Website - TopicsExpress



          

Website ရေးဆွဲချင်သူများအတွက် လေ့လာသင့်သော Website များ *********************************************** W3schools W3schools သည်ကမ္ဘာပေါ်တွင် နံပါတ်-၁ Website ဖြစ်ပြီး အခုမှစပြီးလေ့လာမည့်သူတွေအတွက် A to Z ရှင်းပြထားတဲ့ Website ကောင်းတစ်ခုဖြစ်ပါတယ်။ လေ့လာရန်အတွက် Tutorial မျိုးစုံတင်ထားပေးပါတယ်။ Web Language တွေဖြစ်တဲ့ HTML, CSS, (နောက်ဆုံးပေါ် html5, Css3) Javascript, PHP,ASP, XML, Ajax, jQuery စတာတွေကိုလေ့လာနိုင်မှာပါ။ w3schools မှာဝင်ရောက်လေ့လာလို့ရပါတယ်။ CodeSchool CodeSchool ကတော့အခုမှစလေ့လာမည့်သူတွေအတွက် အရမ်းရိုးရှင်းပြီးလွယ်ကူအောင် ပြုလုပ်ထားတာတွေနဲ့ ဖွဲ့စည်းထားပါတယ်။ iOS ပိုင်းလေ့လာချင်သူတွေအတွက်ပါအသုံးဝင်ပါတယ်။ လေ့လာနိုင်တာတွေကတော့ HTML, CSS, Ruby on Rails, Javascript, iOS စတာတွေဖြစ်ပါတယ်။ codeschool/ မှာလေ့လာနိုင်ပါတယ်။ CodeAcademy CodeAcademy ကတော့ w3schools ကိုအခြေခံထားတဲ့ w3schools ရဲ့ကိုယ်ပွား Website ဆိုရင်လည်းမမှားပါဘူး။ သူက w3schools လိုပဲလွယ်လွယ်ကူကူနဲ့သင်ယူလို့ရအောင်လုပ်ပေးထားပြီး Web Fundamentals ကနေ Development အပိုင်းထိသွားလို့ရအောင်ပြုလုပ်ပေးထားပါတယ်။ HTML, CSS, PHP, jQuery, Javascript, Python,Ruby စတာတွေကိုလေ့လာလို့ရမှာပါ။ codeacademy/learn ကိုသွားကြည့်လိုပ်ပါ။ Codeavengers Codeavengers ကလည်း CodeAcademy အတိုင်းလေ့လာလို့ရမှာပါ။ လေ့လာသူတွေအတွက်လွယ်ကူစွာလေ့လာနိုင်အောင်ပြုလုပ်ပေးထားပြီး ကျွမ်းကျင်ပြီး အတွေ့အကြုံများအောင်ပြုလုပ်ပေးနိုင်ပါတယ်။ Level 3 အထိပြီးသွားတဲ့သူတွေကတော့ကျွမ်းကျင်သွားတဲ့သူအဆင့်လို့သတ်မှတ်ရမှာပါ။ Codeavengers မှာတော့ HTML, CSS, HTML5, CSS3) Javascript တွေကိုလေ့လာလို့ရမှာပါ။ codeavengers/ မှာလေ့လာလို့ရပါတယ်။ TeamtreeHouse TeamtreeHouse ဆိုတဲ့ Website ကတော့ CodeSchool လိုပုံစံတူ Website ပါပဲ။ အခုမှစလေ့လာသူတွေအတွက်လေ့လာလို့ကောင်းတဲ့ Website တစ်ခုပါ။ လေ့လာသူတွေအနေနဲ့ဘာတွေကိုသိထားသင့်တယ်၊ ဘာတွေကိုသင်ယူထားသင့်တယ်ဆိုတာကိုရှင်းပြပေးထားတယ်။ HTML, CSS, iOS, Android, Wordpress စတာတွေလေ့လာလို့ရမှာပါ။ teamtreehouse/ ကိုဝင်ကြည့်ပြီးလေ့လာကြည့်ပါ။ Dreamincode နောက်ဆုံးတစ်ခုအနေနဲ့ Dreamincode ဆိုတဲ့ Website ပါ။ Developers and Progreammers တွေအတွက်အရမ်းသင့်တော်ပါတယ်။ Developers တွေ Progreammers တွေကဒီ Website မှာပဲလေ့လာကြတာများပါတယ်။ dreamincode.net/ မှာဝင်လေ့လာလို့ရပါတယ်။
Posted on: Sat, 08 Jun 2013 06:16:55 +0000

Trending Topics



Recently Viewed Topics




© 2015