ကမ္ဘာ့အလှမယ် - TopicsExpress



          

ကမ္ဘာ့အလှမယ် ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်နှစ်ဦး သွားရောက် ယှဉ်ပြိုင်မည် ကုန်သည်ကြီးများ ဟိုတယ်မှာ ကမ္ဘာ့အလှမယ် ပြိုင်ပွဲများဖြစ်သော Miss Supranational 2013 နဲ့ Miss Grand International 2013 ပြိုင်ပွဲကြီးများကို မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကြမယ့် အလှမယ်နှစ်ဦးကို သရဖူ ပေးအပ်ချီးမြှင့်ခြင်းနဲ့ စာနယ်ဇင်းမီဒီယာများနဲ့ မိတ်ဆက်ခြင်း အခမ်းအနားတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ Miss Supranational Myanmar Organization က ကမ္ဘာ့ အသက်အငယ်ဆုံး National Director(Pagent Franchisee) များဖြစ်တဲ့ ကိုဝေယံအောင်နဲ့ ကိုဟန်ဇော်လတ်တို့က ကမ္ဘာ့အဆင့် အလှမယ်ပြိုင်ပွဲများဖြစ်တဲ့ Miss Supranational နဲ့ Miss Grand International ပြိုင်ပွဲကြီးများအတွက် မြန်မာနိုင်ငံက တရားဝင် နှစ်စဉ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရအောင် ကြိုးပမ်းခဲ့ပုံ၊ နိုင်ငံကိုယ်စားပြုပြီး သွားရောက်ယှဉ်ပြိုင်ကြမယ့် Miss များကို အဆင့်ဆင့် ရွေးချယ်ခဲ့ရပုံ၊ ရွေးချယ်ထားတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုကြမယ့် အလှမယ် နှစ်ဦးကို နိုင်ငံတကာ ပြိုင်ပွဲကြီးများအတွက် စနစ်တကျ သင်ကြားပေးခဲ့ရပုံများကို ရှင်းလင်း ပြောဆိုခဲ့ပါတယ်၊ Miss Supranational Myanmar Organization က Miss Supranational Myanmar 2014 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံမှာ ခမ်းနားကြီးကျယ်စွာနဲ့ ကျင်းပပြုလုပ်သွားမှာ ဖြစ်တာကြောင့် ယခုလို မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်များကို ရွေးချယ်ပြီး နိုင်ငံတကာသို့ အတွေ့အကြုံများ ရရှိစေရန် သွားရောက်ယှဉ်ပြိုင်စေတာ ဖြစ်ကြောင်း၊ ဒီလို သွားရောက် ယှဉ်ပြိုင်နိုင်အောင်လည်း နိုင်ငံတကာမှာရှိတဲ့ အဖွဲ့အစည်း အသီးသီးတို့နဲ့ ကျိုးစားချိတ်ဆက်ပြီး ဆောင်ရွက်ခဲ့တာ ဖြစ်သလို ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံတွင် လက်ခံကျင်းပမယ့် Read more => todaymyanmar.net/2013/08/blog-post_455.html
Posted on: Sun, 18 Aug 2013 14:20:40 +0000

Trending Topics



v>
x; min-height:30px;"> Matthew 25:13 (KJV) 13 Watch therefore, for ye know neither the

Recently Viewed Topics




© 2015