ခေတ်နှင့်လျော်ညီသော - TopicsExpress



          

ခေတ်နှင့်လျော်ညီသော စက်ပစ္စည်းများတပ်ဆင်ခြင်း အော်တိုတယ်လီဖုန်းဌာနသည် တယ်လီဖုန်းများစတင်အသုံးပြုစဉ်က တပ်ဆင်ထားခဲ့သော (၁) အော်ပရေတာမှ ချိတ်ဆက်ပေးရသော “လက်သုံးတယ်လီဖုန်းစက်ခုံ” (၂) အနာလော့/ခရော့စ်ဘားအိတ်ချိန်း (၃) ဒစ်ဂျစ်တယ်အိတ်ချိန်းများကို ခေတ်အလိုက် တည်ဆောက်ခြင်း၊ တိုးချဲ့ခြင်းများအပြင် ခေတ်လွန်အိတ်ချိန်းများကို ဖြုတ်သိမ်း၍ ခေတ်မီအိတ်ချိန်းများဖြင့် အစားထိုးလဲလှယ်ခြင်းများကိုလည်း ၀န်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်လျှက်ရှိပါသည်။ လိုင်းတယ်လီဖုန်းအိတ်ချိန်းသစ်များကို Next Generation Network (NGN) Soft Switch များဖြင့် တပ်ဆင်လျှက်ရှိပြီး စက်စွမ်းရည်ပိုမိုမြင့်မားထိရောက်ပြီး၊ ပြုပြင်ထိန်းသိမ်းမှု လွယ်ကူစေရန်အတွက် မြေပေါ်/မြေအောက် ကော့ပါးကေဘယ်များ ရှည်လျားစွာတပ်ဆင်နေခြင်းအစား Soft Switch များမှ ဖိုင်ဘာကေဘယ်နှင့်တိုက်ရိုက်ချိတ်ဆက်ကာ သင့်တော်သည့်နေရာများတွင် Remote Subscriber Unit (RSU) / Access Node များ တပ်ဆင်ပြီး၊ အဆိုပါ RSU / Access Node များမှ ကော့ပါးကေဘယ်များ တည်ဆောက် တပ်ဆင်ခြင်းဖြင့် ပြောင်းလဲဆောင်ရွက်လျှက်ရှိပါသည်။ သမရိုးကျ TDM ထရန်စစ်အိတ်ချိန်းများကိုလည်း IP Transit အိတ်ချိန်းများဖြင့် အစားထိုးတပ်ဆင်လျှက်ရှိပြီး၊ IP Transmission များ တည်ဆောက်တပ်ဆင်ပြီးသော ပြည်နယ်နှင့်တိုင်း မြို့ကြီးများတွင် အဆိုပါ IP Transmission ကို အသုံးပြု၍ အိုင်ပီထရန့် ဂိတ်‌ဝေး IP Trunk Gateway များကို စတင်တပ်ဆင်ပေးလျှက်ရှိရာ၊ ပြည်သူများ တယ်လီဖုန်းဆက်သွယ်ပြောဆိုမှုများ ပိုမိုအဆင်ပြေ ချောမွေ့လာမည်ဖြစ်ပါသည်။ တယ်လီဖုန်းပြောဆိုသည့် ကျသင့်ငွေကို လစဉ် အခွန်ငွေ တောင်းခံလွှာရောက်ရှိမှသက်ဆိုင်ရာ ဌာနသို့သွားရောက်ပေးသွင်းရခြင်း၊ ငွေပေးသွင်းရန် စောင့်ဆိုင်းရခြင်း၊ အကြောင်းကြာင်းကြောင့် အခွန်မဆောင်ဖြစ်ပါက ယာယီလိုင်းပြတ်တောက်ခြင်းများအား ဖြေရှင်း နိုင်ရန် အတွက် ကြိုတင် ငွေပေးသွင်းကတ် (Pre-Paid Service) စနစ်ဖြင့် တယ်လီဖုန်းဆက်သွယ် သုံးစွဲနိုင်ရန်အတွက် ညှိနှိုင်း ဆောင်ရွက်လျှက် ရှိပါသည်။
Posted on: Tue, 04 Mar 2014 10:28:46 +0000

Trending Topics



Recently Viewed Topics




© 2015