သိပ္ပံနှင့်နည်းပညာအောက် - TopicsExpress



          

သိပ္ပံနှင့်နည်းပညာအောက် တက္ကသိုလ်ကောလိပ်ဝင်ခွင့်ဦးရေ ၆ဝဝဝ ကျော် လျှော့ချ ===================================== သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ် တို့တွင် ဝင်ခွင့်လက်ခံမှုကို ယခင်နှစ်က ထက် ၆ဝဝဝ ဦးကျော် လျှော့ချ မည်ဟု တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့မှ သိရသည်။ အဆင့်မြင့်နည်းပညာ တက္ကသိုလ် ရန်ကုန်နှင့် မန္တလေး၊ အဆင့်မြင့်ကွန်ပျူ တာတက္ကသိုလ်များ၊ ကျန်နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာတက္က သိုလ်၊ အစိုးရနည်းပညာကောလိပ်များ၊ အစိုးရ စက်မှု လက်မှုသိပ္ပံများ၊ ရတနာပုံဆိုင် ဘာစီးတီး၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်နှင့် မန္တ လေးသတင်းအချက်အလက်နှင့် နည်း ပညာတက္ကသိုလ် တို့မှာ သိပ္ပံနှင့် နည်း ပညာဝန်ကြီးဌာန လက်အောက်တွင် ရှိ ရာ ၄င်းတို့ အားလုံး အကျုံးဝင်သွားမည် ဟု အဆိုပါအဖွဲ့ထံမှ သိရသည်။ ၂ဝ၁၂ တက္ကသိုလ်ဝင်ခွင့်တွင် နည်းပညာတက္ကသိုလ်၊ အစိုးရနည်း ပညာ ကောလိပ်များနှင့် အစိုးရစက်မှု လက်မှု သိပ္ပံများက စုစုပေါင်း ကျောင်း သားဦးရေ ၁၆ဝဝဝ လက်ခံခဲ့မှုကို ၂ဝ၁၃ ပညာသင်နှစ်တွင် ၁၁၆၅ဝ ဦး၊ ကွန်ပျူတာ တက္ကသိုလ်များက ယခင်နှစ် တွင် ၇ဝဝဝ ဦးခေါ်ယူလက်ခံခဲ့မှု ကို ယခုနှစ် ၌ ၅၂၄ဝ သို့ လျှော့ချပြောင်းလဲခဲ့ သည်။ ထို့အပြင် ကွန်ပျူတာတက္ကသိုလ် များ၏ ဝင်ခွင့်ရမှတ်ကိုလည်း ရမှတ် ၃၆၅ နှင့်အထက်ဟု ယခင်နှစ်က အ တိုင်း မပြောင်းလဲသော်လည်း နည်း ပညာ ကျောင်းတို့ကမူ ယခင်နှစ်ကထက် ရမှတ် ၂ဝ ပိုများ၍ ရမှတ် ၃၈ဝ နှင့် အထက်ဟု ပြောင်းလဲပြင်ဆင်ခဲ့သည်။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန တာဝန်ရှိသူက ”အရင်တုန်းကတော့ စာ သင်ခန်းတစ်ခန်းကို ကျောင်းသား၊ ကျောင်းသူ ၇ဝ၊ ၈ဝ ထည့်သင့်တယ်။ အခုတော့ ဖိဖိစီးစီး သင်နိုင်အောင် လျှော့ချလိုက်တာပါ။ နောက်ပြီး လက် တွေ့ခန်းမှာလည်း ကျောင်းသားနည်း နည်းဆို ပိုထိရောက်တဲ့အတွက် ပါ” ဟု ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ယခုနှစ်အတွက် အဆင့်မြင့်နည်း ပညာတက္ကသိုလ် ရန်ကုန်နှင့် မန္တလေး အပါအဝင် အဆင့်မြင့် ကွန်ပျူတာတက္က သိုလ်တို့က ဝင်ခွင့်ရမှတ် ၄၈ဝ နှင့် အထက်ဟု သတ်မှတ်၍ ယခင်နှစ်က အတိုင်း ရမှတ်မပြောင်း ဘဲ ကျောင်းသား ဦးရေ အနည်းငယ်ကိုသာ လျှော့ခေါ်ခဲ့ သည်။ ထိုနည်းအတိုင်း လေကြောင်းနှင့် အာကာသတက္ကသိုလ်၊ ရတနာပုံဆိုင် ဘာစီးတီးတို့ကလည်း ကျောင်းသား လျှော့လိုက်ကာ မန္တလေးတွင် ယ ခုနှစ်မှ စတင်ဖွင့်လှစ်သော မြန်မာ့သတင်း အ ချက်အလက်နှင့် နည်းပညာ တက္ကသိုလ် အသစ်ကလည်း ဝင်ခွင့်စခေါ်ခဲ့သည်။ ၂ဝ၁၂ ခုနှစ် တက္ကသိုလ် ပညာ သင်နှစ်မှစကာ တက္ကသိုလ်များ အဆင့် မြှင့်လိုက်သည့်အနေဖြင့် တက္ကသိုလ်ဝင် ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့ က ကျောင်း သားဦးရေကို စတင်၍ လျှော့ချလိုက် သည်။ ၂ဝ၁၁ ခုနှစ်က နည်းပညာ တက္ကသိုလ်တို့က ကျောင်းသားဦးရေကို ၂၉၂၅ဝ နှင့် ကွန်ပျူ တာတက္ကသိုလ်က ၇ဝဝဝ၊ ရတနာပုံဆိုင်ဘာစီးတီးက ၁ဝဝဝ ခေါ်ယူခဲ့သည်။ Popular Myanmar News Journal
Posted on: Wed, 31 Jul 2013 06:40:45 +0000

Trending Topics



Recently Viewed Topics




© 2015