ကြည့်ရတာ မထင်ထားပေမယ့် - TopicsExpress



          

ကြည့်ရတာ မထင်ထားပေမယ့် အစအဆုံး ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရတဲ့ ဇာတ်ကားပါ။ Olivia Wilde ( Cowboys and aliens နောက် The Words ဇာတ်ကားထဲက မင်းသမီး) ကို ခပ်ဟော့ဟော့ stripper အနေနဲ့ တွေ့ ရတာ အခန်းသိပ်မများပေမယ့် တော်တော်သဘောကျစရာကောင်းတယ်။စကားမစပ် ကို Wunna ThanHtun ညွှန်းတဲ့ We are Millers ထဲက Jennifer Aniston တစ်ယောက်ကို ကြည့်ချင်လို့ တစ်မြို့လုံး ရှာဝယ်တာ မတွေ့ ခဲ့ရသေးဘူး။ လိုချင်တာရှိရင် တုံးတိုက်တိုက် ကျားကိုက်ကိုယ်ရအောင်ယူပြမယ့် မိန်းမပုံစံကို Jennifer Garner လုပ်ပြထားတာလည်း မိုက်တယ်။ လူမည်းကလေးမလေးကို ထောပတ်ပန်းပုထွင်းရတဲ့ ပြိုင်ပွဲမှာ ရှုံးသွားလို့ ကျမက ချောချောလှလှ အရပ်ရှည်ရှည် လူဖြူအဖြစ်နဲ့ မွေးလာခဲ့တာ ဘယ်တတ်နိုင်မှာလဲလို့ ထခွပ်တာလည်း ရယ်ရတယ်။ ကလေးသရုပ်ဆောင်မိန်းကလေးကိုတော့ ကျနော်က မနှစ်က အော်စကာစာရင်းဝင်ထားတဲ့ ကလေးမလေးထပ်တော်င ပိုကြိုက်သေးတယ်။ ကျနော်ကတော့ တကားလုံး အဲဒီထောပတ်တွေကို စားပစ်ချင်နေပါရော။
Posted on: Sat, 02 Nov 2013 14:29:21 +0000

Trending Topics



Recently Viewed Topics




© 2015