AFF Women’s Championship Group B ပွဲစဉ် - TopicsExpress



          

AFF Women’s Championship Group B ပွဲစဉ် များအဖြစ် ဒီကနေ့ စက်တင်ဘာလ (14) ရက်နေ့  ညနေ သုံးနာရီခွဲအချိန်မှာ Japan အသင်း နဲ့  Indonesia အသင်း ၊ ည ခုနစ်နာရီခွဲ အချိန်မှာ Myanmar အသင်း နဲ့ Philippines အသင်းတို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။ Group (B) ဒီကနေ့ ပွဲစဉ်များမတိုင်မီ ဇယားရပ်တည်မှု မှာတော့ မြန်မာအသင်းဟာ တစ်ပွဲသာ ကစားထားပြီး ရဂိုး (5) ဂိုး ရမှတ် သုံးမှတ်နဲ့ ဇယားကို ဦးဆောင်နေပြီး ဖိလစ်ပိုင်အသင်းက နှစ်ပွဲကစား ရဂိုး (7)ဂိုး ပေးဂိုး (4)ဂိုး ရမှတ် (3)မှတ်နဲ့  ဒုတိယနေရာမှာ ရှိနေပြီး ၊ ဂျပန် အသင်းက တစ်ပွဲကစား ရဂိုး (4) ဂိုး ပေးဂိုး (1) ဂိုးနဲ့ ရမှတ် (3) မှတ်ရရှိထားပြီး တတိယနေရာမှာ ရှိနေသည်။ လာအိုက နှစ်ပွဲကစား တစ်ပွဲနိုင် တစ်ပွဲ ရှုံး ရဂိုး(2) ဂိုး ပေးဂိုး (6) ဂိုး နဲ့ စတုတ္ထနေရာမှာ ရှိနေပြီး အင်ဒိုနီးရှားအသင်းကတော့ နှစ်ပွဲကစားထားရာမှာ နှစ်ပွဲလုံး ရှုံးနိမ့်ပြီး အမှတ်မရသေးပေ။
Posted on: Sat, 14 Sep 2013 03:55:40 +0000

Trending Topics



Recently Viewed Topics




© 2015