Eleven ကို - TopicsExpress



          

Eleven ကို ဘဘဦးဝင်းပြောသွားတာ ဖတ်ပြီး စိတ်မကောင်းအတော်ဖြစ်မိတယ်။ ဒီမိုကရေစီအရေးအတွက် နှစ်ပေါင်းများစွာ ထောင်ကျခံပြီးလုပ်လာတဲ့ လူထုထောက်ခံမှုအရဆုံးပါတီကြီးရဲ့ ခေါင်းဆောင်ကြီးတစ်ယောက်ဝါရင့်သတင်းစာဆရာကြီး ၀ါရင့်နိုင်ငံရေးသမားကြီးတစ်ယောက်က ဘုန်းတော်ကြီးတစ်ပါးကို ကိုယ့်ထက်အသက်ငယ်သူ လက်အောက်ငယ်သားတစ်ယောက်ကို ပြောဆို ဆက်ဆံသလို နာမည်ကိုင်ပြီး ၀ီရသူလို့ ပြောဆို သုံးနှုန်းလိုက်လို့ပါ။ (ဦးဝီရသူ ဘာကြီးဖြစ်နေနေ သင်္ကန်းဝတ်ထားသူတစ်ဦးကို ခုလိုတော့ မပြောသင့်ဘူး မဟုတ်လား) အပြောခံရသူအတွက် ဘာမှမဖြစ်ပေမဲ့ ပြောသူအတွက်ကတော့ ငရဲရမှာကို စိတ်မကောင်းသလို အသက်ကြီးလို့ ဘ၀တစ်ပါးကူးပြောင်းခါနီး နိုင်ငံအတွက် ဒီမိုကရေစီအရေးအတွက် ဘ၀တစ်ခုလုံးအနစ်နာခံခဲ့တဲ့ ဘဘဦးဝင်းတင်တစ်ယောက်မှာ ဘုန်းတော်ကြီးတပါးကို ဘယ်လို ခေါ်ဝေါ်ဆက်ဆံရမယ်ဆိုတဲ့ ဗုဒ္ဓဘာသာနဲ့ပတ်သတ်တဲ့ အခြေခံဗဟုသုတတောင် မရှိရှာတာ သုံးသပ်မိတဲ့အတွက် သူ့ရဲ့ တမလွန်ဘ၀အတွက် အင်မတန်စိတ်ပူမိတယ်။ သံဃာကို ရိုင်းရိုင်းပျပျပြောဆို ဆက်ဆံမိလို့ ငရဲကျပြီး သူမုန်းတီးတဲ့ ရွှေဝါရောင်တော်လှန်ရေးတုန်းက ဘုန်းကြီးရိုက်ခဲ့တဲ့ စွမ်းအားရှင်တွေနဲ့ ဒယ်အိုးတစ်ခုတည်းရောက်ပြီး ငရဲပြည်မှာ ညွန့်ပေါင်းအစိုးရဖွဲ့ရမှာကိုလည်း စိတ်ပူမိတယ်။ နိုင်ငံရေးအတွက် ဘ၀တစ်ခုလုံးမြှပ်နှံထားပေမဲ့ မြန်မာနိုင်ငံသားဖြစ်ရကျိုးနပ်အောင် ဗုဒ္ဓဘာသာနဲ့ပတ်သတ်တာတွေကို ဘဘဦးဝင်းတင် လေ့လာခဲ့ပုံမရပါဘူး။ ဘဘဦးဝင်းတင် ပြောတာကို ဖတ်ပြီး မြန်မာပြည်မှာ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတွေ၊ sunday school တွေ ဖွင့်ဖို့ ဗုဒ္ဓဘာသာသင်ခန်းစာတွေကို ကျောင်းမှာပြဌာန်းပြီး သင်ကြားဖို့ အရေးတကြီး လိုအပ်နေပြီဆိုတာ စဉ်းစားမိတယ်။ ဘဘလို စာဖတ်အားကောင်းသူလူကြီးတွေတောင် ခုလို ဗုဒ္ဓဘာသာယဉ်ကျေးမှုဒီလောက် ကင်းမဲ့နေရင် ဒီတိုင်းပေါ့ပေါ့ဆဆနေသွားရင် သာသနာတော်ကြီးက ရင်လေးစရာဖြစ်လာလိမ့်မယ်။ ဒီတော့ မျိုးဆက်သစ်ကလေးတွေ ဘဘဦးဝင်းတင်လို ဘုရားတရားမသိတဲ့ ရုပ်ဝါဒီတွေ မဖြစ်ရအောင် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတွေ၊sunday school တွေ ဖွင့်ဖို့ ဗုဒ္ဓဘာသာသင်ခန်းစာတွေကို ကျောင်းမှာပြဌာန်းပြီး သင်ကြားဖို့ အလေးထားပြီး