SME Import လုပ်ငန်းအဖြစ် မြန်မာပြည်က စားသောက်ကုန်များကို စင်ကာပူတင်ပို့လိုသူများဟာ အစိမ်းသက်သက် Raw Material အဖြစ်ပဲ တင်ပို့နိုင်ပါသေးတယ်။ ဥပမာ မြန်မာပြည်က သရက်သီး၊ ငှက်ပျောသီး တွေကို စင်ကာပူတင်ပို့ချင်ရင် နံပါတ်(၁)အချက်ကတော့ အလုံးလှပခြင်း၊ အရွယ်အစားတူညီခြင်း၊ အညစ်အကြေးကင်းခြင်း စတဲ့ မျက်စိနဲ့ကြည့်ကောင်းဖို့ အရေးကြီးဆုံးဖြစ်ပါတယ်။ Vegetable Wash Machine ဆိုတဲ့ သစ်သီးဝလံ ရေဖြန်းဆေးကြောတဲ့ စက်တစ်ခုကို ဒေါ်လာ၂၀၀၀ လောက်ပေးရတာတောင် မြန်မာများ မဝယ်နိုင်သေးပါဘူး။ အကောက်ခွန်စရိတ်ကလည်း ဒေါ်လာ၂၀၀၀လောက် ကျသင့်နေတော့ သယ်စရိတ်သက်သာတောင် မြန်မာသစ်သီးဝလံထုတ်လုပ်သူများအတွက် ကွာလတီထိမ်းသိမ်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ စင်ကာပူက လက်ကားဈေးဆိုင်ကြီးများက လက်ခံဖို့ဖြစ်ပါတယ်။ လောလောဆယ်တော့ မြန်မာသစ်သီးဝလံများကို လက်ခံတဲ့ လက်ကားဈေးဆိုင်များ မရှိသလောက်ပါပဲ။ ကြိုးစားတင်ပို့နေသူများ မကြာခင်မြန်မာနိုင်ငံအစိုးရရဲ့ ပံ့ပိုးမှုရပြီး အောင်မြင်လာမယ်ဖြစ်ပါတယ်။ with Phyu Phyu K
Posted on: Wed, 05 Mar 2014 05:48:21 +0000
Trending Topics
Recently Viewed Topics
© 2015