ကေလနိယတက္ကသိုလ် 2014 - TopicsExpress



          

ကေလနိယတက္ကသိုလ် 2014 စာမေးပွဲအတွက် ကျက်စာများ အင်္ဂလိပ်+မြန်မာ ME: 06 - The Lankavatara Sutra ======================== The Lankavatara Sutra is a Mahayana text difficult in more than one way to understand perfectly as to its meaning and also in its proper historical setting. The Lankavatara Sutra is a sutra of Mahayana Buddhism. The sutra recounts a teaching primarily between the Buddha and a bodhisattva named Mahamati (Great wisdom). The sutra is set in Lanka, the island fortress capital of Ravana, the king of Raksasas. The title of this text roughly translates as, ‘Scripture of the Descent into Lanka.’ The lankavatara Sutra draws upon the concepts and doctrines of Yogacara and Tathagatagarbha. The most important doctrine issuing from the Lankavatara Sutra is that of the primacy of consciousness (vijnana) and the teaching of consciousness as the only reality. In the sutra, the Buddha asserts that all the objects of the world, and the names and forms of experience, are merely manifestations of the mind. What may be termed Buddhist psychology in the Lankavatara consists in the analysis of mind, that is, in the classification of the Vijnanas. To understand thus the psychology of Buddhism properly the knowledge of these terms is necessary; citta, manas, vijnana, manovijnana and alayavijnana. To begin with Vijnana, Vijnana is composed of the prefix, meaning ‘to divide’, and the root ‘jna’ which means ‘to perceive’, ‘to know’, Thus, Vijnana is the faculty of distinguishing or discerning or judging. When an ogject is presented before the eye, it is perceived and judged as a red apple or a piece of white linen; the faculty of doing this is called eye-vijnana. In the same way, there are ear-vijnana for sound, nose-vijnana for odour, tongue-vijnana. For taste, body-vijnana for touch, and thought-vijnana (manovijnana) for ideas – altogether six forms of vijnana for distinguishing the various aspects of world external or internal. Of these six Vijnanas, the Manojivnana is the most important as it is directly related to and inner facultyknown as Manas. Maas roughly corresponds to mind as an organ of thought, but in fact it is more than that, for it is also a strong power of attaching itself to the result of thinking. Citta comes from the root cit, ‘to think’, but in the Lanka the derivation is made from the root ci, ‘to pile up’, ‘to arrange