ကြိုးစားရမယ်။ ဘဘဦးဝင်းတင်တို့လို နိုင်ငံအတွက် ပေးဆပ်ခဲ့သူ အသက်ကြီးပေမဲ့ ဗုဒ္ဓယဉ်ကျေးမှုနဲ့ မနီးစပ်သူတွေအတွက်လည်း တမလွန်မှာ အပယ်လေးပါးမကျရောက်ရအောင် ဘ၀ကူးကောင်းအောင် ဗုဒ္ဓဘာသာအထူးရက်တိုသင်တန်းတွေဖွင့်ပြီး ကူညီပေးသင့်တယ်။ ဒါမှသာ ဘဘဦးဝင်းတင်လိုလူကြီးတွေ ကြီးမိုက်ကြီးတွေမဖြစ်ဘဲ လောကီရေးရာမှာသာမ လောကုတ္တရာရေးရာမှာပါ မျက်စိနှစ်ဖက်ပွင့်သူတွေဖြစ်ပြီး ရတနာသုံးပါးကို မပြစ်မှား မစော်ကားဘဲ ဘ၀ကူးကောင်းသူတွေ ဖြစ်လာမှာပါ။ -------------------------------------------------------------- "Buddhist Terror လို့လုပ်တာက တော်တော်ဆိုးပါတယ်။ ဒီပြဿနာက နိုင်ငံခြားက လူတွေက မွတ်ဆလင် ဘက်ကနေ လိုက်တယ် ဘာညာဆိုတာကတော့ ရှိနေတာပေါ့ဗျာ။ ဗုဒ္ဓဘာသာ ဘက်ကလည်း ၉၆၉ တို့ဘာတို့ ပေါ်လာတယ်ဗျာ၊ မွတ်ဆလင်မှာလည်း အစွန်းရောက်တွေ ရှိတယ်ဆိုတာ ဘယ်သူမှ ငြင်းမရဘူး။ တစ်ကမ္ဘာလုံးမှာ သတ်လိုက်တာမှ သူတို့ အချင်းချင်းလဲ သတ်နေတာပဲ။ ဗုဒ္ဓဘာသာမှာလည်း အစွန်းရောက်တာတွေ ရှိလာတယ်။ ၉၆၉ တို့ဘာတို့ ဆိုတာတွေ၊ ၀ီရသူ တို့တွေပေါ့၊အဲဒီလိုတွေ ပေါ်လာတာကတော့ မကောင်းဘူး။ လူတွေ ကြားထဲမှာ ပဋိပက္ခဆိုတာက ရှိတတ်တာပဲ၊ ပဋိပက္ခကို ပဋိပက္ခလိုပဲ ရှင်းရမည်။အဲဒါတွေကို ဖြေရှင်းဖို့ တရားဥပဒေ ထိရောက်ဖို့လိုတယ်။ အဲလိုမရှင်းပဲ ဘာသာရေး အကြောင်းပြတယ်၊ နောက်ပိုင်း ကြတော့ နောက်ကြောင်း ပြန်ချင်တဲ့ ကောင်တွေက ၀င်အသုံးချလိုက်တော့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ ခက်သွားတယ်။ ကျွန်တော်စိုးရိမ်တာက တိုင်းစ်မဂ္ဂဇင်းလို သြဇာအလွန်ကြီးတဲ့ မဂ္ဂဇင်းက ဦးဝီရသူပုံကိုပြပြီး မြန်မာပြည်ထဲက အကြောင်းတွေရေးတာ နာမည်ကလည်း တော်တော်ဆိုးတယ်၊ ကျွန်တော်က ကောင်းတယ်ဆိုးတယ်လို့ ပြောချင်တာ မဟုတ်ဘူး။ ဒီဟာကြီးရဲ့ အန္တရာယ် အတိုင်းအတာက ကြီးသွားပြီ။ ၀ီရသူတို့ရဲ့ တုန့်ပြန်မှုကလည်း ပြင်းထန်တော့မယ်၊ အဲလိုပဲ ၀ီရသူကို ဆန့်ကျင်တဲ့ လူတွေကလည်း ပြင်းထန်တော့မယ်။ ဒါကြောင့် ကျွန်တော်ထင်တယ် ၂ ဘက် ရန်လိုမှုကလည်း ပိုမြင့်တော့မယ်။" နိုင်ငံရေး အကျဉ်းသားဟောင်း သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် (၂၀၀၁ ခုနှစ် ရွှေကလောင်ဆုရှင်) Eleven Media Group
Posted on: Fri, 21 Jun 2013 23:15:50 +0000

Trending Topics




© 2015