အပြည်ပြည်ဆိုင်ရာ - TopicsExpress



          

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ကြေငြာချက် စက်တင်ဘာ ၂၁ ရက်၊ ၂၀၁၃ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအတွင်း ရေရှည်တည်တံ့သောငြိမ်းချမ်းရေးကို အမြန်ဆုံးတည်ဆောက်နိုင်စေရန်အတွက် စက်တင်ဘာလ ၂၁ရက် ၂၀၁၃ခုနှစ် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းနေ့တွင် ငြိမ်းချမ်းရေးလိုလားသူ ရဟန်းရှင်လူ၊ တိုင်းရင်းသားပြည်သူများနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများပူးပေါင်းပါဝင်၍ နိုင်ငံတ၀န်းလုံးတွင် ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှုများကို အသွင်သဏ္ဍာန်အမျိုးမျိုးဖြင့် ဖော်ဆောင်ခဲ့ပါသည်။ ထိုငြိမ်းချမ်းရေးလှုပ်ရှားမှုများကိုရည်ရွယ်ချက် ၃ရပ်ဖြင့် ချမှတ်ဖော်ဆောင်ခဲ့ကြခြင်းဖြစ်ပါသည်။ ၄င်းရည်ရွယ်ချက်များမှာ- - နိုင်ငံတ၀န်းလုံးတွင် စစ်ပွဲများ၊ ဖိနှိပ်မှုများ၊ အကြမ်းဖက်မှုများ ပပျောက်စေရေး၊ - ပြည်သူများအကြားတွင် ငြိမ်းချမ်းရေးအနှစ်သာရများပြန့်ပွားစေရေးနှင့် ငြိမ်းချမ်းရေးလှုပ်ရှားမှုများတွင် အားလုံးပူးပေါင်းပါဝင်လာစေရေး၊ - အမျိုးသားပြန်လည်သင့်မြတ်ရေး တို့ဖြစ်ကြပါသည်။ ငြိမ်းချမ်းရေးလိုလားသူရဟန်းရှင်လူပြည်သူများ၏ သဘောထားဆန္ဒများဖြစ်ကြသည့် အထက်ပါရည်ရွယ်ချက်များ ပြည့်ဝစွာအကောင်အထည် ပေါ်လာစေရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့်လည်း အလေးထားတာဝန်ယူဖြည့်ဆည်း ဆောင်ရွက်ပေးရမည်ဟု လေးနက်ခိုင်မာစွာ ယုံကြည်ပါသည်။ ပြည်သူ့ဆန္ဒရည်ရွယ်ချက်များ ပြည့်ဝစေရန် နိုင်ငံတော်အစိုးရမှ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်အချက်များမှာ… ၁။ ပြည်တွင်းစစ်အဆုံးသတ်နိုင်ရေးအတွက် အစိုးရတပ်မတော်မှစတင်ပြီး ထိုးစစ်များလုံးဝရပ်ဆိုင်း၍ နိုင်ငံတော်အစိုးရမှ တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးကို တရားဝင်ကြေငြာရန်။ ၂။ အစိုးရ၊ တပ်မတော်နှင့် လွှတ်တော်များ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း ဖြစ်စဉ်များတွင် ချိတ်ဆက်ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် ကြံခိုင်ဖွံ့ ဖြိုး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန်။ ၃။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလှုပ်ရှားမှုများတွင်ပြည်တွင်းပြည်ပရှိ နိုင်ငံရေး အင်အားစုများနှင့် တိုင်းရင်းသား ပြည်သူများအားလုံးပါဝင်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရမှ အထွေအထွေ လွတ်ငြိမ်းချမ်းသာခွင့်ကြေငြာပေးရန်နှင့် လယ်သမားရေး၊ အလုပ်သမားရေးနှင့် နိုင်ငံရေး လူမှုရေးတက်ကြွလှုပ်ရှားသူများအား ဖမ်းဆီးအရေးယူမှုများ ချက်ချင်းရုပ်သိမ်းပေးရန် ၄။ ရေရှည်တည်တံ့သောငြိမ်းချမ်းရေးရှိသည့် ဒီမိုကရေစီနိုင်ငံတည်ဆောက်ရာတွင် အသက်တမျှအရေးကြီးသည့် ပြည်သူလူထု၏ လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်၊ပါဝင်လှုပ်ရှားခွင့်များကို ချိုးဖောက် ဖိနှိပ်ထားသော ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ၊ ၁၉၅၀ အရေးပေါ်စီမံမှုဥပဒေ၊ မတရားသင်းဆိုင်ရာဥပဒေများ၊ နိုင်ငံတော်ဘေးအန္တရာယ်မှကာကွယ်စောင့်ရှောက်ရေးဥပဒေများ၊ စသည့်ဒီမိုကရေစီနှင့်သွေဖည်ဆန့်ကျင်နေသည့် ဥပဒေများကို ချက်ချင်းဖျက်သိမ်းပေးရန်၊ ၅။ အစိုးရ၊တပ်မတော်၊တိုင်းရင်းသားအင်အားစုများ၊နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများ စသည့်အစုအဖွဲ့အားလုံးမှ ကိုယ်စားလှယ်များပါဝင်သော လွတ်လပ်ပွင့်လင်းသည့် အမျိုးသားပြန်လည်သင့်မြတ်ရေး ညီလာခံကြီးတရပ် အမြန်ဆုံးခေါ်ယူပေးရန်၊ ၆။ ပြည်တွင်းစစ်ဘေးဒဏ်သင့်ဒေသများနှင့် ပဋိပက္ခများဖြစ်ပွားခဲ့ရာဒေသများရှိ မြန်မာနိုင်ငံသား၊တိုင်းရင်းသားပြည်သူများ၏ စားဝတ်နေရေး၊ကျန်းမာရေး၊ ပညာရေးနှင့် မိမိနေရပ်တွင်ပုံမှန်ဘ၀ပြန်လည်တည်ဆောက်နိုင်ရေးအတွက် လိုအပ်သည့်ထောက်ပံ့ကူညီမှုများကို နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ အမြန်ဆုံး တာဝန်ယူဆောင်ရွက်ပေးရန်၊ ၇။ ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်များ လုံခြုံမှုရှိစေရန်အတွက် လူမျိုးရေးဘာသာရေး အသွင်ဆောင်သော အကြမ်းဖက်မှုများ လုံးဝပပျောက်စေရေးကို အမြန်ဆုံးထိရောက်စွာ အကောင်အထည်ဖော်ပေးရန်နှင့် ထပ်မံမဖြစ်ပွားစေရေးအတွက် ပြစ်မှုကျူးလွန်သူများအား တရားဥပဒေအရ ထိရောက်စွာအရေးယူပေးရန်၊ ပြည်သူ့ဆန္ဒနှင့် ပြည်သူကပေးအပ်သောတာဝန်ကို လေးစားလိုက်နာသည့် ပြည်သူ့အစိုးရတရပ်အဖြစ် နိုင်ငံတော် အစိုးရအနေဖြင့် အထက်ပါတောင်းဆိုချက်များကို အမြန်ဆုံးမဖြစ်မနေအကောင်အထည်ဖော်ဆောင်ရွက်ပေးပါရန် လေးနက်စွာ တိုက်တွန်းအပ်ပါသည်။ ငြိမ်းချမ်းရေးလိုလားသူပြည်သူများ အရပ်ဘက် လှုမှု အဖွဲ့ အစည်းများ (၂၁ ရက်နေ့ အထိ ကြေငြာချက်ကို ထောက်ခံအားပေးသော အဖွဲ့ အစည်းများ စာရင်းဖြစ်ပါသည်၊ ထပ်မံ ပူးပေါင်းပါဝင်လိုသော အဖွဲ့ အစည်းများ idp.myanmar.2013@gmail သို့ အီးမေးလ်ပေးပို့ ဆက်သွယ်နိုင်ပါသည်) Peace Network ပေါင်းကူး Pray for Myanmar မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများ (BP) Network for Democracy & Development Mekong Ecology and Energy Network (Myanmar) Mizzama Youth Network Voluntary Internship Program Safety Net Myanmar Youth Empowerment Program ကဗျာဆရာများသမဂ္ဂ Activists for Interfaith Ygn-liza Peace Walkers Equality Myanmar Irrawady West Development Organization စိမ်းရောင်စို Chin Land Natural Resource Watch Group အလင်းစေတမန် ကဗျာချစ်သူများအသင်း (PLA) Youth Development Network ကျောင်းသားသမ္မဂ္ဂများအဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ) MIDO ( Myanmar Media Development Organization) KWEG-Karen Women Empowerment Group ပညာရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေး Chin Youth Network ပျိုးခင်းသစ် (မအူပင်) MYCO ( Myanmar Youth Contributive Organization) Myanmar Youths In Action Dawei Development Association (DDA) Youth Resource Developement Program Youth Circle Dawei Human Rights Watch National Good-governance Individuals(NGI) Karen Youth Network Ar Yone Oo Network for Human Right Documentation in Burma.(ND Burma) Generation Youth Eco-Dev NDD Divers Youth Art Platform C.S.I.D ဂေဟဟိတ - Environment Network မေတ္တာတရားအိမ် နာဂတောင်တန်းဖွံ့ ဖြိုးရေးအဖွဲ့ ( NHDN) Free Legal Aid Dawei Farmer Network ရန်ကုန်အခြေစိုက်ပရဟိတလူငယ်များကွန်ယက် Tarkapaw WON – Women Organization Network Burmese Women’s Union LADDER ပန်းရဲ့ လမ်း Upper Burma English Teachers Training Association New Myanmar Foundation ထောင်စုအလင်း ဓမ္မပီတိ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ် ဖန်တီးအိမ် သွေးမေတ္တာ ရွှေဘိုရွှေခြင်္သေ့ အလင်းစေတမာန် ရွှေသံစဉ် ဂျူးဖောင်ဒေးရှင်း National Youth Congress (NYC) Color Rainbows မြန်မာနိုင်ငံလူငယ်များအစည်းအရုံး(MYU) Kachin Peace Network ကချင်အမျိုးသမီးများ ငြိမ်းချမ်းရေးကွန်ရက် KW PN Forum for Democracy in Burma Brave New Burma Green Myanmar Network Graffiti လူငယ်များ MMSY
Posted on: Mon, 23 Sep 2013 00:02:26 +0000

Trending Topics



Recently Viewed Topics




© 2015