ပြီးခဲ့တဲ့လက Staple မှာ - TopicsExpress



          

ပြီးခဲ့တဲ့လက Staple မှာ ဈေးဝယ်ရင်းနဲ့ Note 2 ပျောက်သွားတယ်.. ဆိုင်ထဲမှာ လှည့်ပတ်ရှာတာ မတွေ့တဲ့ အပြင်.. ဆိုင်ဝန်ထမ်းတွေကို မေးကြည့်တော့လည်း လာအပ်တဲ့သူ မရှိသေးသလို.. တွေ့လဲ မတွေ့မိဘူးတဲ့... စိတ်ဓါတ်တော်တော်ကျပြီး နောက်ရက်မှာပဲ ခရီးထွက်ခဲ့ရတယ်.. ခရီးသွားနေတုန်း မမျှော်လင့်ပဲ ဆိုင်မန်နေဂျာဆီက အီးမေးလ်ဝင်လာတယ်.. ဖုန်းကို ၀န်ထမ်းတယောက်ကတွေ့ပြီး သူ့ဆီအပ်ထားတယ်.. သူသိမ်းထားပါတယ်.. သူ့ဖုန်းကို ဆက်သွယ်ပြီး ဆိုင်မှာလာယူပါတဲ့.. သူက ဖုန်းထဲက အီးမေးလ်လိပ်စာကိုတွေ့ပြီး ပို့လိုက်တာ.. တော်တော်ဝမ်းသာသွားတယ်... တလကြာမှ သွားပြန်ယူနိုင်တယ်.. ကိုယ့်အလှည့်တုန်းက ကောက်ရသမျှဖုန်းတွေကို ပိုင်ရှင်ကို ပြန်ပေးခဲ့.. ပိုင်ရှင်မတွေ့တောင် ရှော့ပင်းမောလ်က guest service မှာ အပ်ပေးခဲ့တဲ့ အကျိုးတွေထင်ပါရဲ့..
Posted on: Wed, 04 Sep 2013 06:35:27 +0000

Trending Topics



Recently Viewed Topics




© 2015