PHP Advanced Developer Class - TopicsExpress



          

PHP Advanced Developer Class သင်တန်းဖွင့်လှစ်မည် ******************************************* (20.9.2013,Friday) ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းကကြီးမှူး၍ PHP Advanced Developer Classသင်တန်းကိုရန်ကုန်မြို့၊လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်များအသင်း၏ အဆောင်(၄)အခန်း (၄)၊MCPA ball Roomတွင် အောက်တိုဘာ(၃)ရက်စ၍ စတင်ဖွင့်လှစ် မည်ဟုသိရသည်။Programmerများအနေနှင့် Applicationများ၊website များကိုကောင်းမွန်စွာ ရေးသားနိုင်ရန်နှင့် လုပ်ငန်းခွင်ဝင်ရောက်ရာတွင် အဆင်ပြေစေရန် ယခုသင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်းသိရသည်။ PHP Advanced Developer Classသင်တန်းကိုတက်ရောက်ခြင်းအားဖြင့်Version Control စနစ်များအသုံးပြုခြင်း၊Data house Server,Web Serverများ ကိုချိတ်ဆက်ခြင်း၊teams memberများနှင့်လက်တွဲလုပ်ကိုင်ခြင်းစသော အကျိုးကျေးဇူးများရရှိမည်ဖြစ်တယ်လို့သိရပါတယ်။သင်တန်းကာလအနေနှင့်(၃)လခန့် ကြာမြင့်မည်ဖြစ်ပြီးပထမပတ်တွင်Code Igniter Framework ကိုလေ့လာ သင်ကြားခြင်းနှင့် ကျန်ရှိသောလများတွင် လက်တွေ့အသုံးပြု မည့်ပရောဂျက်များကို ကိုယ်တိုင် တည်ဆောက်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းတက်ရောက်မည့် သူများအနေဖြင့် အပတ်စဉ် ကြာသပတေးနှင့် သောကြာနေ့များတွင် ညနေ(၅)နာရီခွဲမှ ည(၈)နာရီအထိ သင်ကြားမည်ဖြစ်ပြီး သင်တန်းကြေးတစ်သိန်းခွဲ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ထို့အပြင်MCPA member ၀င်များအနေနှင့် သင်တန်းကြေး (၅၀)% discountရရှိမည်ဖြစ်ပြီးသင်တန်းသားဦးရေ(၁၅)ဦး သတ်မှတ်ထား သည်ဟုသိရသည်။အဆိုပါ PHP Advanced Developer Class သင်တန်းကိုနောင်လာမည့် Industryအတွက်အဆင်သင့်ဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
Posted on: Fri, 20 Sep 2013 17:06:47 +0000

Trending Topics



Recently Viewed Topics




© 2015