in order’. The citta is thus a storehouse where the seeds of all thoughts and deeds are accumulated and stored up. The Citta, however, has a double sense, general and specific. When it is used in the general sense it means ‘mind’, ‘mentation’, ‘ideas’, including the activities of Manas and Manovijnna, and also of the Vijnana; while specifically it is a synonym of Alayavijnana in its relative aspect, and distinguishable from all the rest of the mental faculties. When, however, it is used in the form of Citta- matra, Mink-only, it acquires still another connotation. We can say that Citta appears here in its highest possible sense, for it is then neither simple mentation nor intellection, nor perception as a function of consciousness. It is identifiable with the Alaya in its absolute aspect. This will become clearer later on. Alayavijnana is alaya – vijnana, and alaya is a store where things are horded for future use. The Citta as a cumulative faculty is thus identified with the Alayavijnana, Strictlyspeaking, the Alaya is not a Vijnana, has no discerning power in it it indiscriminately harbours all that is poured into it through the channel of the Vijnanas. The Alaya is perfectily neutral, indifferent, and does not offer to give judgments. လင်္ကာဝါတရသုတ် လင်္ကာဝါတရသုတ်ဟာ သူရဲ့ အဓိပ္ပါယ်နှင့် ဖြစ်နိုင်သော သမိုင်းနောက်ခံကို တိတိကျကျ နားလည်ဖို့ တစ်ခုသော နည်းလမ်းထက်မက ခက်ခဲသော မဟာယာနကျမ်းစာ တစ်ခုဖြစ်တယ်။ လင်္ကာဝါတရသုတ်ဟာမဟာယာန ဗုဒ္ဓဘာသာရဲ့ သုတ်တစ်သုတ်ဖြစ်တယ်။ ဒီသုတ်တော်ဟာ မဟာမာတိ အမည်ရှိသော ဗုဒ္ဓနှင့် ဗောဓိသတ္တကြာထဲက တရားတော်များကို အသေးစိတ် ပြန်လည်ရှင်းပြ ထားတဲ့သုတ်ဖြစ်ပါတယ်။ ဒီသုတ်တော်ဟာ ရာကရှသရဲ့ဘုရင်ဖြစ်သော ရာဝဏရဲ့ ခံတပ်မြို့တော် လင်္ကာကျွန်းမှာ စတင်ဖြစ်ပေါ်ခဲ့ပါတယ်။ ကျမ်းရဲ့ ခေါင်းစဉ်ကို ဘာသာပြန်ရရင် လင်္ကာသို့ ဆင်းသက်လာသောကျမ်းစာလို့ အကြမ်းမျဉ်း အဓိပ္ပါယ်ရပါတယ်။ ဒီလင်္ကာဝါတရသုတ်ကို ယောဂါစာရအကျင့်နှင့် တထာဂတဂရဘအယူအဆများပေါ်မှာ အခြေခံပြီး ရေးသားထားပါတယ်။ လင်္ကာဝါတရသုတ်မှ အရေးပါဆုံးသော တရားတော်ဟာ တကယ့်အရှိတရားဆိုတာ စိတ်ကို အခြေခံသော သဘောတရားများသာဖြစ်တယ် ဆိုတာပါပဲ။ ဒီသုတ်တော်မှာ ဗုဒ္ဓက ကမ္ဘာပေါ်က အရားအားလုံး အမည်တွေ ပုံသဏ္ဍာန်တွေဟာ စိတ်ရဲ့ သရုပ်သကန်တွေသာဖြစ်တယ်လို့ ဆိုထားပါတယ်။ လင်္ကာဝါတရသုတ်မှာ ဗုဒ္ဓစိတ်ပညာလို့ အမည်တပ်ထားတဲ့ စိတ်ကိုခွဲခြားသိမြင်မှုဟာ အဓိကဖြစ်တယ်။ ဆိုလိုတာက ဝိဇညာနကို အမျိုးအစားခွဲခြားခြင်း ဖြစ်တယ်။ ဗုဒ္ဓစိတ်ပညာကို တိတိကျကျမှန်မှန်ကန်ကန် နားလည်ဖို့ဆိုရင် စိတ္တ၊ မန၊ ဝိဇညာန၊ မနောဝိဇညာန နှင့် အာလျဝိဇညာနဆိုတဲ့ ဒီဝေါဟာတွေကိုတော့ သိဖို့လိုအပ်ပါတယ်။ ပထမဆိုအနေနဲ့ ဝိဇညာနကို