၎။ - TopicsExpress



          

၎။ အာဟာရဓာတ်ဖြည့်တင်းခြင်း ယနေ့ခေတ်မှာ ကျွန်တော်တို့တတွေနေ့စဉ်စားသုံးနေတဲ့ အစားအစာတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုပြီး ကျန်းမာရေးနဲ့မညီညွတ်ပဲ အာဟာရဓာတ်တွေ ကင်းမဲ့ လာကြပါတယ်။ ကျွန်တော်တို့အားလုံးသိကြတဲ့ အတိုင်းပဲ အသားငါးတွေ ဆိုလည်း သဘာဝ အလျောက် မွေးမြူ ကြတာ မဟုတ်တော့ဘဲ ပိုပြီး ကြီးအောင်၊ ဝအောင် ဓာတုဆေးတွေ ကျွေးပြီး မွေးကြတယ်။ ဟင်းသီးဟင်းရွက်၊ အသီးအနှံ တွေဆိုရင်လည်းပဲ မြန်မြန်ကြီးအောင်၊ မြန်မြန်မှည့်အောင်၊ အလုံးလှအောင် ဆိုပြီး ဓာတု ဓာတ်မြေဩဇာ တွေသုံး ပြီးစိုက်ကြ တယ်။ အထူးသဖြင့် ကျွန်တော်တို့ မြို့နေလူတန်းစားတွေ စားလေ့ရှိတဲ့ အသင့်စား အစားအစာများဟာ ထုပ်ပိုးမှု ပုံစံ လှလှပပ လေးတွေနဲ့ အဆီဓာက်၊ သကြားဓာတ်၊ ကစီဓာတ် တွေ လွန်ကဲနေတဲ့ အစာတွေဖြစ်နေ တတ်ပါတယ်။ အများစုဟာ ကျွန်တော်တို့ခန္ဓာကိုယ် အတွက်မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေ၊ သတ္တုဓာတ်တွေ၊ ရောဂါကာကွယ်နိုင်တဲ့ ကိုယ်ခံအားတွေ လုံလောက်အောင် မပါဝင်ကြပါဘူး။ အဲဒီတော့ ဘာဖြစ်လာလည်း ဆိုတော့ အခုခေတ်လူတွေဟာ ကျွန်တော်တို့ အဘိုးအဘွားတွေ လက်ထက်တုန်း ကလူတွေထက်ပိုပြီး ရောဂါတွေ ထူပြောလာကြတယ်၊ ရောဂါခုခံကာကွယ်နိုင်စွမ်းတွေ နည်းလာကြတယ်၊ ရောဂါအဆန်းတွေလည်း ပေါ်လာကြတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့ဟာ ကောင်းမွန်သော ကျန်းမာရေးကို ထိန်းသိမ်းဖို့ အတွက် လုံလောက်တဲ့ အာဟာရဓာတ် တွေကိုရရှိအောင် သဘာဝအတိုင်း ပြုလုပ်ထားသော ဖြည့်စွက် အစာအာဟာရတွေကို စားသုံးရန် လိုအပ်လာပြီဖြစ်ပါတယ်။ ဆက်ရန်... 4. Nourishing Unfortunately, today’s diets are made up of more fats, more sugars, more carbohydrates and fewer nutritionally rich foods than ever before. We are missing the essential vitamins, minerals, phytonutrients and phytochemicals so critical to building and maintaining good health. Diets containing substantial and varied amounts of fruits and vegetables could prevent 20% or more of all cases of cancer. – The World Cancer Research Fund, The American Institute for Cancer Research, 1997 To Be Continued...
Posted on: Tue, 20 Aug 2013 05:12:26 +0000

Trending Topics



Recently Viewed Topics




© 2015