Facebook မပေါ်ခင် ကျွန်မတို့ - TopicsExpress



          

Facebook မပေါ်ခင် ကျွန်မတို့ ဆယ်ကျော်သက်က status တင်လို့ရခဲ့တဲ့ ရန်ကုန်မြို့က wall တစ်ခုကို သတိရမိပါတယ် ။ ကိုနေမျိုးဆေးရဲ့ Mr. Guitar ဆိုင်က နံရံတွေပါ။ ရန်ကုန်မြို့နေ တော်တော်များများလည်းရောက်ဖူးကြပါတယ်။ အဖြူတွေလည်း ကြိုက်ကြတဲ့ ဆိုင်တစ်ခုပါ။ အဲဒီဆိုင်က ဘယ်နံရံမှာမဆို လွတ်လွတ်လပ်လပ် ကိုယ်ကြိုက်တာရေးနိုင်ပါတယ်။ အခု facebook လိုပါပဲ။ ဆိုင်က Marker Pen တောင်းရေးလို့ရသလို ကိုယ့်မှာပါတဲ့ soft pen, correction pen တွေနဲ့လည်းရေးနိုင်တယ်။ တစ်ဆိုင်လုံးက ဘယ်နံရံမှာမဆို စာတွေချည်းပါပဲ။ အများနဲ့ဆိုင်တဲ့နေရာတွေမှာ အဲလိုစာတွေ လျှောက်ရေးတာကို သူများရေးလည်းမကြိုက် ကိုယ်လည်းရေးလေ့မရှိတာကြောင့် အစမှာ မရေးဖြစ်ပါဘူး။ နောက်တော့ ဒါစည်းကမ်းမရှိတာမဟုတ်ဘူး။ သီးသန့်လွတ်လပ်စွာ ရေးကြတဲ့နေရာလို့သိလာတော့ ရေးတော့တာပါပဲ။ ဆိုင်ထိုင်ရင် ဘေးနံရံက စာတွေကို ဖတ်ရတာ အရသာတစ်မျိုးပါ။ တစ်ချို့စာတွေဆို လက်ရေးတူတာလေးတွေ လိုက်ဖတ်ရင်းနဲ့ သူ့အကြောင်း တစ်စွန်းတစ်စသိလာရတဲ့အထိပါပဲ။ တစ်ချို့တစ်ချို့တွေရဲ့ ဇာတ်လမ်းတွေကိုလည်း ဆက်စပ်မိလာပါတယ်။ တစ်ယောက်ကနေ နောက်တစ်ယောက်ကို သိစေချင်တဲ့ message တွေလည်း နံရံမှာပဲရေးထားခဲ့လိုက်တာပါပဲ။ Toilet ထဲက စာတွေက မီးပိုလင်းတော့ ပိုမြင်ရပါတယ်။ တစ်နေ့ ကိုယ်လည်း မိန်းကလေးတစ်ယောက်သိစေချင်တဲ့ အကြောင်းကို မိန်းကလေး toilet ထဲမှာ ၀င်ရေးခဲ့ဖူးပါသေးတယ်။ ရည်းစားက လာကြိုတဲ့အချိန် ကိုယ်က soft pen နဲ့ အိမ်သာထဲကအထွက် မင်းစာတွေသင်နေတာ အိမ်သာထဲမှာ စာရေးဖို့လားလို့ မေးပြီးဆူခံထိပါသေးတယ်။ ကျွန်မတို့ စာတွေရေးနေတာကို ကိုနေမျိုးဆေးကြီး ပြုံးပြီးကြည့်နေတိုင်း အရမ်းပျော်ပါတယ်။ ကလေးတွေကို မဆူတဲ့လူကြီးလို့ခံစားမိပါတယ်။ ငယ်ငယ်က ပျော်စရာရှားပါးခဲ့တဲ့ ကျွန်မရဲ့ ဆယ်ကျော်သက်ဘ၀ကို ပြန်တွေးလိုက်တိုင်း ဒီတစ်ခုကတော့ ပျော်စရာကောင်းပါတယ်။ ရန်ကုန်မြို့က နံရံတစ်ခုပေါ့။
Posted on: Thu, 12 Sep 2013 13:24:37 +0000

Trending Topics



Recently Viewed Topics




© 2015