= = = အရှေ့တောင်အာရှဒေသ - TopicsExpress



          

= = = အရှေ့တောင်အာရှဒေသ အယ်ကေဒါကွန်ယက် (ဒေါက်တာ ရိုဟန် ဂုဏ ရတန) = = = (KMS ဘာသာပြန်) အပိုင်း - ၆ Al Qaeda’s Network in Southeast Asia by Dr. Rohan Gunaratna = ဖိလိပိုင်နိုင်ငံရှိ ဂျေအိုင်၏ အခြေခံ အဆောက်အအုံ = ဒီအပြင် ကျွန်တော်တို့ဟာ ဖိလိပိုင်နိုင်ငံမှာ ရှိတဲ့ ဂျေအိုင်ရဲ့ အရေးပါလှသော အခြေခံ အဆောက်အအုံကို မြင်ခဲ့ရပါတယ်။ အဲဒါကို အမ်အိုင်အယ်ယ်အက်ဖ် (မိုရို အစ္စလာမ် လွတ်မြောက်ရေး တပ်ဦး)ရဲ့ အဓိက စစ်ရေး ကွန်ယက်ဖြစ်တဲ့ အဘူဘေကာ ကွန်ယက်မှာ မြင်ခဲ့ရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဂျေအို - အယ်လ်ကေဒါ စခန်း သုံးခုကို မြင်ခဲ့ရတယ်။ ပါလက်စတိုင်း စခန်း၊ ဟိုဒိုင်းဘီးယား စခန်း နဲ့ ဗီယက်နမ် စခန်း တို့ ဖြစ်ပါတယ်။ ဗီယက်နမ် စခန်းရဲ အီမာ [အကြီးအကဲ] ဖြစ်တဲ့ အိုမာ ဖာရာခ် ဟာ နောက်ပိုင်းမှာ အင်ဒိုနီးရှားတို့က ဖမ်းဆီးတာကို ခံခဲ့ရပြီး အမေရိကန်တို့ဆီ လွှဲပြောင်းပေးခဲ့ပါတယ်။ အိုမာ ဖာရာ့ခ်ရဲ့ ၀န်ခံချက် ပြောဆိုချက်က အယ်လ်ကေဒါနဲ့ ဂျေအိုင်ဟာ သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ဘယ်လို တည်ဆောက်ခဲ့သလဲဆိုတဲ့ အတွင်းရေးကို သိစေခဲ့ပါတယ်။ အထူးသဖြင့် ဖိလိပိုင်တောင်ပိုင်းမှာ ရှိတဲ့ အဲဒီစခန်းတွေမှာ လူသစ်တွေကို လေ့ကျင့်ဖို့အတွက် သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ဖြစ်ပါတယ်။ ပြီးတော့ (၂၀၀၀)ပြည့်နှစ် အစောပိုင်းမှာ ဖိလိပိုင်စစ်ဘက်က အဲဒီ စခန်း အချို့ကို တိုက်ခိုက်ခဲ့တဲ့ အချိန်မှာ ကျွန်တော်တို့ မြင်ခဲ့ရပါသေးတယ်- အဲဒီ စခန်းတွေ ဖိလိပိုင်နိုင်ငံကနေ ရွှေ့သွားတာကို မြင်ခဲ့ရပါတယ်။ ပထမဆုံး ပိုဆို ဆူလာဝေဆီ ကိုပါ - နောက် ကာလီမန်တန် ကိုပါ။ ပြီးတော့ ဒီနောက်မှာ ကျွန်တော်တို့ မြင်ခဲ့ရတာက ဒီစခန်းတွေထဲက အများစုဟာ သေးငယ်ပြီး ရွှေ့ပြောင်းရလွယ်တဲ့ စခန်းတွေ ဖြစ်တာပါပဲ။ များသောအားဖြင့် နေအိမ်တွေ အထဲမှာ ရှိနေတာ ဖြစ်ပါတယ်။ သူတို့မှာ ဖိလိပိုင်တောင်ပိုင်းမှာ အမ်အိုင်အယ်လ်အက်ဖ်က သုံးနေဆဲဖြစ်တဲ့ စခန်းတွေကလွဲလို့ စခန်းအကြီးစားတွေ မရှိပါဘူး။ ဂျေအိုင်ရဲ့ အရှေ့တောင်အာရှ ကွန်ယက်ဟာ အရှေ့တောင်အာရှဒေသ အပြင်ဘက်ကို ဆန့်တန်းလာတာကိုလည်း ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ သတိအထားမိဆုံးကတော့ သြစတြေးလျားနိုင်ငံကို ဖြစ်ပါတယ်။ သူတို့ဟာ သြစတြေးလျား နိုင်ငံမှာ ဆဲလ်[လျှို့ဝှက်အဖွဲ့ငယ်]တွေ အတော်များများ ထူထောင်ခဲ့ပါတယ်။ သူတို့ဟာ သြစတြေးလျားဒေါ်လာငွေ (၂၀၀,၀၀၀)ခန့် စုနိုင်ခဲ့ပါတယ်။ ဒါဟာ ဘယ်လိုနည်းနဲ့မဆို ဂျေအိုင်လို ဆင်းရဲတဲ့ အဖွဲ့အစည်း တစ်ခုအတွက် အတော်များတဲ့ ငွေပါပဲ။ သြစတြေးလျားနိုင်ငံဟာ ဂျေအိုင် (ဂျာမား အစ္စလာမီးယာ)ရဲ့ ဘဏ်တိုက် ဖြစ်ပါတယ်။ ကျွန်တော်တို့ ဟာ သြစတြေးလျားနိုင်ငံမှ ရန်ပုံငွေ လွှဲပြောင်းမှုတွေ အထဲက ထင်ထင်ရှားရှား တစ်ခုကို တွေ့ခဲ့ရပါ တယ်။ ပထမဆုံး မလေးရှားနိုင်ငံကိုဖြစ်ပါတယ်။ (၂၀၀၁)ခုနှစ်၊ ဒီဇင်ဘာလမှာ မလေးရှားအစိုးရက ထောက်လှမ်းမိခဲ့ပြီး ဖြိုခွဲပစ်ခဲ့တဲ့ အချိန်အထိ ဂျေအိုင်ဟာ မလေးရှားနိုင်ငံမှာ ရှိနေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘာသာရေးခေါင်းဆောင် အဘူ ဘေကာ ဘာစယာ (Abu Bakar Ba’asyir) ရှိနေတဲ့ အင်ဒိုနီးရှားနိုင်ငံကို သြစတြေးလျားနိုင်ငံမှာ ရှိတဲ့ ဆဲလ် [လျှို့ဝှက်အဖွဲ့ငယ်] များထံမှ ရန်ပုံငွေတွေ ထင်ထင်ရှားရှား အဆက်မပြတ် စီးထွက်မှုတစ်ခုကို မြင်ခဲ့ရပါတယ်။ ဂျေအိုင်ကို အဘူ ဘေကာ ဘာစယာ က ဖန်တီးခဲ့တာ မဟုတ်ပါဘူး။ တကယ်တော့ ဂျေအိုင်ကို အိုစမာ ဘင်လာဒင်နဲ့ကော၊ အယ်လ်ကေဒါအဖွဲ့က အီဂျစ် ခေါင်းဆောင်တွေပါ အလွန် နီးစပ်တဲ့ လူတစ်ဦးဖြစ်တဲ့ အဗဒူလာ ဆန်ကာ (Ab-dullah Sungkar)က ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အိုစမာ ဘင်လာဒင်နဲ့ အဗဒူလာ ဆန်ကာ တို့ဟာ အာဖဂန်နစ်စတန်နိုင်ငံမှာ သုံးကြိမ် တွေ့ခဲ့ပါတယ်။ လက်ရှိ ဘာသာရေးခေါင်းဆောင် အဘူ ဘေကာ ဘာစယာဟာ အိုစမာ ဘင်လာဒင်နဲ့ ဘယ်တော့မှ မတွေ့ခဲ့ပါဘူး။ ဒါပေမဲ့ - သူဟာ အိုစမာ ဘင်လာဒင်ရဲ့ ခိုင်မာတဲ့ ထောက်ခံသူတစ်ဦး ဖြစ်ပါတယ်။ ဂျေအိုင် အဖွဲ့ဝင် အတော်များများဟာ ဒီ အာဖဂန်နစ်စတန်နိုင်ငံကို သွားခဲ့ကြတယ်၊ လေ့ကျင့်ခဲ့ကြတယ် ပြီးတော့ အရှေ့တောင်အာရှဒေသ အတွက် စစ်ဆင်ရေး အတော်များများကိုလည်း စီမံကိန်းချ၊ ပြင်ဆင်ခဲ့ပါတယ်။
Posted on: Thu, 11 Jul 2013 15:41:32 +0000

Trending Topics



"stbody" style="min-height:30px;">
Is it OK to have our visions unite us all profitably through
The Dirty Doodle is hosting a wash a thon to help Paws New England

Recently Viewed Topics




© 2015