Myanmar Newsweek ဂျာနယ်တွင် - TopicsExpress



          

Myanmar Newsweek ဂျာနယ်တွင် ဖော်ပြခဲ့သည့် အကြမ်းဖက်သမား သုံးဦးကို မြိတ်ကျွန်းစု၌ ဖမ်းဆီးရမိဟူသော သတင်းဓာတ်ပုံတွင် ဖော်ပြခံခဲ့ရသည့် ကာယကံရှင်က နိုင်ငံတော်သမ္မတရုံး အပါအ၀င် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သို့ တိုင်ကြားထား သြဂုတ် ၂၇ ရက်က ဖြန့်ချိခဲ့သော Myanmar Newsweek ဂျာနယ်၏ အထူးအချပ်ပို (ဏ) ပြည်တွင်းသတင်း ကဏ္ဍတွင် ဖော်ပြခဲ့သည့် "အကြမ်းဖက်ဖောက်ခွဲရေးသမား သုံးဦးကို မြိတ်ကျွန်းစု၌ ဖမ်းဆီးရမိ" ဆိုသော ခေါင်းစဉ်နှင့်အတူ သတင်းဓာတ်ပုံတွင် အကြမ်းဖက်သမား သုံးဦးနှင့်အတူ ပူးတွဲဖော်ပြခြင်းခံခဲ့ရသည့် ကာယကံရှင် က နိုင်ငံတော်သမ္မတရုံး အပါအ၀င် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)သို့ တိုင်ကြားထားကြောင်း ကာယကံရှင်ဖြစ်သူ ကိုသီဟန်က The Daily Eleven သို့ သြဂုတ် ၃၁ ရက်က ပြောကြားသည်။ "ကျွန်တော့်ပုံကို အကြမ်းဖက်သမားဆိုပြီး ဂျာနယ်မှာ ဖော်ပြခဲ့တဲ့အတွက် သမ္မတရုံး အပါအ၀င် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)ကို တိုင်ကြားထားပါတယ်" ဟု ကိုသီဟန်က ဆိုသည်။ ယင်းသတင်းဓာတ်ပုံမှာ လူမှုကွန်ရက်ဖြစ်သည့် Facebook စာမျက်နှာများ တွင် ဖော်ပြထားသည်ကို Myanmar Newsweek ဂျာနယ်မှ သေချာမဆန်းစစ်ဘဲ ဂျာနယ်စာမျက်နှာတွင် ဖော်ပြအသုံးပြုခဲ့ခြင်း ဖြစ်သည်ဟု ယူဆရမိသည်ဟုလည်း ၎င်းကဆက်လက် ပြောကြားသည်။ "အွန်လိုင်းပေါ်က ပုံတစ်ပုံကို အယ်ဒီတာတွေက မရေရာမသေချာဘဲ ဒီလိုပရင့် စာမျက်နှာပေါ်မှာ သုံးလိုက်တဲ့အတွက် အရမ်းစိတ်ပျက်မိပါတယ်။ နောက်ပြီး ဖော်ပြတဲ့ သတင်းကလည်း သာမန်သတင်း မဟုတ်ဘူးလေ" ဟု ကိုသီဟန်က ဆိုသည်။
Posted on: Sun, 01 Sep 2013 03:10:46 +0000

Trending Topics



Recently Viewed Topics




© 2015