အဖွဲ့အစည်းတိုင်းမှာ - TopicsExpress



          

အဖွဲ့အစည်းတိုင်းမှာ -ကောင်းတဲ့သူ -တော်တဲ့သူ -ညံ့တဲ့သူ -ကြိုးစားသူ -ပျင်းရိသူ -လူလည်ကျသူ -ရိုးသားသူ -အကွက်မြင်ဖြတ်ခုတ်တတ်သူ -အ၇ိုးခံ ကြိုးစားတတ်သူ -နေရာယူတတ်သူ -နေရာမယူတတ်သူ အဲ့လို စရိုက်အမျိုးမျိုးနဲ့ လူအသီးသီးရှိကြတယ်။ ဒီတော့ အဖွဲ့တိုင်းမှာ စည်းကမ်း ဆိုတာ ထားပြီး ကြပ်မတ်ကြရတယ်။ ဒါက ဘယ်လိုအဖွဲ့ပဲ ဖြစ်ဖြစ်။ သိုင်းဝတ္တုထဲက သိုင်းဂိုဏ်းတွေက စလို့ အခုခေတ် ပါတီတွေ၊ စစ်တပ်တွေ ဘယ်လိုအဖွဲ့တွေပဲဖြစ်ဖြစ် ဒါဟာ အဖွဲ့တွေရဲ့ လက္ခဏာ၊ သဘာဝ။ ငါတို့အဖွဲ့က အကုန်ကောင်းဆိုလို့ကတော့ အဲ့အဖွဲ့ နာဖို့သာ မှတ်။ ရေရှည်မှာ မုချ ကျဆုံးတယ်။ ကြီးပွားတဲ့ အဖွဲ့မှန်သမျှ Check and Balance လုပ်တယ်။ Audit ဝင်တာတို့၊ Regulatory Body ထားတာတို့၊ Independent Scrutiny တို့၊ ဘာတို့ ဆိုတာ အဖွဲ့ကြီး ယိုယွင်းနေတာ နောက်မှ သိရတာ မဖြစ်ရအောင် စစ်ဆေးနေတဲ့ဟာ။ Organizational Project Management တို့ဘာတို့က ဒါတွေကိုင်ကြတယ်။ ဒါကြောင့် Check and Balance ကို အစိုးရစံနစ်မှာသုံးရင် အစိုးရစံနစ်ဟာ အမှားနည်းတယ်။ ကုမ္ပဏီတွေ အဖွဲ့အစည်းတွေမှာသုံးရင် စီမံခန့်ခွဲမှု၊ အဖွဲ့လိုက်ရွေ့လျားချိတ်ဆက်မှု အားကောင်းတယ်။ ထိရောက်တယ်။ မြန်မာပြည်မှာ အကောင်းဆုံး နမူနာဟာ မဆလပါတီနဲ့ နအဖ အစိုးရပဲ။ Check and Balance မရှိခြင်း။
Posted on: Wed, 22 Jan 2014 19:50:13 +0000

Recently Viewed Topics




© 2015