည်ကို၊ မွတ်စ်လင်မ်တစ်ဦး က တွေ့မြင်သည်ဆိုကြပါအံ့၊ ထိုဝက်သတ္တဝါ အား အချိန်မီ ပြုစုစောင့်ရှောက် ကုသပေးပါ က အသက်ရှင်နိုင်သည် ဟု ထိုမွတ်စ်လင်မ်က ထင်မြင်အံ့၊ ၎င်း သတ္တဝါအား ကြင်နာယုယစွာ ထွေးပိုက် ၍ ကုသပြုစုစောင့်ရှောက်ပေးရန် ထိုမွတ်စ်လင်မ် အပေါ်၌ တာဝန်ထိုက်သက် သွားလေသည်။ ကြင်နာသနားသောစိတ်ထားဖြင့် ပြုစုစောင့်ရှောက် ပေးပါ က ကုသိုလ်အကျိုးရမည်ဖြစ်ပြီး၊ လစ်လျုရှု စွန့်ခွါသွားပါက အပြစ်ထိုက်မည် ဖြစ်ပေသည်။ သို့ရာတွင်..........အကယ်၍.....ရူးသွပ်နေသော ခွေးတစ်ကောင် သည် လမ်းပေါ်တွင် ဥဒဟိုပြေးလွှား၍ လူတို့အား ရန်မူနေသည်ကို မွတ်စ်လင်မ် တစ်ဦးသည် တွေ့မြင်သည် ဆိုကြပါအံ့၊ ထိုခွေးရူးအား တိုက်ခိုက်နှိမ်နင်းနိုင်မည် ဟု ထိုမွတ်စ်လင်မ်ကထင်မြင်အံ့၊ တိုက်ခိုက်နှိမ်နင်းသတ်ဖြတ်ပြီး လူတို့အား ကယ်တင်ရန် ထို မွတ်စ်လင်မ် အပေါ်၌ တာဝန်ထိုက်သက်သွားလေသည်။ ထိုခွေးရူးအား တိုက်ခိုက်နှိမ်နင်းသတ်ဖြတ်ပါက ကုသိုလ်အကျိုးရမည်ဖြစ်ပြီး၊ လစ်လျူရှုစွန့်ခွါသွားပါ က အပြစ်ထိုက်မည်ဖြစ်လေသည်။ ဤသည်တို့ကား အသက်သတ်ဖြတ်ခြင်းနှင့်ပတ်သက်သော အစ္စလာမ်သာသနာ အဆုံးအမ အားမြင်သာစေသည့်အကျဉ်းသာဓက တို့ပင်။ ယခုဆက်လက်၍ အသေခံတိုက်ခိုက်သည့် အကြောင်း ရေးသားပါမည်။ များစွာသော ဘာသာတရားတို့၏အဆုံးအမတို့တွင် မိမိကိုယ်ကိုအဆုံးစီရင်ခြင်း (Suicide) သည် ချီးမွမ်းဖွယ်ရာ အမှုမဟုတ်ရုံမက အပြစ်ဖြစ်စေသောအမှု ဖြစ်သည်။ မိမိကိုယ်ကိုအဆုံးစီရင်သူနှင့် ပတ်သက်၍ တမန်တော် မုဟမ္မဒ် က ဤလောကတွင်မည်သူမဆို မိမိ၏ အသက်ဇီဝိန် အား တစ်စုံတစ်ရာဖြင့် သတ်ဖြတ်အဆုံးစီရင်ခဲ့သော် ပြန်လည်ရှင်သန်ထမြောက်မည့်နေ့တွင်လည်း ထိုသူအား ယင်းအရာဖြင့်ပင် အပြစ်ပေးခြင်းခံရအံ့။ ဟု မိန့်တော်မူထားကြောင်း Sahih Bukhari နှင့် Sahih Muslim ကျမ်းတို့တွင် တွေ့ ရှိနိုင်ပါသည်။ ၎င်းပြင် မိမိ ကိုယ်ကိုအဆုံးစီရင်သူ အတွက် တမန်တော်မုဟမ္မဒ်က ဦးဆောင်ပြီး ဆုတောင်းခြင်း အမှုမပြုပေးကြောင်းကိုလည်း လေ့လာသိရှိရပါသေးသည်။ အပြစ်မဲ့လူသားတို့အား သေကြေပျက်စီးစေသည့် အသေခံဗုံးခွဲတိုက်ခိုက်ခြင်း အမှု တွင် မိမိကိုယ်ကို အဆုံးစီရင်ခြင်း ပြစ်မှု အပါအဝင်အပြစ်မဲ့တို့အား သေကြေပျက်စီးစေသည့် အမှုလည်းပါဝင်နေခြင်းကြောင့် ၎င်းလုပ်ရပ်သည် လွန်စွာ ပြစ်တင်ရှုံ့ချဖွယ်ရာဖြစ်နေကြောင်း မည်သူမျှ ငြင်းနိုင်မည် မဟုတ်ပါ။ မိမိကိုယ်ကိုဆုံးစီရင်၍ အပြစ်မဲ့တို့အား သေကြေပျက်စီးစေခြင်းကို ဘာသာ တရားတိုင်း လူ့အဖွဲ့အစည်းတိုင်း ကလက်မခံ ရှုံ့ချသော်လည်း အများသူငှါ အကျိုးအတွက်မိမိအသက်ခန္ဓာစွန့်၍ အကျိုးဆောင်ခြင်းကို မူ ဘာသာ တရား တိုင်း လူ့အဖွဲ့အစည်းတိုင်း က လက်ခံရုံမကကြီးစွာသော ဂုဏ်ပြုခြင်းအမှု ကို ပြုလေ့ရှိကြပြီး၊ ထိုသို့အကျိုးဆောင်သူအား မိမိတို့၏ National Hero အမျိုးသားသူရဲကောင်း အဖြစ် သတ်မှတ်ဂုဏ်ပြုကြလေသည်။ ပမာပြရသော်..... မြန်မာနိုင်ငံစစ်သည်တော်တို့အားပေးအပ် ချီးမြှင့်သည့် အောင်ဆန်းသူရိယ ဘွဲ့၊ ပါကစ္စတန် နိုင်ငံ စစ်သည်တော်တို့အား ပေးအပ်ချီးမြှင့်သည့် နိရှာနေဟိုင်ဒရ် ဘွဲ့။ များစွာသောသူတို့ က မွတ်စ်လင်မ် တို့သည် အသေခံဗုံးခွဲခြင်း (သို့) အသေခံ တိုက်ခိုက်ခြင်းတို့ကို ကနဦးတီထွင်ခဲ့ကြသူများဖြစ်သည်ဟု ထင်မှတ်နေကြသည်။ မွတ်စ်လင်မ် တို့သည် အသေခံဗုံးခွဲခြင်း (သို့) အသေခံတိုက်ခိုက်ခြင်းတို့ကို စတင်တီထွင် ခဲ့သူများမဟုတ်ပေ။ လေ့လာမိသလောက်ဆိုရင် ကမ္ဘာ့သမိုင်းတွင် ပထမဦးဆုံးအသေခံတိုက်ခိုက်ခြင်း (Suicide Attack) ကို ပြုခဲ့သူမှာခရစ်ယျာန် သမ္မာကျမ်းလာ Sampsom (ခ) ရှံဆုန် ဟုခေါ်သောသူသာလျှင် ဖြစ်ပေသည်။ (ကိုးကား-သမ္မာကျမ်း ဓမ္မဟောင်း၊ တရားသူ ကြီးမှတ်စာ ၁၆း၂၆-၃၀)။ ထို ရှံဆုန် သည် ၎င်း၏ အသက်ကိုအဆုံးစီရင်ကာ ဖိလစ်စတိုင်းလူမျိုးယောက်ျား မိန်းမ အယောက် ၃၀၀၀ ကျော်အားသတ်ဖြတ်ခဲ့လေသည်။ အသေခံဗုံးခွဲခြင်း လုပ်ရပ် ကို ကမ္ဘာတွင်အများဆုံးပြုခဲ့သူတို့မှာ သီရိလင်္ကာနိုင်ငံတွင် အလွန်အင်အားကောင်း ခဲ့သော LTTE (ခ) တမီလ်ကျားသူပုန် (Liberation Tigers of Tamil Eelam) အဖွဲ့ဖြစ်သည်။ မိမိကိုယ်ကိုအဆုံးစီရင်၍ ရန်သူ အား အသေခံတိုက်ခိုက်ရာတွင် နာမည်ကြီးသူတို့မှာ ဂျပန်လေသူရဲများဖြစ်ကြောင်းသိရှိကြပေမည်။ ဂျပန် လေသူရဲ ၄၀၀၀ နီးပါးတို့သည် ဒုတိယကမ္ဘာစစ်အတွင်းက ကာမိကာဇီဟူသော လေယာဉ် ထိုးစိုက် အသေခံတိုက်ခိုက်ခြင်းကို ပြုလုပ်ခဲ့ကြလေသည်။ သို့ဖြစ်ရာ..... အကယ်၍....