၁၉၄၆ ခုနှစ်၊ - TopicsExpress



          

၁၉၄၆ ခုနှစ်၊ အောက်တိုဘာလ ၂ဝ ရက် နံနက် ၈ နာရီခွဲတွင် ဖဆပလအဖွဲ့ချုပ်သည် ရွှေတိဂုံစေတီ တော် အနောက်ဘက်ခြေတော်ရင်း၌ လူထုအစည်း အဝေးကြီးတစ်ရပ် ကျင်းပရာ ပရိသတ် တစ်သိန်း ကျော် တက်ရောက်ကြသည်။ ဖဆပလ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းက ဖဆပလ အဖွဲ့ချုပ်မှ ကွန်မြူ နစ်ပါတီကို ထုတ်ပယ်ရခြင်း အကြောင်းအရာများကို အောက်ပါအတိုင်း ပြောကြားသွားသည်။ ကွန်မြူနစ်တွေကို ဘာပြုလို့ ထုတ်ပစ်ရသလဲ ယနေ့ အစည်းအဝေးကတော့ အများသိတဲ့ အတိုင်းပဲ၊ ဖဆပလက ကွန်မြူနစ်တွေကို ဘာပြုလို့ ထုတ်ပစ်ရတယ်ဆိုတဲ့အကြောင်း ရှင်းပြဖို့ပါပဲ။ ဒီ အကြောင်းတွေ ပြောရမယ်ဆိုရင် အများကြီးပဲ။ ကျုပ် လည်း စီကာစဉ်ကာ ပြောနေဖို့ အချိန်မရဘူး။ ခင်ဗျား တို့လည်း နေပူမှာ သိပ်ကြာကြာ နေနိုင်မှာ မဟုတ်ဘူး။ နောက်ကြောင်းတွေကိုပဲ ပြန်ပြောသင့်သလောက် ပြောရမယ်။ ဖဆပလ အဖွဲ့ချုပ်ဟာ အားလုံးသိပြီး ဖြစ်ကြမှာ ပဲ။ ဂျပန်ခေတ်မှာ တိတ်တိတ်ပုန်း ပေါ်လာတယ်။ ဒီအဖွဲ့ချုပ်ကြီးရဲ့ ဝါဒလုပ်ငန်းစဉ်အရပ်ရပ်ကို ကျွန်တော်ပဲ စတင်စီမံပြီး ကျွန်တော်နဲ့ တပ်မတော်ရဲ့ကောင်း မှု ကြောင့် ဂျပန်တွေပြန်ချဖို့ဆိုတဲ့လုပ်ငန်းဟာ အဲဒီကျ မှပဲ ကျကျနန ဖြစ်လာတော့တယ်။ လက်နက်ချဝါဒ အစတုန်းကဆိုရင် ကွန်မြူနစ်တွေဆိုတာလည်း မပြောပလောက်ပါဘူး။ အလုပ်လည်းပဲ တကယ် မရှိ ပါဘူး။ ပြီးတော့ သူတို့ဝါဒကလည်း အင်္ဂလိပ်လာရင် လက်နက်ချလိုက်ဆိုတဲ့ ဝါဒလောက်ပဲ ရှိတယ်။ အဲဒါနဲ့ ကျုပ်တို့နဲ့ တွဲမိမှ ဒီလို မဖြစ်နိုင်ဘူး။ ဂျပန် ကိုတော်လှန်ဖို့ အပြင်းအထန် စီစဉ်ရမယ်။ လူထု လုပ်ငန်းတွေလည်း ထက်ကြပ်လုပ်နိုင်အောင် စီစဉ် ရမယ်။ ဗမာလူထုတွေ ဖွဲ့စည်းနိုင်သလောက် ဖွဲ့စည်း ပြီး လက်နက်ရနိုင်သလောက် လက်နက်စွဲကိုင်ခိုင်းပြီး လုပ်ထားမှ ဂျပန်ကို ချပြီးတဲ့နောက် လွတ်လပ်ရေး အင်အားစု ဖြစ်လာနိုင်မယ်။ ဒီလိုမဟုတ်ရင် ပခုံး ပြောင်းတဲ့အလုပ်လောက်သာ ဖြစ်မယ်လို့ ကျုပ်တို့ ပြောခဲ့တယ်။ အနုပဋိလောမဝါဒနှင့် မကိုက်ဘူးတဲ့ အဲဒီတော့ သူတို့လုပ်ငန်းစဉ် နည်းမှန်လာတယ်။ ဒါတောင် တကယ့်တကယ် လုပ်ကြစတမ်းဆိုတဲ့ အရေး ကျတော့ ဆန့်ငင်ဆန့်ငင်နဲ့ မလုပ်ရဲ၊ မကိုင်ရဲဖြစ်ပြီး လက်နက်နဲ့ ထြ
Posted on: Mon, 25 Nov 2013 09:42:54 +0000

Trending Topics



Recently Viewed Topics




© 2015