ဓမ္မစကြာရွတ်ဆို - TopicsExpress



          

ဓမ္မစကြာရွတ်ဆို ပူဇော်ခြင်းနှင့် မဟာသမယသုတ် ရွတ်ဆိုပူဇော်ခြင်း ပြိုင်ပွဲ ဆုပေးပွဲကျင်းပ နေပြည်တော် အောက်တိုဘာ ၂၁ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဓမ္မစကြာရွတ်ဆို ပူဇော်ခြင်းနှင့် မဟာ သမယသုတ် ရွတ် ဆိုပူဇော်ခြင်း ပြိုင်ပွဲ ဆုပေးပွဲကို အောက်တိုဘာ ၂ဝ ရက် နံနက် ပိုင်းက တိုင်းစစ်ဌာနချုပ် ဇေယျာသီရိ ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် စိုးလွင်၊တိုင်းစစ်ဌာနချုပ် မှ တပ် မတော် အရာရှိကြီးများ၊ တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့မှူးများ၊ ပြိုင်ပွဲဝင် ဝတ်ရွတ် အသင်းများ၊ အကဲဖြတ် ဒိုင်အဖွဲ့ဝင်များ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကာ နမောတဿ သုံးကြိမ် ရွတ်ဆို ပူဇော်၍ ဆုပေးပွဲကို ဖွင့်လှစ်ကြပြီး ပြိုင်ပွဲဝင် အသင်းများက စုပေါင်း၍ မဟာ သမယသုတ်အား သံပြိုင်ရွတ်ဆို ပူဇော်ကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက် ကျင်းပရာ ဆုရရှိသော အသင်းများအား တာဝန်ရှိသူများ ကလည်းကောင်း၊ ဒိုင် အဖွဲ့ဝင်များအား တိုင်းမှူးက အမှတ်တရ ဂုဏ်ပြုလက်ဆောင် များအား လည်းကောင်း အသီးသီး ပေးအပ်ခဲ့ကြကြောင်း သတင်း ရရှိသည်။ myawady.net.mm/allnews/local/item/28591-2013-10-22-12-05-11
Posted on: Tue, 22 Oct 2013 06:43:04 +0000

Trending Topics



Recently Viewed Topics




© 2015