အီရတ် နိုင်ငံအား ဝင်ရောက် ကျူးကျော်တိုက်ခိုက်သော နိုင်ငံခြားတပ် များအား အီရတ်တို့က အသေခံဗုံးခွဲတိုက်ခိုက်ခြင်း၊ အသေခံတိုက်ခိုက်ခြင်း တို့ ပြုလုပ်ပါ က ၎င်းတို့၏ မြေကြီးအားကာကွယ်သည် မည်သောကြောင့် ချီးမွမ်းဂုဏ် ပြုစရာပင်။ အကယ်၍သာ အာဖဂန်တို့က ၎င်းတို့နိုင်ငံကို ကျူးကျော်တိုက်ခိုက်သော နိုင်ငံခြားတပ်တို့အား အသေခံဗုံးခွဲခြင်း၊ အသေခံတိုက်ခိုက်ခြင်းတို့ ပြုလုပ်ပါက၎င်း တို့၏ မြေကြီးအားကာကွယ်သည် မည်သောကြောင့်ချီးမွမ်းဂုဏ်ပြုစရာပင်။ သို့ရာ တွင် ကြီးစွာသော သတိထားရမည်မှာ-အစ္စလာမ် သာသနာသည် အပြစ်ရှိသူ တစ် ယောက်အတွက် အပြစ်မဲ့တို့အား တိုက်ခိုက်ခြင်း အမှုကို ပြင်းပြင်းထန်ထန်တားမြစ်ထားသည်ဟူသောအချက်ပင်ဖြစ်သည်။ ဥပမာ- အိုစာမာဘင်န်လာဒင်န်သည် အမှု တစ်ခုအတွက် အပြစ်ရှိသည်ဆိုအံ့၊ ၎င်းနေထိုင်ရာနိုင်ငံတစ်ခုလုံးရှိ အပြစ်မဲ့သူတို့ အား မည်းမည်းမြင်ရာ တိုက်ခိုက်နေခြင်းမျိုးမှာ အစ္စလာမ့် အဆုံးအမ မဟုတ်ပေ။ ကျူးလွန်သောအမေရိကန် (သို့) အစ္စရေး လူမျိုး တစ်ဦးတစ်ယောက်ကြောင့် အမေရိကန် တိုင်း အစ္စရေးတိုင်း အား သတ်ဖြတ်ရမည် ဟူသော Idea မျိုးသည် လည်း အစ္စလာမ့် အဆုံးအမ မဟုတ်ပါ။ သို့သော်.....တစ်ဖက်သတ် မတရားဖိနှိပ်အနိုင်ကျင့် ခံနေရပါက ရရာနည်းလမ်းကို အသုံးချပြီး ပြန်လည်တုန့်ပြန်တတ်သော Psychological အခြေခံ သဘောတရား တို့ကို လက်လွှတ်၍လည်းမရပေ။ ဥပမာ-ပါလက်စတိုင်းအရေးအခင်း။ အစ္စရေးတို့ သည် ပါလက်စတိုင်းနယ် အားကျူးကျော်ဝင်ရောက် အခြေချနေထိုင်ပြီးနောက်၊အပြစ် မဲ့ ပါလက်စတိုင်း လူမျိုးတို့အား အနိုင်ကျင့်သတ်ဖြတ် နေခြင်းကြောင့်ပါလက်စတိုင်း တို့သည် အစ္စရေးတို့အားရရာနည်းလမ်းဖြင့်တိုက်ခိုက်ကြရာ အပြစ်မဲ့တို့သေဆုံးကြ ရပြန်လေသည်။ သို့တစေ..... လောကတွင် မည်သူမှားသည်ဖြစ်စေ၊ မွတ်စ်လင်မ် ဟူသည်ကားအမိုက်ဖက်ပြိုင်၍ မှားမရပေ။ အစ္စရေးတို့အား တုန့်ပြန်တိုက်ခိုက်ရင်း အပြစ်မဲ့တို့ကိုပါ သေကြေစေသော ပါလက်စတိုင်းတို့အား အမိုက်မပြိုင်ရန် ခေါင်းဆောင်တို့အနေဖြင့် ဆုံးမသင့်သလို၊ တစ်ဖက်တွင်လည်း ပါလက်စတိုင်းတို့၏တုန့်ပြန်မှုကို ဖြစ်စေသော root cause အား ဝိုင်းဝန်းဖယ်ရှားရမည်ဖြစ်ကြောင်း ပမာဆောင် ရေးသားတင်ဆက်လိုက်ပါသည်။ ရဲရင့်သစ္စာ (၇.၁၁.၂၀၁၂) yeyintthitsar.blogspot/
Posted on: Sun, 27 Oct 2013 15:58:56 +0000

Trending Topics



Recently Viewed Topics




© 2015