ပြောရရင် ဝိဇညာနဆိုတာ ခွဲခြမ်ခြင်းလို့ အဓိပ္ပါယ်ရတဲ့ ဝိဆိုတဲ့ ပုဒ်နဲ့ သိခြင်းလို့ အဓိပ္ပါယ်ရတဲ့ ဇန ဓာတ်တို့ကို ပေါင်းစပ်ထားခြင်းဖြစ်တယ်။ ဤသို့အားဖြင့် ဝိဇညာန ဆိုတာ ခွဲခြားခြင်းဖြင့် အာရုံကိုသိခြင်း၊ အကဲဖြတ်ခြင်းတို့ရဲ့ စွမ်းရည်ဖြစ်ပါတယ်။ မျက်စိရှေ့မှာ အာရုံထင်လာတဲ့အခါ ဒါဟာ အနီရောင်ပန်းသီး၊ အဖြူရောင်အဝတ်စ စသည်ဖြင့် သဘောပေါက်နားလည်ပြီးနိုင်စွမ်း ရှိပါတယ်။ ဒီလုပ်ဆောင်ချက်စွမ်းရည်ကို စက္ခုဝိဇညာနလို့ခေါ်တယ်။ အလားတူပဲ အသံအတွက်ဆိုရင် သောတဝိဇညာန၊ အနံ့အတွက် ဃာနဝိဇညာန၊ အရသာအတွက် ဇိဝှါဝိဇညာန၊ အထိအတွေ့အတွက် ကာယဝိဇညာန၊ အတွေးအကြံ အတွက် မနောဝိဇညာန တို့ဖြစ်တယ်။ အတွင်းအပြင် လောကရဲ့ အယူအဆအမျိုးမျိုးကို ခွဲခြားသိမြင်ဖို့အတွက် အားလုံးပေါင်း ဝိဇညာန ၆-ပါးရှိပါတယ်။ ၄င်းဝိဇ်ညာန ၆ ပါးထဲက မနောဝိဇညာနဟာ စိတ်အဖြစ်ထင်ရှားသော အတွင်းစွမ်းရည်နှင့် တိုက်ရိုက်ဆက်စပ်နေတဲ့ အတွက်ကြောင့် အရေးကြီးဆုံး ဖြစ်တယ်။ မနဟာ အတွေးစိတ်ကူးရဲ့ အခြေခံဖြစ်ဖြစ်လို့ စိတ်နှင့်အကြမ်းမျဉ်း ကိုက်ညီမှုရှိတယ်။ ဒါပေမဲ့ အတွေးစိတ်ကို တွဲစပ်ဖို့ အားကောင်းတဲ့အတွက်ကြောင့် ဒီထက်မကပိုပါတယ်။ စိတ္တဆိုတာ ကြံတွေးခြင်းလို့ အဓိပ္ပါယ်ရတဲ့ စိတ ဓာတ်ကလာပါတယ်၊ ဒါပေမဲ့ လင်္ကာဝါတရသုတ်ရဲ့ ဝေါဟာဆင်းသက်ပုံကတော့ စုပုံခြင်းလို့ အဓိပ္ပါယ်ရတဲ့ စိ ဓာတ်မှ လာတာဖြစ်တယ်လို့ ဆိုပါတယ်။ စိတ္တဆိုတာ အတွေးအကြံတွေ၊ ဆောင်ရွက်ချက်တွေကို စုဆောင်းသိမ်ဆည်းရာ ဂိုဒေါင် တစ်ခုဖြစ်ပါတယ်။ သို့သော်လည်းပဲ စိတ်မှာ ယေဘုယ အသိနှင့် အထူးသိဆိုပြီး အသိနှစ်မျိုးရှိတယ်။ ၄င်းကို အတွေးအကြံ၊ စိတ်ကူးစိတ်သန်းလို့ဆိုသော ယေဘုယျအသိသဘောမျိုးမှာ အသုံးပြုတဲ့အခါ မန၊ မနောဝိညာန၊ ဝိဇညာန တို့ရဲ့လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။ အထူးအဓိပ္ပါယ်အနေနဲ့ အသုံးပြုတဲ့အခါမှာတော့ ကျန်တဲ့စိတ်စွမ်းရည် အားလုံးကို သိမြင်နိုင်စွမ်းရှိသော အာလယ ဝိဇညာန အယူအဆနှင့် အဓိပ္ပါယ်တူပါတယ်။ သို့သော်လည်း စိတ္တမတရ (စိတ်သက်သက်) အသုံးပြုတဲ့အခါမှာတေ့ အခြားအနက်အဓိပ္ပါယ်တွေကိုလည်း ဆည်းပူးရယူပါတယ်။ ဒီနေရာမှာ စိတ်ဟာ သူရဲ့လုပ်ငန်းအဖြစ် သိမြင်းခြင်လည်းမဟုတ်၊ ဥာဏ်ပညာလည်းမဟုတ်၊ ရိုရိုးအသိမျှသာ ဖြစ်သည့်အတွက်ကြောင့် သူရဲ့အမြင့်ဆုံးသော အဆင့်မှာရှိနေတယ်ဆိုတာကိုပဲ ပြောဆိုနိုင်ပါတယ်။ ဒါဟာ လုံးဝမှန်တဲ့ အာလယနှင့်ဝိဇညာနတို့ရဲ့ အယူအဆ တစ်ခုဖြစ်တယ်။ အာလယ ဆိုတာက အနာဂတ်တွင် အသုံးပြုဖို့ အရာဝတ္ထုများကို သိမ်းဆည်းထားသော သိုလှောင်ရုံ တစ်ခုဖြစ်တယ်။ တိုးတက်လာသော စိတ်စွမ်းအား တစ်ခုအနေနဲ့ စိတ္တကို အာလယ ဝိဇညာနတို့နှင့် ခွဲခြားထားပါတယ်။ တိတိကျကျ ပြောရရင် အလယဆိုတာ ဝိဇညာန မဟုတ်ပါဘူး သူမှာ သိမြင်ခြင်းစွမ်းအင်မရှိပါဘူး။ သူဟာ ဝိဇညာနရဲ့ စီးဆင်းရာမှတဆင့် သူ့ထံကျလာသော အရာအားလုံးတို့၏ သိုမှီးထားခြင်းသာ ဖြစ်တယ်။ အာလယဆိုတာ လုံးဝဘက်မလိုက်ဘူး၊ မခွဲခြားဘူး၊ ဝေဖန်ပိုင်းခြားမှု မရှိပါဘူး။
Posted on: Mon, 24 Nov 2014 05:40:34 +0000

Trending Topics



Recently Viewed Topics




© 2015