*** မြန်မာ့ အိမ်၊ ခြံ၊ မြေ - TopicsExpress



          

*** မြန်မာ့ အိမ်၊ ခြံ၊ မြေ ဈေးကွက် *** ယခုအချိန်တွင် ၀ယ်လိုအားနှင့် ရောင်းလိုအား ကွာဟမှုကြောင့် တည်ငြိမ်သော မျှခြေဈေးနှုန်းတစ်ခု သတ်မှတ်ရန် ခက်ခဲလျှက်ရှိသည်။ ၀ယ်ရောင်းသမားများ၏ ဈေးကစားမှုတွေကြောင့်လည်း အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ ပျက်ပြားလျက်ရှိသည်။ ရောင်းသူများအနေနှင့် မိမိတို့ ပစ္စည်းကို ဈေးနှုန်းအများဆုံးလိုချင်သလို၊ ၀ယ်ယူသူများကလည်း ဈေးနှုန်းအနိမ့်ဆုံးဖြင့်သာ ၀ယ်ယူချင်ကြသည်။ သို့သော် မတရားသဖြင့် ဈေးနှုန်းတင်ထားခြင်း၊ ဈေးနှိမ်ခြင်းမျိုးတော့ မဖြစ်သင့်ပေ။ မိမိရောင်းမည့် ပစ္စည်း၊ ၀ယ်မည့်ပစ္စည်း၏ အရည်အသွေးကိုကြည့်၍ ထိုက်သင့်သည့် စံနှုန်းဖြစ်သင့်သည်။ ထို့ကြောင့် ရောင်း၊ ၀ယ်၊ ငှားလိုသည့် အိမ်၊ ခြံ၊ မြေသည် နှစ်ဦးနှစ်ဖက် ထိုက်သင့်သည့် စံနှုန်းဖြစ်စေလိုပါသည်။ မှန်ကန် တိကျသည့် စံချိန်၊ စံနှုန်းဖြင့် လည်ပတ်လျှက်ရှိသော မြန်မာ့ အိမ်၊ ခြံ၊ မြေ ဈေးကွက် အဖြစ် အစဉ်ရပ်တည်စေရန် ရည်ရွယ်ပါသည်။ Source : ကိုကျော်ကျော်ထွန်း (မြန်မာ့အိမ်ခြံမြေသတင်းဌာန MPN-Myanmar Property News)
Posted on: Sun, 01 Sep 2013 08:43:24 +0000

Trending Topics



Recently Viewed Topics




© 2015